Skip to main content

ကြွက် (1Q84)

`အဲဒီမိဘမဲ့ဂေဟာမှာ ငါ့ထက် နှစ်နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ သူက ကပြား။ ဂျပန်သွေးတစ်ဝက် လူမည်းသွေးတစ်ဝက်။ ငါထင်တာတော့ သူ့အဖေက အမေရိကန်အခြေစိုက် မီဆာဝါစခန်းက စစ်သားတစ်ယောက်ပဲ။ သူ့အမေအကြောင်းတော့ မသိဘူး။ ဖြစ်နိုင်တာက ပြည့်တန်ဆာ ဒါမှမဟုတ် စားပွဲထိုးအမျိုးသမီးတစ်ယောက်ပေါ့။ သူ့ကို မွေးပြီးမကြာခင် စွန့်ပစ်ထားခဲ့တယ်။ ဒီတော့ သူ မိဘမဲ့ဂေဟာကို ရောက်လာတယ်။ သူ့က ငါ့ထက် အများကြီး လူကောင်ကြီးတယ်၊ ဒါပေမဲ့ ဉာဏ်သိပ်မကောင်းရှာဘူး။ တခြားကလေးက သူ့ကို စကြနောက်ကြတယ်။ အဓိကအကြောင်းကတော့ သူ့ရဲ့ အသားရောင်ကွဲပြားမှုကြောင့်ပေါ့။ ဒါမျိုးကိစ္စတွေအကြောင်း မင်းသိပါတယ်´

`အင်း သိမယ်ထင်တယ်´
`တကယ်တော့ ငါကိုယ်တိုင်ကလည်း ဂျပန်လူမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ ငါက သူ့ကို ကာကွယ်သူ ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ငါတို့နှစ်ယောက်စလုံးရဲ့ အနေအထားက ထူးမခြားနားပဲလေ။ ကိုရီးယားဒုက္ခသည်ကလေးနဲ့ လူမည်းနဲ့ ပြည့်တန်ဆာပေါင်းပြီး တရားမ၀င် မွေးလာတဲ့ သွေးနှောကလေး။ ဒါထက် သိပ်နိမ့်ကျနိုင်စရာတော့ မရှိတော့ဘူး။ ဒါပေမဲ့ အဲလိုဖြစ်တာကပဲ တစ်နည်းအားဖြင့် ငါ့အတွက် ကောင်းခဲ့တယ်၊ ငါ့ကို  ရင့်ကျက်သန်မာလာစေခဲ့တယ်။ ဒါပေမဲ့ သူတော့ မပါဘူး။ သူက ဘယ်တော့မှ မာနိုင်တဲ့လူမျိုးမဟုတ်ဘူး။ သူ့အတိုင်းပစ်ထားလိုက်ရင် သူသေသွားမှာ အသေအချာပဲ။ အဲဒီလိုနေရာမျိုးမှာက အသက်ရှင်ကျန်ချင်တယ်ဆိုရင် ဖြတ်ထိုးဉာဏ်ကောင်းချင်ကောင်း၊ ဒါမှမဟုတ်ရင် ကြမ်းကြမ်းတမ်းတမ်းသတ်ပုတ်နိုင်မှ ဖြစ်လိမ့်မယ်´
`ပြီးတော့ သူက ဘာလုပ်လုပ် အလွဲချည်းပဲ။ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး။ သူ့အင်္ကျီသူတောင် ကြယ်သီးဖြောင့်အောင် မတပ်နိုင်ဘူး၊ သူ့ဖင်သူပြောင်အောင် မဆေးနိုင်ဘူး။ ဘာလိုပဲဖြစ်ဖြစ် တစ်ခုရှိတာက ပန်းပုထုပညာပဲ။ အဲဒီတစ်ခုမှာတော့ သူက အရမ်းတော်တယ်။ ပန်းပုထုကိရိယာ အချို့နဲ့ သစ်သားတုံးတစ်တုံးသာ သူ့ကိုပေးလိုက်၊ ဘာလုပ်လိုက်မှန်းမသိလိုက်ခင်ပဲ အရမ်းကောင်းတဲ့အရုပ်တစ်ခု မင်းရှေ့ရောက်နေတာ မြင်ရပါလိမ့်မယ်။ ပုံကြမ်းဆွဲစရာဘာညာ ဘာမှမလိုဘူး၊ ရုပ်ပုံဟာ သူ့ခေါင်းထဲအလိုလိုပေါ်လာပြီး တိကျတဲ့ သုံးဘက်မြင်ပုံရိပ်တစ်ခုကို သူရိုက်ထုတ်လိုက်လိမ့်မယ်။ ကြောက်စရာကောင်းလောက်အောင် အသေးစိတ်ပြီး ပီပြင်တဲ့ အရုပ်မျိုးပေါ့။ တကယ်တော့သူက ပါရမီရှင်တစ်မျိုးပဲ။ အဲဒါ အံ့သြစရာကောင်းတယ်´


