ချော်လဲပြီးတော့ ရောထိုင်လိုက်ရတာ
ချော်လဲပြီးတော့ ခြေထောက်နှစ်ချောင်းလုံး သွင်သွင်ကျိုးသွားတာ
ချော်လဲပြီးတော့ ဖုတ်ဖတ်ခါတောင် မထနိုင်တော့တာ
ချော်လဲပြီးတော့ ပထ၀ီကသိုဏ်းရှုနေတာ
ချော်လဲပြီးတော့ မုတ်ဆိတ်တွေရှည်လာတာ
ချော်လဲပြီးတော့ ဒူဝေေ၀မြည်နေတာ
ချော်လဲပြီးတော့ အလှူငွေတွေလက်ခံရရှိတာ
ချော်လဲတုန်းက သူတော်စင်တစ်ယောက်ဖြစ်ဖို့ မရည်ရွယ်ခဲ့ပေမဲ့
ချော်လဲသူဟာ ရှိခိုးဦးချခံလိုက်တယ်
ဒါဟာ အောင်မြင်ပျော်ရွှင်သော
ချော်လဲမှု ဇာတ်လမ်းပဲ
တကယ်တော့ ဒီလို ချော်လဲခြင်းကို
လွဲချော်မှုတစ်ခုလို့တောင်
ယူဆဖို့ ခက်လာရတယ်
ကျိုးနေတဲ့ခြေထောက်တွေအကြောင်း
ကောင်းကောင်းကြီးမေ့ခဲ့တယ် ဆိုရင်ပေါ့။
တေဇာ (လရောင်လမ်း)
Comments
Post a Comment