Skip to main content

အထီးကျန်ခြင်းအား ကုစားရန် လို/မလို . .

ချီကာဂို တက္ကသိုလ်မှ သုတေသန အသစ် တစ်ရပ်တွင် အထီးကျန် ဝေဒနာအား ဖြေလျှော့ ကုစားရန် ပိုမို ပညာသားပါသည့် နည်းလမ်းတစ်ခု အတွက် အထောက်အထား အချို့ တွေ့ရှိခဲ့ရသည်။ အထီးကျန် ဝေဒနာသည် များအား ၎င်းတို့၏ မူလ၀န်းကျင် အတွင်းသို့ပင် ပျော်ဝင် စီးမျောသွား နိုင်ရန် ဖန်တီးပေးခြင်းဟု ဆိုနိုင်ပါလိမ့်သည်။

ဇီဝဗေဒ ပုံတူပွားများ (လူ၊ တိရိစ္တာန် စသည်) ဖြည့်ဆည်း ပေးခြင်းသည် အထီးကျန် ဝေဒနာအား လျှော့ချရန် အလွန် ထိရောက်လှသည်ဟု မဆိုနိုင် သော်လည်း လူတို့ကို (တကယ် မဟုတ်ဘဲ) ထိုသို့ ထင်မြင်လာအောင် ပြုပြင်လှည့်စားနိုင်သည်ဟု ချီကာဂို တက္ကသိုလ်မှ အပြူအမူ သိပ္ပံပညာရှင် Nicholas Epley က ဆိုသည်။ အခြား လူအများနှင့် ဆက်သွယ်ချက် အာရုံ ကင်းမဲ့သော အခြေအနေတွင် လူတို့သည် အိမ်မွေးတိရိစ္ဆာန်၊ ကိရိယာပစ္စည်း တစ်ခုခု၊ သို့မဟုတ် လူတူ နတ်ဘုရားများနှင့် ကျွမ်းဝင်လာနိုင်ချေ ပိုများသည်ဟု ၎င်းက ဆိုသည်။

§ § § § § § §


ထိုအရာမှာ လူမှုသိပ္ပံပညာရှင်များက “လူဇာတ်သွင်းခြင်း” (Anthropomorphism) ဟုခေါ်သည့် တိမ်းညွတ်မှု တစ်ခု ဖြစ်ပါသည်။ သုတေသနခေါင်းစဉ်တစ်ခုအနေဖြင့်မူ ယင်းဖြစ်စဉ်သည် အရေးပါသော ကုသရေးနည်းလမ်းများနှင့် လူမှုဆိုင်ရာ အကျိုးဆက်များကို ဖော်ဆောင်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

အဆိုပါ စာတမ်းတွင် ဖော်ပြခဲ့သော လူဇာတ်သွင်းခြင်းနှင့် ပတ်သက်သည့် အပြုအမူများထဲတွင် “အထီးကျန်ခြင်း” ကိစ္စတစ်ခုတည်းကို ကန့်သတ်ထားခဲ့ခြင်း မရှိသော်လည်း ၎င်းမှာ ကြောင်အများအပြားနှင့် တစ်ကိုယ်တည်း နေထိုင်သော အမျိုးသမီးလို လူမျိုးများမှ သင်္ဘောပျက်ပြီးနောက် လူသူမနီး ကျွန်းပေါ် သောင်တင်သွားသော ရုပ်ရှင်ဇာတ်ကားမျိုးအထိ စေ့စေ့ငုငု လေ့လာခဲ့ကြသော နာမည်ရှိ သုတေသီများမှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ကျွန်းပေါ်တွင် တစ်ယောက်တည်း သောင်တင်ခဲ့သည့် ရုပ်ရှင်တွင် မင်းသား Tom Hanks က လူမှုဆက်နွယ်ချက်များ ခြောက်သွေ့ကင်းမဲ့ပြီး အထီးကျန်သွားခြင်းမှာ သူရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံများနှင့် ယှဉ်သော် စိုးရိမ်ဖွယ်အကောင်းဆုံး စိန်ခေါ်မှုတစ်ခုဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း ချီကာဂိုတက္ကသိုလ်မှ Cacioppo က ဆိုသည်။ အဆိုပါ ရုပ်ရှင်မှာ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်သော်လည်း နက်နဲသည့် အမှန်တရားတစ်ခုဟု ဆိုနိုင်သည့် ခေတ်သစ် လူသားမျိုးနွယ် (Homo sapiens) ၏ ချုပ်ထိန်းထား၍မရသော ရုန်းကြွနေသည့် လူမှုသဘာဝ (အများနှင့် နေလိုစိတ်) အား ဖော်ကျူးသွားနိုင်သည် ဆို၏။

