Mnemonic
ကလေးလေးပြန်ဖြစ်ဖို့ လိုမှာလား
ဖုန်မှုန့်ပေါ် မိုးဖွဲလေးတွေကျခါစ
မြေသင်းနံ့ကို ရဖို့။
Going Adrift
အတွေးနယ်ချဲ့နေတယ်လေ
အတွေးနယ်ချဲ့နေတာပေါ့
ဒါဟာငုတ်တုပ်ထိုင်ရင်း ငါကျယ်ပြန့်ခဲ့ပုံပဲ။
The Net
အကြိမ်ကြိမ် လွတ်ခဲ့ဖူးတဲ့ ငါးတစ်ကောင်လို
ငါ့ကိုယ်ငါ ကြီးထွားအောင်နေတယ်
ပင်လယ်ပြင် ဘယ်လောက်ကျယ်ကျယ်
တစ်ခါလောက် ငြိတွယ်ဖို့။
Black Humor
ကျွန်တော့်ထီးကလေး
ပြောင်းပြန်လန်သွားတယ်
အများအမြင်တော့ ရယ်စရာပေါ့လေ။
Introspective
ခြေဦးတည့်ရာလျှောက်ပြေးနေရာကနေ
ခဏရပ်ပြီးစဉ်းစားဖို့ အချိန်ပဲ
ဟုတ်ပါပြီ ဘာဖြစ်ခဲ့တာလဲ။
တေဇာ (လရောင်လမ်း)
Image: https://www.facebook.com/artsartistsartwork
ကလေးလေးပြန်ဖြစ်ဖို့ လိုမှာလား
ဖုန်မှုန့်ပေါ် မိုးဖွဲလေးတွေကျခါစ
မြေသင်းနံ့ကို ရဖို့။
Going Adrift
အတွေးနယ်ချဲ့နေတယ်လေ
အတွေးနယ်ချဲ့နေတာပေါ့
ဒါဟာငုတ်တုပ်ထိုင်ရင်း ငါကျယ်ပြန့်ခဲ့ပုံပဲ။
The Net
အကြိမ်ကြိမ် လွတ်ခဲ့ဖူးတဲ့ ငါးတစ်ကောင်လို
ငါ့ကိုယ်ငါ ကြီးထွားအောင်နေတယ်
ပင်လယ်ပြင် ဘယ်လောက်ကျယ်ကျယ်
တစ်ခါလောက် ငြိတွယ်ဖို့။
Black Humor
ကျွန်တော့်ထီးကလေး
ပြောင်းပြန်လန်သွားတယ်
အများအမြင်တော့ ရယ်စရာပေါ့လေ။
Introspective
ခြေဦးတည့်ရာလျှောက်ပြေးနေရာကနေ
ခဏရပ်ပြီးစဉ်းစားဖို့ အချိန်ပဲ
ဟုတ်ပါပြီ ဘာဖြစ်ခဲ့တာလဲ။
တေဇာ (လရောင်လမ်း)
Image: https://www.facebook.com/artsartistsartwork

Comments
Post a Comment