လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံးကဗျာများ (၄၉)

ကမ်းခြေမှာ ခရုခွံလေးတွေ လိုက်ကောက်မယ်
သိပ်မများဘူး
ငါးထောင့်ကြယ်ပုံ ဖော်နိုင်တဲ့အထိပဲ
ငါ အဲဒီလို
အလင်းနှစ်ကို ချုံ့ပစ်မယ်
#AboutHopeII

တစ်ခန်းထဲ အတူရှိနေတောင်
ပြတင်းပေါက်နံဘေး
အပြင်ကို တစ်ယောက်တည်း ငေးလို့ရပါတယ်
ရိုင်းတယ်လို့ ကိုယ်မဆိုလိုဘူး
‪#‎Solitude‬
   
တွက်မကြည့်ပါနဲ့
ဝတ်ရည်တွေအားလုံး ပေါင်းလဒ်ထက်ပို
ပျားရည်ဟာ
ချိုတယ်
‪#‎CumulativeEffect‬

မေ့နေတဲ့ အရာတစ်ခုကို
သတိရချင်လာတယ်
ဖုံထူထပ်တဲ့ ထပ်ခိုးလေးပေါ်မှာ
ပျော်စရာတစ်ခုခု အမြဲရှာတွေ့နိုင်ပါတယ်
‪#‎NostalgiaIII‬

ပြောလိုက်တဲ့ စကားတိုင်း
စက္ကန့် အနည်းငယ်ခြားပြီး ပဲ့တင်ထပ်တယ်
ဟိုအဝေးဆီက
အသံထက်မြန်တဲ့ နားလည်မှုကို
ရခဲ့တယ်
‪#‎Unison‬

0 comments:

Post a Comment