လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

အတိုးဆုံး ကဗျာများ (၅၁)


ငှက်ကလေးကို လေထဲပြန်လွှတ်လိုက်သလို
လွတ်လပ်မှုမျိုးမဟုတ်ဘူး
အမျိုးကောင်းသမီးတန်မဲ့
တံမြက်စည်းပျံကြီးစီးပီး ပျံတက်သွားစမ်းပါ
#transcendence

နေပူဆာလှုံနေတဲ့ ကြောင်ကလေးရဲ့
စိတ်ထဲမှာ
စလိုးမိုးရှင်းကြွက်တွေ ရှိနိုင်တယ်
‪#‎euphoria‬

ပြွတ်သိပ်နေတဲ့ ကြယ်ကလေးတွေအချင်းချင်း
ကြားက အကွာအဝေး
အနာဂတ်တစ်ခုမရှိဘူး
စိတ်ကူးယဉ်ပုံပြင်တွေအများကြီး
ငါတွေးခေါ်နိုင်တယ်
‪#‎Interstellar‬

မကြောက်ပါနဲ့လို့ ကိုယ်မတားနိုင်ဘူး
သရဲတစ်ကောင်တည်းကို
အတူတူမြင်ပေးနိုင်တယ်
#mutuality

ဘာဆိုဘာမှ မလေးနက်ခဲ့ရဘူး
ပင်လယ်ရေမျက်နှာပြင်အထက်
မိုင်ထောင်ချီပျံတက်ခဲ့သည်မှအပ
ငါ ကျွမ်းကျင်စွာ ပျက်ကျခဲ့ရာ ကျွန်း
‪#‎altitude‬

တေဇာ (လရောင်လမ်း)
Image: www.youwall.com

0 comments:

Post a Comment