Skip to main content

စာရွက်ဖိ




ခုတော့ ကိုယ့်အတွက် “စာရွက်ဖိ” လေးတွေ မလိုတော့ဘူး
တစ်ကြောင်းက ကိုယ့်အခန်းက လေသိပ်မ၀င်ဘူး
ပြီးတော့ ကိုယ် စာလည်း သိပ်မရေးဖြစ်ဘူး
ဒီတော့ မင်းလည်း ကြောင်ကလေးတွေကို လျှောက်သတ်မနေပါနဲ့တော့

အခုတော့ ရှိပြီးသား ကြောင်ဦးခွံကလေးသုံးခုတောင်
သိမ်းထားရပြီ။

တေဇာ (လရောင်လမ်း)
ဒီဇင်ဘာ ၂၀၁၂

Comments