Skip to main content

လူဇာတ်သွင်းခြင်းနှင့် လူဇာတ်ဖျက်ခြင်း

သစ်ပင် ပန်းပင်များနှင့် စကားပြောခြင်း၊ လူပုံစံနှင့် ဆင်တူယိုးမှား နတ်ဘုရား ရုပ်တုများအား ၀တ်ပြု ကိုးကွယ်ခြင်း၊ မိမိစီးနေသော ကားအား နာမည်ပေးခြင်း၊ အိမ်မွေး တိရိစ္ဆာန်များအား အ၀တ်အစား ၀တ်ပေးခြင်း စသည့်အလုပ်များကို လူတို့ ပြုလုပ်တတ် ကြသည်။ လူမဟုတ်ဘဲ သူ့သဘောသူဆောင်နေသော အရာများအား လူသား အငွေ့အသက်များ ဌာပနာရန် ကျွန်တော်တို့လူသားများတွင် အားကောင်းသော တိမ်းညွတ်မှု ရှိသည်။ (အင်္ဂလိပ် ဘာသာဖြင့် Anthropomorphism အား “လူဇာတ်သွင်းခြင်း” ဟုပင် ဘာသာပြန် သုံးနှုန်းပါမည်) အကြောင်းရင်းအား ဟားဗတ်နှင့် ချီကာဂို တက္ကသိုလ်တို့မှ စိတ်သိပ္ပံပညာရှင် (Psychological Scientist) နှစ်ဦးတို့၏ စာတမ်းမှ အဖြေရှာ ကြည့်ပါမည်။ လူဇာတ်သွင်းခြင်း အမှုအား စိတ်ပညာရှုထောင့်မှ စစ်ဆေးကြည့်ခြင်းဟု ဆိုနိုင်မည် ဖြစ်သည်။

§ § § § § § §


Anthropomorphism ဟူသော စကားရပ်အား ဂရိ ဒဿနပညာရှင် “ဇီနောဖှနိ” (Xenophanes) က ဘာသာရေး သက်ဝင်ယုံကြည်သူများနှင့် ၎င်းတို့၏ နတ်ဘုရားများအကြား ဆင်တူယိုးမှားဆန်မှုကို ဖော်ညွှန်းရန် စတင် အသုံးပြုခဲ့သည်။ ဤသည်မှာ ဂရိနတ်ဘုရားများသည် အသားအရောင် ဖျော့ဖျော့နှင့် မျက်လုံး အပြာရောင် ရှိပြီး၊ အာဖရိကန် နတ်ဘုရားများမှာ အသားအရောင် နက်မှောင်ပြီး မျက်လုံး အညိုရောင် ရှိအောင် ပုံဖော် ထားခြင်းကြောင့် ဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြောသိပ္ပံ (Neuroscience) သုတေသနတွင် လူနှင့်၊ လူမဟုတ်သော အရာ (နတ်ဘုရား၊ တိရိစ္ဆာန်၊ ပစ္စည်း စသည်) တို့၏ အပြုအမူများ အကြောင်း စဉ်းစားရာတွင် နှစ်ခုလုံးအတွက် တူညီသော ဦးနှောက်အစိတ်အပိုင်းကိုသာ ပါဝင်အသုံးပြုကြောင်း တွေ့ရှိရသဖြင့် လူဇာတ်သွင်းခြင်း ဖြစ်စဉ်မှာ အခြားသော လူ (အစစ်) များ အကြောင်းစဉ်းစားသလိုပင် တစ်လှေတည်းစီးသော ဦးနှောက်ဖြစ်စဉ် တစ်ရပ်ဟုသာ ယူဆစရာ ဖြစ်ပါသည်။

လူဇာတ်သွင်းခြင်းမှ အရေးပါသော အကျိုးဆက်များကို ဖြစ်ပေါ်လာစေသည်။ ဥပမာအားဖြင့် လူမဟုတ်သော အရာများအား လူဆန်ဆန် တွေးကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ကျင့်ဝတ်ပိုင်းဆိုင်ရာ အလေးဂရုပြုမှုနှင့် ထည့်သွင်းစဉ်းစားရန် ထိုက်တန်သော အနေအထားသို့ ရောက်ရှိလာသည်။ (ဒစ်ဂျစ်တယ် တိရိစ္ဆာန်လေးများ မွေးပြီး၊ သေသော် ဂိမ်းစက်အား မြေမြှုပ်ပစ်သည်အထိ စွဲလန်းမှုများနှင့် ချိန်ထိုးစဉ်းစား ကြည့်နိုင်ပါသည်) ထို့ပြင် လူဇာတ်သွင်းထားသော အရာများသည် ၎င်းတို့၏ လုပ်ရပ်များအတွက်လည်း တာဝန် ရှိလာသည်။ ဤတွင် ထိုအရာများသည် ဆုပေးဒဏ်ပေးနှင့် ထိုက်တန်သည့် သဘောသို့ ဆိုက်ရောက်လာသည်။

