Skip to main content

Posts

Showing posts from August, 2014

အချစ်ကိုစားသော ကြွက်များ (1984)

"ကမ္ဘာပေါ်မှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးရွားဆုံးအဖြစ်ဟာ လူတစ်ယောက်နဲ့တစ်ယောက်အကြား ကွဲပြားတယ်။ အရှင်လတ်လတ်မြေမြှုပ်ခံရတာ ဖြစ်ချင်ဖြစ်မယ်၊ မီးရှို့ခံရတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ရေနစ်တာ၊ တံကျင်နဲ့ထိုးခံရတာ၊ ဒါမှမဟုတ်လည်း သေနည်းအမျိုးအစား ၅၀ ထဲက တစ်ခုခုပေါ့။ တချို့ဖြစ်ရပ်တွေမှာ သိပ်ပြီးထူးဆန်းနေတာမျိုးတောင်မဟုတ်ပဲ အမှုမထားလောက်တဲ့ အရာမျိုးလေးတွေလည်း ဖြစ်နေတတ်တယ်" ဟု အိုဘရိုင်ယန်က ပြောသည်။ သူက ဘေးဘက်သို့ အနည်းငယ်တိမ်းလိုက်ပြီး၊ စားပွဲပေါ်တွင်ရှိနေသည့် အရာကို ၀င်စတန် မြင်သာအောင် ပြလိုက်သည်။ ၀ါယာကြိုးဖြင့်ပြုလုပ်ထားသော ရှည်မျောမျော လှောင်အိမ်တစ်ခု၊ သယ်ဆောင်ရန်အတွက် လက်ကိုင်တစ်ခု အပေါ်တွင်ပါသည်။ ၎င်း၏ အရှေ့ဘက်တွင် ပူးတွဲပါရှိသည့်အရာတစ်ခုမှာ ဓားသိုင်းစွပ်မျက်နှာဖုံးနှင့်တူပြီး အခွက်မျက်နှာပြင်အတိုင်း အပြင်ဘက်သို့ ထိုးထွက်နေသည်။ သူ့ဆီမှ သုံးလေးမီတာခန့် ဝေးကွာနေသော်လည်း လှောင်အိမ်ကို အကန့်နှစ်ခုဖြင့် ခွဲခြားထားသည်ကို မြင်နေရပြီး၊ အထဲတွင် သတ္တ၀ါတစ်မျိုးရှိနေ၏။ ကြွက်များဖြစ်သည်။ အိုဘရိုင်ယန်က ပြောသည်။ "ခင်ဗျားကိစ္စမှာတော့ ကမ္ဘာပေါ်မှာဆိုးရွားဆုံးအဖြစ်ဟာ ကြွက်တွေ လာဖြစ်နေတယ်" လှောင်အိမ

#ည၂နာရီ၂၆

တိတ်ဆိတ်တယ် မှောင်တယ် မခန့်မှန်းတတ်ဘူး ကြားရလား အဲဒီက မမြင်ရတဲ့ ပုရစ်တစ်ကောင် အော်နေတဲ့ ပုံသဏ္ဌာန် တကယ်လို့ အိပ်မက်ဟာမြန်ပြီး လေတဟူးဟူးတိုးပြီး ငါက ရာဇဝတ်သား ဖြစ်ပြီး ငါထွက်ပြေးသွားခဲ့တာ အဆုံးမှာ ဂိမ်းစီးတီးက ဆိုင်ကယ်ကြီးဖြစ်မနေဘူးဆိုရင် ဘာလို့ ပြန်မအိပ်ရဲ ရမှာလဲ ဒီလိုပဲ ငါ့ကိုယ်ငါ အားပေးတယ် ယုံကြည်ဖို့ ဒါမှမဟုတ်လည်း မိုင်ကုန်ဖြဲပြီး ဘယ်ဆီမှ မရောက်တဲ့ကိစ္စကို ခံနိုင်ရဲဖို့။ တေဇာ (လရောင်လမ်း) Image: wall.alphacoders.com

အလွှာများ (The Layers)

ဘ၀ပေါင်းများစွာထဲ ငါဖြတ်လျှောက်ခဲ့ဖူးတယ် တချို့ကတော့ ငါ့ကိုယ်ပိုင် လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့ အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့ ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။ ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင် ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့ ငါ နောက်လှည့်ပြန်ကြည့်တော့ မိုးကုပ်စက်ဝိုင်းတူရှူ တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊ စွန့်ပစ်ခံလယ်တောကွင်းတွေဆီက ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့ အစာရှာနတ်စေတမန်တွေ ငါမြင်ရ။ ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့ အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။ သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။ လေပြင်း တိုးတက်တိုက်ခတ်လာနေချိန် လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့ ငါ့သူငယ်ချင်းတွေ သွေးရူးသွေးတန်းဖုံမှုန့်တွေလို ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။ သို့တိုင် ငါကတော့ တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့ ချိုးမြဲချိုးကွေ့နေဆဲ ငါသွားရမယ့် ဘယ်နေရာကိုမဆို ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့ ပြီး လမ်းပေါ်တွေ့သမျှ ငါ