Skip to main content

အတိုးဆုံးကဗျာများ (၅၃)


နောက်ကနေ မျက်လုံးကို ခပ်ဖွဖွပိတ်လိုက်ပြီးမှ
ငါ့မှာ နာမည်မရှိကြောင်းသတိရလာတယ်
ငါ ကြောက်မိတော့မယ်
‪#‎identityIII‬

ကော်ဖီသောက်လိုက်တယ် ပြီးတော့
ခွက်ထဲကို စူပါယင်ကောင်တစ်ကောင်
ခုန်ချလိုက်ပြန်တက်လိုက် လုပ်ဖူးတယ်လို့
ယုံကြည်လာတယ်
‪#‎LucidDream‬

ဝမ်းနည်းခြင်းအထိမ်းအမှတ်ငြိမ်သက်မှုအတွင်း
ဟက်ဟက်ပက်ပက် ထရယ်ပြီးမှ
အားလုံးကို ထိုင်အားနာနေလိုက်တယ်
ထွက်ပြေးပျောက်ကွယ်သွားမှုက ပိုမိုလွယ်ကူတယ်
#GuiltyConscience

နေရင်းထိုင်ရင်း သံဆူးကြိုးရှနိုင်တယ်
နေရင်းထိုင်ရင်း လွတ်လပ်နိုင်တယ်
အဓိပ္ပာယ်နှစ်မျိုးပေါင်းပြီး
စကားလုံးအသစ် လမ်းလျှောက်ထွက်ခဲ့
‪#‎milieu‬

လျှောက်နေရင်းတန်းလန်း
ချာခနဲနောက်ပြန်လှည့်
လာရာလမ်းအတိုင်း ပြန်လျှောက်တယ်
နောက်ယောင်ခံရ ခက်ဖို့
‪#‎Paranoid‬II

တေဇာ (လရောင်လမ်း)
Image: http://nl.hqhdwalls.com

Comments

  1. အတိုးဆုံး က​ဗျာများ ဖြစ်​​နေတ ယ်
    အတိုဆုံး က​ဗျာများ ကြိုက်​တယ်

    ReplyDelete

Post a Comment