လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

Out of the Blue

ဒီဇင်ဘာကုန်ပြီဆို အားလုံးအစက
ပြန်စရတော့တာပဲ
အေးခဲနေတယ်၊ မပျော်ဘူး
တစ်ယောက်တည်း တိုးတိုးတိတ်တိတ်
ခိုက်ခိုက်တုန်တယ်။

စွတ်စိုထိုင်းမှိုင်းမှုက အသက်အန္တရာယ်ကို
ခြိမ်းခြောက်တတ်ပါတယ်
အထူးသဖြင့် တစ်ယောက်တည်းရှိတဲ့အခါ
အနွေးဓာတ်လေးတစ်ခုဟာလည်း
လိုအပ်မှုပါပဲ။

အခုလို ရုတ်တရက်
နွေ(ဦး) ရောက်လာတဲ့အပေါ်
ကျွန်တော် ပျော်ဝင်သွားမိတဲ့အကြောင်း
ထင်ရှားကြည့်ရုံပါ။

တေဇာ (လရောင်လမ်း)

3 comments:

jasmine(တောင်ကြီး) said...

အခုလို ရုတ်တရက်
နွေ(ဦး) ရောက်လာတဲ့အပေါ်
ကျွန်တော် ပျော်ဝင်သွားမိတဲ့အကြောင်း------လေးလာရောက်ဖတ်ခဲ့ပါတယ် ကဗျာအားလုံးအရမ်းကောင်းတယ်
ခင်မင်တဲ့ jasmine

ဖြိုးဇာနည် said...

ကဗျာကိုကောင်းကောင်းမခံစားရတာကြာပေါ့

Sofar Away Fromu said...

စာသားတွေက ထင်ရှားစေပါတယ်
သစ်ရွက်တွေ တောင် ကြွေနေပြီ...

Post a Comment