Skip to main content

“လူသည် မသေမျိုး ... ???”

၂၀၂၉ ခုနှစ်တွင် လူသားများ မသေမျိုးဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များပြောကြား

စက်တင်ဘာ (၂၄) ၂၀၀၉

အနာဂတ္တိအမေရိကန်သိပ္ပံရှင်များက နာနိုတက္ကနိုလော်ဂျီ နှင့် ခန္ဓာဗေဒကို ပိုမိုနားလည်လာခြင်းများမှ နောက်နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်းမှာပင် လူသားများသည် “မသေမျိုး” (Immortal) ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။

ရှေးဆယ်စုနှစ်များ၏ အနာဂတ် နည်းပညာများကို ခန့်မှန်းတွက်ချက်သူ ရေး ကာ့ဇွီ (Ray Kurzwei) က “ကျွန်တော်နဲ့ တခြားသိပ္ပံပညာရှင်အများအပြားဟာ နောက်နှစ်ပေါင်း ၂၀ ၀န်းကျင်လောက်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ပရိုဂရမ်ရေးဆွဲ (Reprogramme) နိုင်မယ့် ကျောက်ခေတ်ဆော့ဝဲ (Stone-age Software) ခေါ်တဲ့ နည်းလမ်းကို ရရှိလိမ့်မယ်လို့ အခု ယုံကြည်နေကြပါတယ်။ ဒီလိုဆိုရင် အသက်အရွယ်ကြီးရင့်မှုကို ပြောင်းပြန်လှန်ပြီး ရပ်တန့်စေနိုင်ပါလိမ့်မယ်။ နာနိုတက္ကနိုလော်ဂျီက ကျွန်တော်တို့ကို အမြဲတမ်းအသက်ရှင်သန်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။

အသက် ၆၁ နှစ်အရွယ်၊ မိုက်ခရိုဆော့ဖ်နာယက ဘီလ်ဂိတ်ကိုယ်တိုင်က ကမ္ဘာပေါ်ရှိ ဉာဏ်ရည်အထက်မြက်ဆုံး အနာဂတ္တိဆရာလို့ ချီးကျူးထောပနာပြုခံရတဲ့ သိပ္ပံပညာရှင်ကြီးက “ကျွန်တော်တို့ဟာ လူ့သမိုင်းရဲ့ စိတ်လှုပ်ရှား စရာအကောင်းဆုံး ကာလတစ်ခုကို ဖြတ်သန်းရှင်သန်နေကြပါတယ်” ဟု ပြောကြားခဲ့သည်။

“ကွန်ပြူတာ နည်းပညာ၊ မျိုးရိုးဗီဇအကြောင်း ကျွန်တော်တို့ရဲ့နားလည်မှုနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ပုံဆော့ဝဲပရိုဂရမ်တွေဟာ မယုံနိုင်စရာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်”

♀ ♀ ♀ ♀ ♀

အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ

လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက်

နည်းပညာဆိုင်ရာစွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု

ဆိုပါသည်။

♀ ♀ ♀ ♀ ♀

ဆဲလ်ပမာဏသာရှိတဲ့ နာနိုဘော့ထ် (Nanobot) လို့ခေါ်တဲ့ သွေးရည် ရေငုပ်သင်္ဘောလေးတွေကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ပြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါသည်။ ဤနာနိုဘော့ထ်ကို အကျိတ်အခဲတွေကို ဖျက်ဆီးချေဖျက်ခြင်းနဲ့ ခွဲစိတ်ကုသမှုတွေမှာ အမာရွတ်မထင်အောင် လုပ်ဆောင်ရာမှာ မကြာခင်အသုံးချနိုင်တော့မည် ဖြစ်ပါသည်။ “အဆုံးစွန်ပြောရရင် နာနိုဘော့ထ်တွေကို လူရဲ့ သဘာဝသွေးဆဲလ်တွေ နေရာမှာအစားထိုးပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကို အဆပေါင်းထောင်ချီပြီး တိုးပွားလာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားသည်။

အရှိန်မြင့်တန်ပြန်ကျိုးဥပဒေသ (Law of Accelerating Return) ဟု ခေါ်သည့် သူ၏သီအိုရီအရ လူသားများသည် ရှေ့လာမည့် (၂၅) နှစ်မှာ တူညီတဲ့ကုန်ကျစရိတ်အတွက် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆပေါင်းသန်းထောင်ချီ မြှင့်တင်နိုင်လိမ့်မည်ဟု ဆိုပါသည်။

နာနိုတက္ကနိုလော်ဂျီသည် လူသားကို မသေမျိုးအဖြစ် အောင်မြင်မှုရအောင် ကူညီလိမ့်မည်ဟု ကာ့ဇွီက ဆိုသည်။ “ဒီရာစုနှစ်ရဲ့ အလယ်ပိုင်းလောက်မှာ ကျွန်တော်တို့ကို ဘယ်သူတွေဖြစ်တယ်ဆိုတာကို ပုံဖော်ပေးတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ဦးနှောက်တွေရဲ့ အချက်အလက်မိတ္တူတွေကို သိမ်းဆည်း (Back-up) နိုင်ပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ တကယ်ကို မသေမျိုးဖြစ်ပြီပေါ့”

“နာနိုတက္ကနိုလော်ဂျီဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ကျယ်ပြန့်တိုးပွားလာစေ ပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို မိနစ်ပိုင်းအတွင်း ရေးသားနိုင်စွမ်းလိုမျိုးပေါ့” “ပုံရိပ်ယောင်အစစ်အမှန် (Virtual-reality) အခြေအနေကို သွားချင်သပဆိုရင်လည်း နာနိုဘော့ထ်တွေက ဦးနှောက်ရဲ့အချက်ပြမှုတွေကို ပိတ်ပစ်ပြီး မိမိသွားလိုရာ ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားပါလိမ့်မယ်။ ပုံရိပ်ယောင်လိင်ကိစ္စဟာ (Virtual Sex) ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ပုံဖော်ပြတဲ့ “ရုပ်ကြွ” (Hologram) ပုံရိပ်တွေ ဦးနှောက်မှာ ထင်ဟပ်လာပါလိမ့်မယ်” ဟု သူကဆိုသည်။

ဒါ့အပြင် သိပ္ပံပညာရှင်များက အနာဂတ်တွင် လူသားသည် အတုပြုလုပ်ထားသော အရိုး၊ ကိုယ်တွင်းအင်္ဂါများဖြင့် “လူတစ်ပိုင်းစက်တစ်ပိုင်း” (Cyborg) များဖြစ်လာကြလိမ့်မည်ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။

◄ တေဇာ ►
Source: 'Man to become immortal by 2029': Scientist ကို ဘာသာပြန်ဆိုပါသည်။

Comments

  1. ကယ်လား...
    ကောင်းလဲကောင်းသလို...
    မကောင်းလဲမကောင်းဘူး...

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