ခံစားမှုအားလုံးပြီးဆုံးသွားသော အသိကို အချစ်ဟု ပြောမည်ဆိုလျှင် ... အချစ်ဆိုသောခံစားမှု ပြီးဆုံးခဲ့ပြီဟူသော အသိသည် သူ့အတွက် အရာရာဖြစ်ခဲ့ပြီ။ ညချမ်းက လေးနက်လှပသော မိန်းမပျိုတစ်ယောက်၏ အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်။ ထိုညများအတွင်း မိန်းမော အိပ်စက်နေခြင်း မရှိသော လူသား တစ်ယောက်အတွက် အချစ်ကို ဘိန်းမုန့်တစ်ချပ်၏ မျက်နှာပြင်မှ ကွာကျသွားသော မြေပဲစေ့လေး တစ်စေ့အား နှမျောမိသည့် ခံစားချက်ပမာသာ ရံဖန်ရံခါ တမ်းတမိပါလိမ့်မည်။ သို့သော် သူက ဘိန်းမုန့်ကိုမူ မြိန်ရည်ရှက်ရည် စားသုံးနေဆဲ ဖြစ်သည်။ ဆုံးရှုံးသွားသော မြေပဲတစ်စေ့အတွက် အလွန်အကျွံ ၀မ်းနည်းဟန်ပြနေလျှင် ကျန်ရစ်သောမြေပဲစေ့များ၏ ဗိုက်တာမင်ပမာဏကို စော်ကားရာကျလိမ့်မည်ဟု သူကယူဆသည်။ သို့သော် လေးနက်လှပသော မိန်းမပျိုကတော့ သူ၏ အယူအဆကို တစ်စုံတရာ မှတ်ချက်ချလိမ့်မည် မဟုတ်ပါ။
ညနက်များ၏ လေးနက်သောအလှအပကို လျစ်လျူရှုသည့်အတွက် နေ့အိပ်မက်ဂယောက်ဂယက်များကို ခံစားရလိမ့်မည်မှာတော့ သေချာသည်။ ဤအတွက် ကိစ္စမရှိပါ။ ကျကျန်ခဲ့သော မြေပဲစေ့လေး၏ အရသာသည် မည်သို့များရှိလိမ့်မလဲ တွေးနေစဉ်အတွင်း ပါးစပ်ထဲရှိ ဘိန်းမုန့်၏ ခပ်ဆိမ့်ဆိမ့် အရသာကိုတော့ သူ၏လျှာပေါ်တွင် ခံစားနေရသည်။ ည၏ အိပ်ပြစ်ချင်စရာ မရှိလောက်အောင် လှပနေသည့် တစ်နေရာတွင် သူရောက်ရှိနေခဲ့ပါသည်။ နိုးရက်သား မက်နေခဲ့သော အိပ်မက်များ၏ တစ်ထောင့်တစ်နေရာတွင် လစ်ဟာမှုများ ရှိနေနိုင်သည်မှာ သဘာဝကျပါသည်။ လေးနက်လှပသော မိန်းမပျိုက နံနက်ခင်းနေရောင်ခြည်အတွင်းသို့ တဖြည်းဖြည်း ၀င်ရောက်ပျောက်ကွယ်သွားချိန်တွင်ပင် သူက နေ့အိပ်မက်များကြား အလူးအလဲအိပ်မောကျဖို့ ပြင်ဆိုင်လိုက်သည်။ မြေပဲစေ့လေးတစ်စေ့ မြေခသည့်ကိစ္စသည် နေ့နှင့်ညကြား ထူးခြားပြောင်းလဲမှုတစ်စုံတရာ မဖြစ်ပေါ်စေခဲ့ပါ။
◄ တေဇာ ► အောက်တိုဘာ (၅) ၂၀၀၉
◄ တေဇာ ► အောက်တိုဘာ (၅) ၂၀၀၉
ကျွန်တော်၏ လေးစားရသော ကိုတေဇာကြီး.လည်း..နီလိုက်..ပြာလိုက်...မှောင်လိုက်...လင်းလိုက်....။
ReplyDeleteလမ်းကြောင်းတခုတော့ အချိန်တန်ရင် တွေ့လာရမှာပါ....:)
လမ်းလျှောက်ရင်း လမ်းပျောက်သွားကြတဲ့ နှလုံးသားများအသင်္ချေ.... ♪♪♪ ဒန်တန်တန်.. ♫♫♫
ReplyDelete