လူတွေကို မမြင်ချင်ယောင်ဆောင်ရတာ ပိုခက်လာတယ် ငါ့ဘ၀ရဲ့ ပထမဆုံးမျက်မှန်။ ******************************* ကိုတေဇာအောင် ဖတ်ဖို့- မိုးက အဆက်မပြတ်ရွာတယ်။ ခက်တော့ခက်တယ်၊ ကျွန်တော့ထီးကလည်း ကိုင်းတစ်ချောင်းကျိုးသွားတယ်။ ဒီတော့လည်း ဆောင်းရတာ စိတ်မှာ သိပ်သက်တောင့်သက်သာ မရှိတော့ဘူး။ ထီးရွက်က ခုံးခုံးဝိုင်းဝိုင်းလေးဖြစ်ရမယ့်အစား တစ်ခြမ်းမှာ ပိန်ကျုံ့သွားတယ်။ အရိုးငေါငေါကြီး ထွက်နေတယ်။ မိုးလုံတဲ့ပမာဏချင်းတော့ မကွာလှပါဘူး။ ဒါပေမဲ့ လူကြားထဲ ထီးအကျိုးလေးဆောင်းသွားရတာ ကသိကအောက်နိုင်တယ်လို့ ခံစားရတယ်။ တကယ်တော့ လူတွေကို ဂရုမစိုက်တာက အယူအဆရေးရာပဲ အဆင်ပြေတယ်။ အပြုအမူရေးရာတွေမှာ အဆင်မပြေဘူး။ ကိုယ်ကလည်း သွားဖြဲပြရတဲ့ယဉ်ကျေးမှုထဲမှာ ရောက်နေတာကိုး။ ဒါနဲ့ပဲ ညဖက်ကလွဲလို့၊ အပြင်သိပ်မထွက်ဖြစ်ဘူး။ ဘာမှမတတ်နိုင်ဘူး၊ စာဖတ်ဖို့ပဲ တတ်နိုင်တယ်။ တချက်တချက်ကျရင် မိယောကို ကလိလှမ်းထိုးတယ်။ ဒီကောင်လည်း အပြင်သိပ်မထွက်နိုင်ဘူး။ သူ့ကို ရန်လာလာစတတ်တဲ့ ကြောင်ကြီးတွေရှိနေတော့ လူနားပဲကပ်နေရတာ များတယ်။ ဖတ်နေရင်းနဲ့ စာအုပ်ထဲမှာ စိတ်ဝင်စားမိတဲ့ စာသားလေးတစ်ခု သွားတွေ့တယ်။ `မိသားစုဆိုတာက အရည်တည်လေးရှိတဲ့ ခံတပ်´[*] တဲ့။ ခက်တေ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။