လူသားတို့အနေဖြင့် လူဇာတ်သွင်းရန် ၀ါသနာထုံသော်လည်း တွေ့တွေ့သမျှ အရာတိုင်းအပေါ် လူသားဂုဏ်ရည်များ မွမ်းမံ ဆင်မြန်းပေးနေသည်တော့ မဟုတ်ပါ။ အဆိုပါ လက်သင့်ရာ ရွေးချယ်ခြင်းကိစ္စသည် မည်သည့်အရာနှင့် ဆိုင်ပါသနည်း။ အကြောင်းရင်း တစ်ချက်မှာ ဆင်တူယိုးမှားနိုင်မှု (Similarity) ဖြစ်သည်။ လူသားနှင့် ပိုဆင်သည့်အရာများသည် လူဇာတ်သွင်းခံရနိုင်ခြေ ပိုများသည်။ (ဥပမာ- လူသားနှင့်တူသော လှုပ်ရှားမှု၊ မျက်နှာကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ် တစ်ခုခု) လူဇာတ်သွင်းခြင်းအတွက် အခြားသော လွှမ်းမိုးလှုံ့ဆော်မှုများလည်း ရှိနိုင်ပါသည်။ အခြားသော လူသားစစ်စစ်များနှင့် လူမှုဆက်သွယ်ရေး ကင်းမဲ့နေသည့် အခြေအနေတွင် တစ်ကိုယ်ထီးလူ တစ်ဦးဦးသည် လူမဟုတ်သည့် အရာများနှင့် ဆက်သွယ်ရေးကို ရှာဖွေကောင်းရှာဖွေ နိုင်ပါသည်။ လူဇာတ်သွင်းခြင်းသည် ရှင်းလင်းလွယ်ကူစေရန်နှင့် ထွေပြားသည့် အရာများအား ပိုမိုသဘာဝကျပြီး နားလည်ရလွယ်ကူစေရန် ကျွန်တော်တို့အား ကူညီပေးသည်။ ဟာရီကိန်းနှင့် မုန်တိုင်းများအား နာမည်ပေးခြင်းတွင် သူတော်စင်တို့၏ နာမည်များ၊ သင်္ဘောသားများ၏ ရည်းစားများ၊ မနှစ်သက်သည့် နိုင်ငံရေးခေါင်းဆောင် စသည့် အမည်များ ပေးခြင်းသည် ပိုမို ရှင်းလင်းလွယ်ကူစေပြီး လူထု၏ ပြင်ဆင်မှုအား ပိုမိုကောင်းမွန်စေရန် ထိရောက်သည့် ဆက်သွယ်မှု ပေးနိုင်သည်။ မီဒီယာများမှ သတင်းဖြန့်ဝေရာတွင် ပိုမိုလွယ်ကူစေပြီး အားကောင်းသည့် သတင်းအချက်အလက် ဖလှယ်မှုကို ဖြစ်စေသည်ဟု စာရေးသူ နှစ်ဦးက ကမ္ဘာ့မိုးလေ၀သဌာန (World Meteorological Organization) အား ထောက်ပြ၍ ပြောဆိုသည်။

လူဇာတ်သွင်းခြင်းနှင့် ဆန့်ကျင်ဘက်အား “လူဇာတ်ဖျက်ခြင်း” (Dehumanization) ဟု ခေါ်ပြီး လူသားအား အရာဝတ္ထု၊ သို့မဟုတ် တိရိစ္ဆာန်နှင့် ကိုယ်စားပြုခိုင်းနှိုင်းခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတို့အား နာဇီတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (Holocaust) ၊ အီရတ်ရှိ အဘူဂါရစ် (Abu-Ghraib) အကျဉ်းထောင်မှ နှိပ်စက်ညှင်းပမ်းမှုများ အပါအ၀င် လူဇာတ်ဖျက်ခြင်းအတွက် သမိုင်းဆိုင်ရာ အထောက်အထားများ အများအပြား ရှိပါသည်။ ဤသာဓကများအရ များသောအားဖြင့် လူဇာတ်ဖျက်ခြင်းအား စနစ်တကျ ပေါင်းစပ်ဖွဲ့စည်းထားသည့် အုပ်စုတစ်ခုခုမှ အခြားသူများအပေါ် ကျူးလွန်လေ့ရှိရာ လူမှုအစုအဖွဲ့နှောင်ကြိုး (Socially Connected) ရှိသူ တစ်ဦးအနေဖြင့် ကျူးလွန်ရန် တိမ်းညွတ်မှု ပိုမိုမြင့်မားသည်ဟု ယူဆစရာ ရှိပါသည်။ လူမှုအစုအဖွဲ့ နှောင်ကြိုးသည် အဆိုပါပုဂ္ဂိုလ်၏ ကျန်းမာရေးနှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည် ဖြစ်သော်လည်း အခြားတစ်ဘက်တွင် လူဇာတ်ဖျက်ခြင်းအား ခလုတ်နှိပ်လိုက်ပြီး မတူညီသည့် အဖွဲ့အစည်းအချင်းချင်းကြား အခန့်မသင့်သော အကျိုးဆက်များလည်း ဖြစ်ပွားလာနိုင်စေပါသည်။

လူအချို့အနေဖြင့် အခြားလူသားများအား ဇီဝဗေဒအရ ခွဲခြားသတ်မှတ်ရန် (Identify) ခက်ခဲသည်။ သို့ရာတွင် လူတို့အား စိတ္တဗေဒအရ ခွဲခြားသတ်မှတ်ရမည်ဆိုလျှင်မူ များစွာ ပိုမိုခက်ခဲရှုပ်ထွေးပါလိမ့်မည်ဟု စာရေးသူနှစ်ဦးက နိဂုံးချုပ်ထားသည်။

§ § § § § § §

▀ မှတ်ချက် ။   ။  ဤဆောင်းပါးပါ မြန်မာပြန် အသုံးအနှုန်းများသည် ဘာသာပြန်သူက သူ့စိတ်ကူးနှင့်သူ သုံးစွဲထားခြင်းသာ ဖြစ်ပါသည်။ သတ်မှတ်ပြဋ္ဌာန်းပြီးသား ပညာရပ်ဆိုင်ရာ မြန်မာဝေါဟာရများ ရှိသော် ကွဲလွဲမှု ရှိနိုင်ပါသည်။

◄ တေဇာ ► မတ်လ (၄) ရက်

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA