Skip to main content

Posts

Showing posts from July, 2014

အတိုးဆုံးကဗျာများ (၄၈)

ရောင်စုံခဲတံကလေးတွေ အတိုအရှည်မညီဘူး မနှင်းဖြူကို လူပုကလေးခွန်နစ်ယောက်နဲ့ မသင်္ကာဘူး ဒါပေမဲ့ ဘာကို တတ်နိုင်ပါသလဲ #Coloring Book အချိန်အကြာကြီး အနုစိတ်ထားတဲ့ ပင့်ကူအိမ်ကလေးကို အပျင်းပြေ လေနဲ့မှုတ်ကြည့်သလို ဘယ်ကလေးမဆို ရက်စက်တတ်တယ် ‪#‎Rant‬ အချစ်ဆုံးသူတွေရဲ့ မျက်နှာပေါ် မွေးရာပါအမှတ်ကြီးတပ် အမွေးနက်နက်တွေ ရှည်ထွက်လာတယ်ဆိုတဲ့ စိတ်ကူးမှာ ငါ့ကိုယ်ငါမုန်းလာတယ် #Juxtaposition ဟောဒီရေအိမ်ထဲက မှန်ကို နှစ်ဖက်မြင်မှန်း သိသိချည်းနဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ သူမ ပြုံးပြနေကျ #Big Brother ကွန်ပါဗူးအဟောင်းလေးကို ဖွင့်မကြည့်ပါနဲ့ ကွန်ပါဗူးအဟောင်းလေးထဲက ပျော့ပြဲနေတဲ့ ချောကလက်တွေထွက်လာတဲ့အခါ ကိုယ်ပဲနစ်နာမယ် #Nostalgic Loss တေဇာ (လရောင်လမ်း) Image: www.boostinspiration.com

နိယာမကျောင်းထွက်တို့၏ နောက်ဆုံးမိတ်ဆုံစားပွဲ (မြင့်သန်း)

သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရတယ်။ ကျောင်းသားဟောင်းတွေအတွက် မိတ်ဆုံထမင်းစားပွဲလုပ်မယ်လို့တဲ့။ သုံးဆယ့်ခုနစ်ဆိုတာ လူလိုသူလို၊ နာမည်တပ်ခေါ်ရရင်တော့ ဘောဂဗလပဲ။ ဘောဂဗလဆိုတော့လည်း ချမ်းသာတယ်။ ချမ်းသာလို့ ဘောဂဗလလို့ ခေါ်တာတော့ မဟုတ်ဘူး။ ကျောင်းတုန်းကတော့ သူ့ကို ဗာလကြီးလို့ပဲခေါ်တယ်။ အချို့ကတော့ ဗာလနံကြီးလို့တောင် ခေါ်ကြတယ်။ နိယာမကျောင်းတော်မှာတော့ နာမည်မခေါ်ရလို့ ကျောင်းဝင်းအပြင်ရောက်ကာမှ ခေါ်ကြတာ။ ကျောင်းထဲမှာ နံပါတ်တပ်ခေါ်ရတယ်။ ပညာရှာဖို့လာတဲ့လူမှန်သမျှ အယုတ်အလတ် အမြတ်မရွေးတဲ့သဘောပဲ။ အမျိုးဘာသာ မခွဲခြမ်းတဲ့သဘောပဲ။ ကျောင်းသားတိုင်းဟာ နံပါတ်နဲ့ချည်းပဲ။ သူ့နံပါတ်က သုံးဆယ့်ခုနစ်။ သုံးနဲ့ခုနစ်ပေါင်းရင် တစ်ဆယ်ရလို့ သူ့ကို "ဘူ" လို့ ကိုယ့်အချင်းချင်းအကြားမှာ ခေါ်ကြတယ်။ ဘူဆိုတော့လည်း သူက သိပ်မကြိုက်ဘူး။ မကြိုက်လည်း သိပ်မတတ်နိုင်ဘူး။ နံပါတ်ရှိတဲ့ကျောင်းသားတိုင်းမှာ အဲဒီလို မဟုတ်ကဟုတ်က နာမည်တွေရှိတယ်။ ကျွန်တော်တို့ကျောင်းထွက်တွေအချင်းချင်း ခုထိ နံပါတ်တွေကိုပဲသုံးပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပြောကြလေ့ရှိတယ်။ ဘောဂဗလက နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာဆက်ပြီးသင်ခွင့်မရဘူး။ ဒီကောင်က ခပ်ထူထူရယ်။ ခပ်ထူထူဆို...

အာရုဏ်ဦးတွင် နိုးထခြင်း

"ရှင်ဟာ အရမ်းအရမ်း ရူးတဲ့ ကောင်လေးပဲ။ မစ္စတာပွန်တယ်လိုင်ယာက ကျွန်မကို လွတ်လပ်ခွင့်ပေးလိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်တဲ့အရာတွေကို အိပ်မက်မက်ရင်း ရှင့်အချိန်တွေကို ဖြုန်းနေတာလေ။ မစ္စတာပွန်တယ်လိုင်ယာ ကောက်ချင်ကောက် တင်ချင်တင်လုပ်ရမယ့်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခု ကျွန်မမဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပဲ ကျွန်မကိုယ်ကိုယ် ပေးမယ်။ ထားပါတော့ သူက၊ 'ဟေ့ရောဘတ်၊ မင်း သူ့ကို ယူသွားပြီး ပျော်ပျော်နေပါတော့။ သူက မင်းအပိုင်ဖြစ်သွားပြီ' ပြောတယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်စလုံးကို ရယ်နေမှာ..." The Awakening by Kate Chopin တွင် အဓိကဇာတ်ကောင်မှာ ကလေးများမိခင် (၁၉) ရာစုအမေရိကန်အမျိုးသမီး၊ မစ္စပွန်တယ်လိုင်ယာဖြစ်သည်။ လူကုံတန်လင်ယောက်ျားတစ်ဦးနှင့် ပြီးပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုသို့ အပေါ်ယံမြင်နိုင်သည်များမှအပ ထိုအမျိုးသမီး၏ စိတ်အတွင်းထဲတွင် မည်သူမျှနားမလည်နိုင်သော၊ "နာကျင်ခံစားရမှုတစ်မျိုး" ရှိနေသည်။ ဤသည်ကို "ဘူရွှာမိခင်တစ်ဦး၏ သက်တောင့်သက်သာလှောင်အိမ်" ဆိုသည့် စကားက အကောင်းဆုံးထင်ဟပ်ပြနိုင်သည်...