`အလိုလို တတ်နေတဲ့လူမျိုးပေါ့´
`အမှန်ပဲ။ အဲဒီကိစ္စကို ငါ နောက်ကျတော့ သိခဲ့ရတယ်။ အလိုလိုတတ်နေတာလို့ခေါ်ရမယ့် လက္ခဏာမျိုး။ သာမန်ထက်ထူးတဲ့စွမ်းရည် ပိုင်ဆိုင်သူပေါ့။ အဲဒီတုန်းကတော့  ဘယ်သူမှ ဒီအကြောင်းကို မသိခဲ့ကြပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျပ်မပြည့်ဘူး၊ ဒါမှမဟုတ် တစ်ခုခုလို့ သူ့ကို လူတွေက သတ်မှတ်ခဲ့ကြတာ။ ဉာဏ်ထိုင်းတယ် ဒါပေမဲ့ လက်မှုပညာပါရမီပါလို့ ပန်းပုထုကောင်းတဲ့ ကလေးလေးပေါ့။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ ထုတဲ့အရုပ်တွေအကုန်လုံးက ကြွက်တွေချည်းပဲ ဖြစ်နေတယ်။ ကြွက်ရုပ်တွေကို လှလှပပဖြစ်အောင် ထုနိုင်တယ်။ ဘယ်ထောင့်ကကြည့်ကြည့် အသက်ဝင်နေတဲ့ အရုပ်တွေ။ ဒါပေမဲ့ ကြွက်ကလွဲလို့ တခြားဘယ်အရာကိုမှ သူ မထုခဲ့ဘူး။ လူတိုင်းက သူ့ကို အခြား တိရိစ္ဆာန်တစ်ကောင်ကောင် ထုဖို့ တိုက်တွန်းကြတယ်။ ဆိုပါစို့ မြင်း၊ ဒါမှမဟုတ် ၀က်ဝံ။ အဲဒီအတွက်ရည်ရွယ်ပြီးတောင် သူ့ကို တိရိစ္ဆာန်ရုံ ခေါ်သွားခဲ့ဖူးသေးတယ်။ ဒါပေမဲ့ သူကတော့ တခြားအကောင်တွေအပေါ် စိတ်ဝင်စားမှု တစ်စက်မှ မပြခဲ့ဘူး။ ဒီလိုနဲ့ သူတို့လည်း လက်လျှော့ပြီး သူ့အတိုင်းထားလိုက်တော့တယ်။ ကြွက်တွေပဲ လုပ်ပါစေပေါ့။ ကြွက်တွေနဲ့ပတ်သက်လို့တော့ အရွယ်စုံ၊ ဟန်စုံ၊ အနေအထားအစုံ သူ လုပ်ခဲ့တယ်။ အဲဒါ ထူးဆန်းတယ်လို့ ငါတော့ ထင်တယ်။ ငါဆိုလိုတာက အဲဒီမိဘမဲ့ဂေဟာမှာ ကြွက်ဆိုလို့ တစ်ကောင်တစ်မြီးမှ ရှိခဲ့တာ မဟုတ်ဘူး။ အဲဒီနေရာမှာ အရမ်းအေးတယ်၊ စားစရာ တစ်ခုမှမရှိဘူး။ ဆိုပါစို့ ကြွက်တွေနေဖို့တောင် အရမ်းခေါင်းပါးလွန်းနေတဲ့ နေရာ။ သူဘာလို့ ကြွက်တွေကို ညိနေလဲ ဘယ်သူမှ ခန့်မှန်းလို့မရခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူလုပ်တဲ့ကြွက်တွေအကြောင်း သတင်းပေါက်သွားတယ်။ သတင်းစာမှာ ပါတယ်။ လူတွေက ၀ယ်ချင်လို့ စုံစမ်းလာကြတယ်။ မိဘမဲ့ဂေဟာ အကြီးအကဲ၊ ကက်သလစ်ဘုန်းတော်ကြီးက သူလုပ်တဲ့ကြွက်ရုပ်တွေအတွက် လက်မှုပစ္စည်းဆိုင်တစ်ဆိုင် လုပ်လိုက်တယ်၊ လေ့လာရေးခရီးသည်တွေကို ရောင်းတယ်။ ၀င်ငွေအသင့်အတင့်ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကရတဲ့ငွေ တစ်ပြားတစ်ချပ်မှ ကောင်လေးဆီ ပြန်ရောက်မလာပါဘူး။ အဲဒီငွေတွေနဲ့ သူတို့ ဘာလုပ်သလဲတော့ ငါမသိဘူး။ ဂေဟာအကြီးအကဲတွေက သူတို့ကိုယ်ကျိုးအတွက် အသုံးပြုသလားလို့ ငါသံသယရှိတယ်။ ကောင်လေးရတာဆိုလို့ သူ့အလုပ်ရုံထဲမှာ ပန်းပုပစ္စည်းတွေ ပိုရလာတာပဲရှိတယ်၊ ဒါမှ ကြွက်တွေဆက်လုပ်နေနိုင်မှာကိုး။ သူကတော့ ပင်ပင်ပန်းပန်း အလုပ်ကြမ်းတွေက အနားရသွားတာ အမှန်ပဲ။ ငါတို့အားလုံးအပြင်ထွက် အလုပ်လုပ်နေချိန်မှာ သူကတော့ ကြွက်တွေထိုင်ထုနေဖို့ပဲ လိုတော့တယ်။ အဲဒါတစ်ခုတော့ သူကံကောင်းသွားတယ်လို့ ဆိုရမယ်။

