
သို့သော် အဆိုပါပလီစိချောက်ချက် အိပ်မက်ကြီးမှာ လီပါပူးရှုံးသောညက ကစဥ့်ကလျားဖြစ်သွားရလေသည်။ တကယ်တော့ ဘောလုံးနှင့် စတော့ခ်ရှယ်ယာ သိပ်တော့မဆိုင်လှပါ။ ဆင်ခြင်တုံတရားအားနည်းသူတို့၏ ထုံးစံအတိုင်း Depression ကို ဇောက်ထိုးမိုးမျှော်ဝင်တတ်သည့် အကျင့်ဆိုးတစ်ခုသာ ဖြစ်ပေမည်။ မျှော်လင့်ချက်ကြီးစွာ Download ဆွဲထားမိသော စတော့ဈေးကွက်သီအိုရီ၊ ဥပဒေသ၊ ကလိမ်ကကျစ် ထမီလစ်နည်းလမ်းများ (Tips & Tricks)၊ အုံးခနဲချမ်းသာနည်း၊ ဘုံးခနဲမပြုတ်ကျရန် ကာကွယ်ပုံ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အယူအဆများ.... စသည်တို့နှင့်ပတ်သက်သည့် တောင်လိုပုံနေသည့် စာရွက်စာတမ်း၊ File Format သောင်းပြောင်းထွေလာဖြင့် သိမ်းဆည်းထားသော Documents များ...၊ ဤမည်သော မဟာမြင့်မိုရ်အစုအဝေးကိုကြည့်ပြီး စားနေသည့် ချာပါတီလေးပါ နင်သွားသဖြင့် Coke ဖြင့်အမြန်မျှောချရသည်။ တကယ်တော့ ကျွန်တော်သည် ဘယ်လက်တစ်ဘက်တည်းဖြင့် မိမိ၏နာမည်ကို ရေးထိုးခဲ့သူသာဖြစ်ပေသည်။ ညာဘက်လက်ညှိုး၏ စွမ်းအားတို့သည် လက်တကမ်းတွင်ပင် ဝေးမြဲဝေးဆဲ ရှိနေပါသေးသည်။ အခုတော့ ထင်ရှားသည့်အမှတ်အသားမရှိသော “တစ်နေ့နေ့” ဟူသည့်စကားလုံးကိုသာ ရှူဆေးဗူးတစ်ဗူးလို ထုတ်ထုတ်ရှူနေရဦးမည်...။ ဤသည်ပင် ထိုရောဂါသက်သာစေသည့် တစ်ခုတည်းသော ဆေးတော်ကြီး ဖြစ်ပေတော့သည်။
◄ တေဇာ ► အောက်တိုဘာ (၄) ၂၀၀၉
တခြားစာတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုစာမျိုး ပိုအရေးကောင်းတယ် ထင်တယ်။ =)
ReplyDeleteတေဖာ ..ခိခိ....
ReplyDeleteဘယ်လက်နဲ့ ရေးကြည့်တာ...
tazar tazar အယ်...အင်္ဂလိပ်လိုရေးတော့ မဆိုးဘူးဟ...သူ့ဟာနဲ့ သူတော့ မဆိုးဘူး ...အဟား...
ဒီလိုအရေးအသားတွေကြောင့် အေဘီသွေးတွေတော်တယ်ဆိုတာ ဘယ်လိုမှငြင်းမရဖြစ်နေတာ....
ReplyDelete