Skip to main content

အကြောင်းကိုက ပိုးလောက်လန်းတွေရဲ့ အကအကြောင်း(တဲ့)


နဖါချေးဟာ ခါးတယ်၊ ဖြစ်ပုံက မယုံလို့ကလည်း မရဘူး။ ဒါမျိုးကိုတော့ တို့များ(များတို့)က သွားမငြင်းရဲဘူး။ တစ်ခါတခါကျတော့လည်း သွားကြားထဲက အကြွင်းအကျန်တွေရဲ့ ချဉ်စူးစူးအနံ့ကို ရှုတ်ချချင်လို့ကို ကိုယ်က သွားရှူရှိုက်ကြည့်မိတာက တကူးတက။ အဲလိုပေါ့ အခုမှ တွေ့ကြရသူအချင်းချင်း ရာသီဥတုအကြောင်း စောက်ဖှောင်းထုရင်း ရင်းနှီး၊ မြှုပ်နှံပြီး မိတ်ဖြစ်ဆွေဖြစ် ဘုံရန်သူရှာတမ်း ကစားကြည့်။ အားပေးကြပါဦး´ ပြောမယ်ဆိုရင် နောက်မှာ၊ ရှင်´ ထည့်ရတယ်ဆိုတာမှ မသိကြတော့ဘူး မိမော်လွင်ရေ ဘာညာပေါ့။ ကုလားကြီးအလိုအရတော့၊ ချက်နောက်က ခြောက်နက်ထဲ ပြုတ်ကျလုဆဲဆဲ၊ အဘား´အော်သံဟာ ငါတို့ပြုလုပ်ကြတဲ့ ကဗျာပဲ၊ ကဲ.. ဒါကိုရော ခံစားချက်(မ)ပါ(ဘူး)လို့ ဘယ်သူငြင်း(ဆန်)မလဲ။ သူကတော့ ငယ်ငယ်ကအသံလေးပါ ပါအောင် ပြုလုပ်ကြည့်တာပါပဲ။ ပြီးတော့၊ ဆိုတာက အမိန့်ပေးစေခိုင်းမှုလိုလို စကားဆက်လိုလို မရေမရာနဲ့ ပြီးပြီးရော ပြီးချင်ပြီးပြီး ပြီးချင်မှလည်း ပြီးတယ်။ ရိုးရိုးရေကို ပူရှိန်းပြားစားပြီး အေးအေးလေးသောက်လိုက်ရတာ ကိုယ်တွေငယ်ငယ်က သိပ်သဘောကျခဲ့သလိုပေါ့။ သွားတိုက်ဆေးတွေ ခိုးစားတာ လူမမိလိုက်ဘူး။ သွားမတိုက်တာကိုတော့ ၁၁ နှစ်ကတည်းက လူမိခံလိုက်တယ်တဲ့၊ မိုက်ပါ့။ တကယ်တော့၊ ရေကူးကန်တစ်ကန်တည်း(/ထဲ)ကို အခါနှစ်ဆယ် ပြန်ဆင်းဖူးပါတယ်။ မိမိရဲ့ ရှူးပေါက်ချမှုကို လူသိရှင်ကြား တောင်းပန်ရလောက်အောင် မမိုက်ရိုင်းခဲ့ဘူး။ ပူနွေးလာတဲ့ ဘဒ္ဒကမ္ဘာကြီးက အသုဘယပ်တောင်ပေါ် ပုံနှိပ်ခံထိသွားတဲ့ နှစ်ဆယ့်လေးပစ္စည်းဟာ ဖွဲ့စည်းပုံအရဆို အခြေခံအရိပ်ကဗျာ။ ချကျွေးထားလည်း ချွေးဒီးဒီးကျ အခွံခွာရခက်တဲ့ ကွာစေ့တွေရဲ့ ကောက်ကျစ်စေ့စပ်မှု။ ကိုယ်နဲ့မဆိုင်တဲ့၊ ခေါင်းတိုင်က ဟန်ပြမီးခိုးထုတ်လွှတ်မှုကိုကြည့်ပြီး ကြေကွဲမျက်ရည်စီးနေတဲ့ ကျန်ရစ်သူမိသားစု။ ဘယ်လိုပြောရင် ကောင်းမလဲ။ သမာဓိတည်တည်။ ဘ၀ဆိုတာကို..(ကံပုဒ်လို)၊ ပြီးမယ်ဆိုရင်တော့ အချိန်မရွေး ပြီးချလိုက်လို့ရတယ်၊ ဒါပေမဲ့ တတ်နိုင်သလောက် မပြီးအောင်ထိန်းထားမယ်´ ဆိုတဲ့ (ငါးစမန် ကတ္တားပုဒ်ရဲ့) ဒေါသမာန်နဲ့ အရသာ ဆက်ခံကြရ။ ..အရသာ ဆက်ခံနေရတာ၊ ဘယ်သူ့အလိုအရ ဆိုတာကျ အစလည်းမရှာရဲ၊ အဆဲလည်းရှာမရ။ ကဲပါ၊ ပြောင်းဖို့သာလွယ်ပြီး ပြင်ဖို့ကျမလွယ်ဘူး´ ဆိုတာမှာ ဘာနိုင်ငံရေးမှမပါဘူး။ အပြစ်တွေ ဆေးကြောလျှော်ဖွပ်ရာ ဂင်္ဂါမြစ်ဟာ နောက်ကျိနေတဲ့မှန်၊ ကိုယ့်ကိုယ်ကိုယ် ပြန်မမြင်ရသော ပုံနှိပ်စကားလုံး။ ထိုးမြဲလက်မှတ်အပေါ်က ပုံ- ဟာ၊ ငါပဲကွ´ ဆိုတဲ့ ဟိန်းဟောက်သံ။ သက်ဆိုင်သူသိစေရန်´ ရဲ့ ရသတန်ဖိုး သိုးသိုးသဲ့သဲ့။ အမှန်တော့ လူတကာရဲ့ မေ့လျော့ခံဖြစ်နေတာက မှတ်သားဖွယ်ရာ မိုးရေချိန်များ။ အံစာ တစ်ချက်တည်းခေါက်ပြီး ကြွက်တွင်းထဲပြုတ်ကျသွားတဲ့ ဘူမသိကိုးမသိ အငြင်းပွားမှု။ အကြာကြီးစိမ် ထိုင်ပြီးလို့ ကိစ္စ၀ိစ္စပြီးကာမှ ရေဆွဲချမရတဲ့ အိမ်သာခွက်ကြီးရဲ့ ဟက်ဟက်ပက်ပက် ကျိန်စာ။

တေဇာ (လရောင်လမ်း)
အောက်တိုဘာ၊ ၂၀၁၂

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