`နောက်ဆုံးသူဘယ်လိုဖြစ်သွားလဲ´
`ငါလည်း မသိဘူး။ ဆယ့်လေးနှစ်သားမှာ အဲဒီမိဘမဲ့ဂေဟာကနေ ငါ ထွက်ပြေးခဲ့တယ်။ အဲဒီနောက်တော့ ငါ့ဘာသာပဲ ဖြစ်သလိုရပ်တည်ခဲ့တယ်။ အခုထိ သူ့အကြောင်း ငါ မကြာခဏ စဉ်းစားမိတယ်။ မိဘမဲ့ဂေဟာမှာနေရတဲ့ဘ၀က တော်တော်လေး ဆိုးရွားပါတယ်။ ငါတို့ကို ဘာမှမကျွေးသလောက်ပဲ၊ အမြဲတမ်းဆာနေကြရတယ်။ ဆောင်းတွင်းဆို အေးလွန်းတယ်။ အလုပ်က ကြမ်းတမ်းတယ်။ တခြားကလေးတွေက ငါတို့ကို ရက်ရက်စက်စက် အနိုင်ကျင့်တယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာတော့ အဲဒီမှာ နေရတဲ့ဘ၀ကို ဒီလောက်ကြီး အနာတရဖြစ်ပုံ မပေါ်ဘူး။ ပန်းပုထုနိုင်သေးသရွေ့ ပျော်နေမယ့်ပုံပဲ။ တစ်ခါတလေ သူ့ပန်းပုပစ္စည်းကို ကိုင်ပြီးအလုပ်လုပ်ပြီဆိုရင် အဲဒီထဲနစ်မျောပြီး အရူးတစ်ပိုင်းဖြစ်သွားသလိုပဲ၊ အဲဒါကလွဲလို့ ကျန်တဲ့အချိန်တွေမှာတော့ တော်တော်အေးတဲ့ ကောင်လေးပဲ။ တခြားလူတွေကို သူဘယ်တော့မှ ရန်မရှာဘူး၊ သူ့ကြွက်တွေကိုပဲသူ တိတ်တိတ်ဆိတ်ဆိတ် လုပ်နေမယ်။ သစ်သားတုံးတစ်တုံးကို သူကောက်ယူလိုက်မယ်၊ ပြီး အချိန်အကြာကြီး ငေးကြည့်နေမယ်။ ဘယ်လိုကြွက်မျိုးက၊ ဘယ်လိုအနေအထားမျိုးနဲ့ အတွင်းထဲမှာရှိနေမလဲ သူမြင်ရတဲ့အထိပေါ့။ အဲဒီ ပုံရိပ်ကို သူဖမ်းမိဖို့ အချိန်အတော်လေး ကြာတယ်။ ဒါပေမဲ့ ဖမ်းမိပြီဆိုတာနဲ့ သူလုပ်စရာရှိတာက အဲဒီကြွက်ကို သူ့ ဆူးတွေဆောက်တွေနဲ့ ကလော်ထုတ်လိုက်ဖို့ပဲ။ မကြာခဏ သူပြောလေ့ရှိပါတယ်။ `ဒီကြွက်ကိုငါ ဆွဲထုတ်လိုက်တော့မယ်´ တဲ့။ အဲဒီလိုပဲ သူဆွဲထုတ်လိုက်တဲ့ကြွက်ဟာလည်း ချက်ချင်းကို ထပြေးတော့မယ့်ဟန်နဲ့ ထွက်လာတာချည်းပဲ။ သစ်သားတုံးတွေထဲမှာ ပိတ်မိနေတဲ့ သူ့စိတ်ကူးထဲက ကြွက်တွေကို သူကတော့ လွှတ်မြဲလွှတ်ထုတ်နေခဲ့တယ်´

