“သန္နိဋ္ဌာန်”
စိတ်ဓာတ်ခိုင်မာသူပီပီ
စိတ်ကူးနဲ့ တိုက်အိမ်ဆောက်မယ်
မယိုင်မလဲ။
ငလျင်တွေကိုယ်တိုင် ပြိုကျတဲ့အထိ။
“ပျော်ရွှင်မှု”
ကဲ ကလေးတွေ
မျက်လုံးကောင်းကောင်းနဲ့ ရှာကြပါဦး
ဘာပျောက်တာပါလိမ့်
ပျော်ရွှင်မှုတဲ့
“မေမေကျန်းမာနေပါတယ်”
“ဖှလော်ဆော်ဖှာ”
အလုပ်မဲ့အကိုင်မဲ့ ဖြစ်နေချိန်မှာ
ပွေးကွက်တစ်ကွက် ရထားလို့သာ
တော်တော့တယ်။
ကုတ်ရင်းကုတ်ရင်း
ဘ၀ဟာ
ကျယ်ပြန့်လာလိုက်တာများ။
“ရှာဖွေတွေ့ရှိမှု”
ဝီစကီဆိုတာ
ဆင်ခြင်တုံတရားဖောင်းပွမှုကို
စိတ်ဓာတ်ခိုင်မာသူပီပီ
စိတ်ကူးနဲ့ တိုက်အိမ်ဆောက်မယ်
မယိုင်မလဲ။
ငလျင်တွေကိုယ်တိုင် ပြိုကျတဲ့အထိ။
“ပျော်ရွှင်မှု”
ကဲ ကလေးတွေ
မျက်လုံးကောင်းကောင်းနဲ့ ရှာကြပါဦး
ဘာပျောက်တာပါလိမ့်
ပျော်ရွှင်မှုတဲ့
“မေမေကျန်းမာနေပါတယ်”
“ဖှလော်ဆော်ဖှာ”
အလုပ်မဲ့အကိုင်မဲ့ ဖြစ်နေချိန်မှာ
ပွေးကွက်တစ်ကွက် ရထားလို့သာ
တော်တော့တယ်။
ကုတ်ရင်းကုတ်ရင်း
ဘ၀ဟာ
ကျယ်ပြန့်လာလိုက်တာများ။
“ရှာဖွေတွေ့ရှိမှု”
ဝီစကီဆိုတာ
ဆင်ခြင်တုံတရားဖောင်းပွမှုကို
လူမှုရေးသီအိုရီ တစ်ခုပေါ့။
ရင့်ကျက်မှုသို့ သွားရာလမ်းမှာ
ဖြတ်လမ်းများဟာ ပိုဝေးမြဲ။
“မေတ္တာဘွဲ့”
စေတနာအမှားဆိုတာ
မှားယွင်းခွင့်ရ လိုင်စင်တစ်မျိုးလား
သတ်မှတ်မိုင်နှုန်း ပိုနေသော
လူနာတင်ယာဉ်မှ
ဒဏ်ရာများ ဖိတ်စင်ကျ ကျန်ရစ်။
◄ တေဇာ ►
အဟားဟား .. ခင်ဗျား .. ပြန်လာတာ(ခဏတဖြုတ်ဆိုရင်တောင်) ကျနော့်အတွက်စောသဗျာ။ ဘာလို့ဆို ခင်ဗျာ့အရင်စာတွေကို ပြောထားပြီးရက်နဲ့ စိတ်အေးလက်အေး မဖတ်အားသေးလို့ပဲ ။ သိပ်တွေတွေငေးငေးဖြစ်စေတာမျိုးတွေမဟုတ်ပေမဲ့ ခင်ဗျာ့စာတွေကို ကြေကြေအေးအေး မဖြစ်သေးတာအမှန်ပဲ ။ ဘာပဲဖြစ်ဖြစ် ပြန်လာတာ ဝမ်းသာသဗျာ။ ပြန်ထွက်သွားဦးမယ်ဆိုလည်း ဝမ်းမနည်းပေါင်ဗျာ။ ကိုယ့်သင်္ဘောနဲ့ကိုယ်၊ ကိုယ့်မုန်တိုင်းနဲ့ ကိုယ်ပဲကိုး...နော့။ ခု အတိုးဆုံးကဗျာတွေက မုန်တိုင်းကြားက လေချွန်သံတွေများလားရယ်လို့ စူးစမ်းမိသေးတော့တယ် ။ အတိုဆုံးကဗျာတွေကို အတိုဆုံးမှတ်ချက်ရေးဖို့တောင် လက်တွန့်မိပါရဲ့။ ခုတောင် အတော်ရှည်လျားနေရော့ပြီ ။ ဒီလောက်ပဲ ဘရားသားရေ ။ နောက်ရက်များလည်း မျှော်မိပါဦးမယ် ။ ကျေးဇူးဗျာ ... ။
ReplyDeleteအနော်နီးမတ်စ်ပြောတာအမှန်ပဲ။ မှန်တယ်ဆိုတာ စာတွေ မကြေသေးတာပြောပါတယ်။
ReplyDeleteအတိုးဆုံးကဗျာတွေက မုန်တိုင်းကြားက လေချွန်သံတွေများလားရယ်လို့ ... (ကြိုက်တယ်)
ဟာကွာ ဖြစ်သေးပါဘူးးး ကော်မန့်ကိုပိုသဘောကျနေတဲ့အထာနဲ့
သူလာပါစေ အနော်နီးမတ်စ်ရေ ...
မုန်တိုင်းက အမြဲတိုက်မှာ မပူနဲ့
နေတတ်ဖို့ လိုတယ်
UU@!
ဂွတ်တယ်ဗျို့..။
ReplyDelete" ပျော်ရွှင်မှု " ကို " ရှာဖွေတွေ့ရှိ" သါားပါတယ်ရှင်..။
ReplyDelete