Skip to main content

“တစ်ခန်းရပ်”


§ § § § § § §

မုန်တိုင်းစဲသည့် နေ့တချို့တွင် ကျွန်တော် စကားအများကြီး ပြောခဲ့ပြီးပါပြီ။ ထို့ကြောင့် ယခုသော် ကျွန်တော့်အား နှုတ်ဆိတ်ခွင့် ပြုကြပါတော့ . . .။ သဘာဝကျစွာပင် မျှော်လင့်ထားသည့် မုန်တိုင်းများ ပြန်လည် ၀င်ရောက်ခဲ့ပါပြီ။ Blogging, Facebooking, G Talking စသော အလုပ်များအား ၃၆၅ ရက်ထက် မနည်းသော ခဏတာမျှ ရပ်နားပါဦးမည်။ လာရောက် ဖတ်ရှုခဲ့ကြခြင်း အတွက် အပိုအလိုမရှိ ကျေးဇူးတင်ပါသည် မိတ်ဆွေများ . . . ။ လရိပ်ကျနေသော နေရာများ လွန်မြောက်ခဲ့လျှင် ကျွန်တော် ပြန်ရောက်လာနိုင်ဦးမည် မျှော်လင့်ပါသည်။

ရိုးသားစွာဖြင့် . . .

◄ တေဇာ (လရောင်လမ်း) ► မတ်လ (၁၄) ရက်၊ ၂၀၁၀

§ § § § § § §

Comments

  1. စိတ်ပညာဆောင်းပါးတွေ ဘယ်သူ ဘာသာပြန်ပေးမှာလဲ...။ ဘယ်သူမှမဖတ်တဲ့ ဆရာမြင့်ရဲ့ ဝတ္ထုတိုတွေ ဘယ်မှာ သွားဖတ်ရမှာလဲ..။

    မုန်တိုင်းတွေကို ဆင်ခြင်ခြင်းနဲ့ ကျော်ဖြတ်နိုင်ရန် မျှော်လင့်လျှက်.................

    ReplyDelete
  2. မုန်တိုင်းတွေဆိုတော့လည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မုန်တိုင်းတွေမြန်မြန်စဲပြီးစာမြန်မြန်ပြန်ရေးနိုင်ပါစေလို့
    ဆုတောင်းပေးနေပါတယ်။


    အမြဲစာလာဖတ်ဖြစ်ပါတယ်.Comment တစ်ခါမှရေးဖြစ်ပါဘူး။
    ဒီတစ်ခါတော့စာဖတ်ပရိတ်သတ်အနေနဲ့ ပြန်အလာကိုစောင့်နေမဲ့အကြောင်းရေးဖြစ်ခဲ့ပါတယ်။
    စာအရေးအသားများကိုလေးစားလျှက်..

    ReplyDelete
  3. really feel sorry :).......... wish you to overcome the stormy days and be happy !!!

    ReplyDelete
  4. နားတာလည်း နားပေါ့ဗျာ။ ဘလော့ဂ်ကို ပိတ်မထားတာပဲ ကျေးဇူးတင်ရတယ်။ ခင်ဗျားရေးတဲ့ စာတွေ မကြေသေးလို့ အေးအေးဆေးဆေးဖတ်ရသေးတာပေါ့ ။ မုန်တိုင်းအလွန်မတော့ ခင်ဗျားအရေးအသားတွေ ပြန်ဖတ်ရဖို့ စိတ်ချနေမယ်ဗျ။ ဖတ်ပြီးခဲ့သမျှတွေအတွက် ကျေးဇူးဗျာ။

    ReplyDelete
  5. အားလုံးဟာ မုန်တိုင်းဒဏ်ကို တနည်းမဟုတ်တနည်း ခံနေရကြတာချည်းပါပဲ။ အပေါ်ကတစ်ယောက်ပြောသလို ရေးပြီးသားစာတွေ အေးအေးဆေးဆေးဖတ်ရတာပေါ့။ ရေးတဲ့စာတွေတင်ဖို့ မုန်တိုင်းစဲအောင်တော့ စောင့်မနေပါနဲ့လေ။ မုန်တိုင်းက အသက်ရလာတာနဲ့အမျှ ပိုကြမ်းလာသလိုပါပဲ။ မျှော်လင့်ထားသောမုန်းတိုင်းဆိုတော့ ပြင်ဆင်မှုတွေရှိနေမယ်လို့ ယုံကြည်ပါတယ်။ (သိပ်မကြာပါနဲ့လေ...)။
    လရောင်တစိတ်တဒေသရနေသေးတယ်။ တနေရာမှာ တွေ့ရလိမ့်မယ် မျှော်လင့်ရတာပဲ။
    ဘာပဲဖြစ်ဖြစ် လအပြည့်နဲ့ လရောင်လမ်းမှာ လရောင်စာတွေကို ဖတ်ချင်ပါသေးတယ်။ လောလောဆယ်တော့ အဟောင်းတွေဖတ်နိုင်ဖို့ အချိန်ရ /(ပေး)တယ်လို့ပဲ တွေးမိပါတယ်။

    UU@!

    ReplyDelete
  6. Ko Tay Zar,
    Thanks much and appreciate !
    The Way of Moon is one of my favourite site both presentation and content.
    Best for All !
    TH Naing

    ReplyDelete
  7. ကိုတေဇာ ရဲ့ ဆိုက်ကို ၀င်မရတာ လနဲ့ချီနေပါပြီ။ error တက်နေတော့ တာပါပဲ။ ကျွန်မကလဲ ခပ်ညံ့ညံ့ဆိုတော့ အကြောင်းရှာလို့လဲမရပါဘူး။ ဒီနေ့ ၀င်ကြည့်ပြန်တော့ ပြန်ဝင်လို့ရနေလို့ ၀မ်းသာမိပါတယ်။ ဒါနဲ့ latest postကနေ စဖတ်နေမိတာ။ ဒီပို့စ်ရောက်ပြန်တော့ " ဟင် " ကနဲ ဖြစ်ရပြန်ပါတယ်။

    ဒါနဲ့ " တခန်းရပ် " ကို မသိလိုက်ရပဲ အခုမှ ၀င်ဖတ်လို့ရတာ ကိုတောင် ကျေးဇူးတင်နေမိပါတယ်။ စာတွေ ဆက်ရေးပါဦးရှင်။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”