တစ်ကိုယ်တည်း လူများမှာ ၎င်းတို့၏ လူမှုဆက်ဆံရေး ချို့တဲ့မှု (ဆက်ဆံရေးမကောင်းခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ လူအများနှင့် ဆက်ဆံမှု နည်းပါးခြင်းကိုသာ ဆိုလိုသည်) အား ထေမိစေရန် လက်စွဲပစ္စည်း၊ အိမ်မွေးတိရိစ္ဆာန် သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်များတွင် ယုံကြည်စိတ် တိုးပွားလာခြင်း စသည့် အလေ့အကျင့်များ အားဖြင့် အစားထိုးရန် ပိုမိုလွယ်ကူသည်ဟူသော ယူဆချက်အား စမ်းသပ်ရန် သုတေသီများက လက်တွေ့စမ်းသပ်ချက် သုံးရပ်ကို ပုံစံချခဲ့သည်။ စမ်းသပ်ချက်တစ်ခုတွင် လက်စွဲပစ္စည်း တစ်ခုအား စိတ်ကူးဖြင့် ပုံဖော်ရာတွင် ရရှိသည့် စိတ်အခြေအနေနှင့် လူအစစ်တစ်ဦးအား ဆက်ဆံရာတွင် ရရှိသည့် စိတ်အခြေအနေတို့အကြား ခံစားပုံနည်းလမ်းနှင့်၊ တိမ်းညွတ်မှုများတွင် ပြန်လှန် ဆက်နွယ်မှုများ ရှိသည်ကို တွေ့ရှိခဲ့ရသည်။

နောက်ထပ် စမ်းသပ်မှုတစ်ခုတွင်မူ လူတို့အား အထီးကျန်အဖော်မဲ့နေသည့် အချိန်တစ်ခုအကြောင်း ချရေးခိုင်းပြီး အဖော်မဲ့ခြင်းအား စမ်းသပ်ခန်းအတွင်းပင် ခံစားလာရအောင် လုပ်ဆောင်ခဲ့လေသည်။ ဤအခြေအနေတွင် စမ်းသပ်ခံ လူများသည် သဘာဝလွန်အရာများဖြစ်သည့် ဘုရား၊ နတ် သို့မဟုတ် အံ့ဖွယ်တန်ခိုးများနှင့် ပတ်သက်၍ အဖော်မဲ့မဟုတ်သည့် အချိန်ကထက် ပိုမို ယုံလွယ်လာကြကြောင်း တွေ့ရှိခဲ့ရသည်။ လူတို့အား အထီးကျန်ခြင်း ခံစားရစေရန် လုပ်လိုက်ခြင်းဖြင့် သူတို့သည် မိမိပိုင် မဟုတ်သော်မှ အိမ်မွေးတိရိစ္ဆာန်လေးများ အကြောင်း ဖွဲ့ဆိုမိဖို့ ပိုမိုလွယ်ကူလာသည်ဟု ဆိုသည်။ ဤသည်မှာ လူမှုဆက်သွယ်ချက်များနှင့် နွယ်သည့် လူတစ်ယောက်နှင့် ဆက်ဆံနေရသကဲ့သို့သော စိတ်အခြေအနေမျိုး ရရှိသွားခြင်းကြောင့် ဖြစ်ပါသည်။ အလေးအနက် တွေးဆချင့်ချိန်မှုနှင့် ဂရုဏာပါသော သဘောထားရှိသည့် စိတ်အခြေအနေမျိုးကို ဆိုလိုသည်။

မည်သည့် အနုတ်လက္ခဏာဆောင် ခံစားချက်မှ ဤသို့ အကျိုးဆက်မျိုး ထွက်ပေါ်စေခြင်း မရှိကြောင်း သုတေသီများက ထပ်လောင်း ပြောဆိုသည်။ ဤသည်မှာ တစ်ကိုယ်တော် ခံစားချက်နှင့် ပတ်သက်ပြီး ထူးခြားချက်တစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် “အကြောက်တရား” သည် ဆိုခဲ့ပါ ဘုရား ယုံကြည်မှု၊ အိမ်မွေးတိရိစ္ဆာန်အကြောင်း ပြောဆိုခြင်း စသည့်အရာများကို တိုးပွားစေမည် မဟုတ်ပါ။

တစ်ဖက်တွင်လည်း အထီးကျန်ခြင်းသည် နာကျင်ကြေကွဲဖွယ်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်ပြီး အဆုံးစွန် ပြောရလျှင် သေပင်ပေစေနိုင်သည်။ တကယ်တမ်းတွင် အထီးကျန်ခြင်းသည် စီးကရက်သောက်ခြင်းထက်ပင် သေကြေပျက်စီးစေနိုင်ချေ ပိုသည့် အန္တရာယ်ရှိ ကပ်ရောဂါတစ်မျိုးလည်း ဖြစ်သည်။ တစ်ကိုယ်တည်း နေရခြင်းသည် လူသားတစ်ယောက်အတွက် ဆိုးရွားသည်။ သို့ရာတွင် နတ်ဘုရား သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်များအား လူဇာတ်သွင်းခြင်းအားဖြင့် လူအစစ်များနှင့်  ဆက်ဆံခြင်းကဲ့သို့ပင် တူညီသည့် ရုပ်ပိုင်း၊ စိတ်ပိုင်း အကျိုးကျေးဇူးများ အမှန်တကယ် ရရှိစေနိုင်ပါသည်။ ခြွင်းချက် အနေဖြင့်  လက်စွဲပစ္စည်းများအား လူဇာတ်သွင်းခြင်းတွင်မူ တူညီသည့် အကျိုးကျေးဇူးများ မရရှိနိုင်ကြောင်း Epley ၏ လေ့လာမှုတွင် တွေ့ရှိရသည်။

ကျွန်တော်တို့၏ ဦးနှောက်မှာ လူစင်စစ်ဟုတ်မဟုတ် အတိအကျ ဆုံးဖြတ်ရန်အထိ နုရွနေသည် မဟုတ်ရာ ဤသို့ လူမဲ့ဆက်သွယ်ချက်များမှာ စွမ်းအားကြီးလှသည်ဟု ဆိုနိုင်သည်။ ၎င်းသည် လူ့အရည်အသွေးနှင့် ဆိုင်သည့် အကျိုးများသည့် အရည်အချင်းတစ်ခုဟုဆိုလျှင် လူသားများတွင် ရှိအပ်သော ကောင်းမွန်သည့် အရည်အသွေး တစ်ရပ်ဟုသာ ဆိုရပါမည်။

ထို့ပြင် လူဇာတ်သွင်းခြင်း၏ ပြောင်းပြန်မျက်နှာစာဖြစ်သော လူဇာတ်ဖျက်ခြင်းကိစ္စအားလည်း တူးဆွလေ့လာ ခဲ့သည်။ လူမှုဆက်သွယ်ချက်များအား အာရုံခံစားမှုတွင် စိတ်ဓာတ် ပြင်းပျပျော်ရွှင်သူများ (လူကြားသူကြား နေရခြင်းအား နှစ်သက်သူများ) သည် မိမိနှင့် အသွင်မတူသည့် လူများအပေါ် လူဟု အသိအမှတ်ပြုသော စိတ်အခြေအနေမျိုး ထားရန် ခက်ခဲသည်ကို တွေ့ရသည်။ ထင်ရှားသည့် သာဓကအနေဖြင့် သမိုင်းကို ပြန်လှန်ကြည့်လျှင် စစ်ပွဲကာလများ၌ အားကောင်းသော အမျိုးသားရေးဝါဒ အသိမျိုး၊ သို့မဟုတ် အစုအဖွဲ့မျိုးများ ပေါ်ပေါက်လာတတ်ကြောင်း တွေ့နိုင်ပါလိမ့်မည်။ အစုအဖွဲ့ စွဲ ပြင်းထန်ခြင်း လက္ခဏာသည် ဆန့်ကျင်ဘက်မျက်နှာစာတွင် လူဇာတ်ဖျက်ခြင်း အမှုအား မီးတို့ပေးသည့်အရာတစ်ခု ဖြစ်သည်ဟု Epley က ထောက်ပြခဲ့သည်။ နိဂုံးချုပ် ဆိုရသော် အထီးကျန်ခြင်းအား ရောဂါတစ်ရပ်ပမာ သဘောထား၍ အမြဲတစေ ကုသဖို့ လိုမည်ဟု မယူဆနိုင်ကြောင်း တွေ့ရှိရပေသည်။

◄ တေဇာ ► မတ်လ (၈) ရက်

Comments

  1. တခါတလေ.. လူတောထဲမှာနေနေရင်းနဲ့ကို အထီးကျန်နေရသလိုမျိုး ခံစားရဘူးတယ်။
    တခါတလေကျတော့လည်း..တစ်ယောက်ထဲနဲ့ကို ကျေနပ်ပျော်ရွှင်နေမိ ပြန်ရော..။
    ဒီပို့စ်ကို ဖတ်ပြီး စဉ်းစားမိတာက...
    လူတွေပဲ အထီးကျန်တတ်တာမျိုးလား...?
    တိရစ္ဆာန်တွေကရော.. အထီးကျန်စိတ်ဖြစ်တတ်လား..?

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”