`ဒါနဲ့ ရှင်က သူ့ရဲ့ ကိုယ်ရံတော်ပေါ့´
`ဟုတ်တယ်။ ဒါပေမဲ့ ဟုတ်ချင်လို့ ဟုတ်တာတော့ မဟုတ်ဘူး။ အဲဒီအခြေအနေမျိုး ဖြစ်သွားတာလို့ပဲ ဆိုရမယ်။ အခြေအနေတစ်ခုကို မင်းဆီပေးအပ်လိုက်ပြီဆိုရင် ကြိုက်ကြိုက်မကြိုက်ကြိုက် အဲဒီအခြေအနေမှာပဲ ရပ်တည်နေရတာမျိုး။ အဲဒါဟာ သတ်မှတ်ချက်တစ်ခုပေါ့။ ဆိုပါစို့ တခြားကောင်လေးတွေက ဆိုးချင်တာနဲ့ သူ့ပန်းပုကိရိယာတွေကို တခြားယူသွားတယ်၊ ငါက သူတို့နဲ့ လိုက်ပြီး သတ်ပုတ်ရတယ်။ တခြားကလေးတွေက ငါ့ထက် အသက်ကြီး၊ လူကောင်ကြီး၊ အယောက်ဘယ်လောက်များပါစေ၊ ငါ သူတို့နဲ့ သတ်ရတယ်။ ဒါပေါ့ သူတို့ထုထောင်းတာကို ငါခံရတဲ့အလှည့်လည်း အများကြီးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရန်ပွဲတွေမှာ ရှုံးတာနိုင်တာက အရေးမကြီးပါဘူး။ သူ့ပစ္စည်းတွေကို ငါအမြဲတမ်း သူ့ဆီ ပြန်ယူပေးနိုင်ခဲ့တယ်။ အဲဒါပဲ အရေးကြီးတယ်´

`ငါ မင်းကိုပြောချင်တာ တစ်ခုက ငါ သူ့အကြောင်းကို မကြာခဏ စဉ်းစားမိတယ်ဆိုတာပဲ။ အဲဒါက ငါသူ့ကို ပြန်တွေ့ချင်တာ ဘာညာ မဟုတ်ဘူး။  ငါသူ့ကို တကယ်ကို ပြန်မတွေ့ချင်ဘူး။ အချက်တစ်ခုက ငါတို့မှာ ဘာပြောစရာမှ ရှိမှာမဟုတ်ဘူး။ ဖြစ်နေတာက သူ အဲဒီလို သစ်သားတုံးတွေထဲကနေ `ကြွက်တွေကို ဆွဲထုတ်တဲ့အကြောင်း´ ကို ငါ့စိတ်ထဲမှာ ပြတ်ပြတ်သားသား ကျန်နေခဲ့တာပဲ။ အဲဒါဟာ ငါ့အတွက်တော့ အရေးကြီးတဲ့ စိတ်မြင်ကွင်းတစ်ရပ်အဖြစ် ကျန်ရစ်ခဲ့တယ်။ အညွှန်းမှတ်လို့ပဲ ဆိုရမယ်။ အဲဒါက ငါ့ကို တစ်ခုသင်ပေးတယ်၊ ဒါမှမဟုတ် သင်ပေးဖို့ ကြိုးစားတယ်။ ဘာလဲဆိုတော့ လူတွေမှာ အသက်ဆက်ရှင်စရာ ဒီလိုမျိုးအရာတွေ လိုတယ်။ စကားလုံးတွေနဲ့ ဖွင့်ဆိုမပြနိုင်တောင်မှ သူတို့အတွက် အဓိပ္ပာယ်တစ်စုံတရာရှိတဲ့ စိတ်မြင်ကွင်းတွေပေါ့။ ငါတို့ အသက်ရှင်နေရတဲ့ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတစ်ရပ်က အဲဒီအရာတွေအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရောက်ဖို့ဆိုတဲ့ သဘောမျိုး။ အဲဒီလို ငါထင်တာပဲ´

တေဇာ (လရောင်လမ်း)
1Q84 by Haruki Murakami မှ ဆီလျော်(မယ်ထင်)သလို ထုတ်နုတ်ပြန်ဆိုပါတယ်။

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA