Skip to main content

အတိုးဆုံးကဗျာများ (၄၁)

Behaviorism

ရလာတဲ့အကြံကတော့ ဖျပ်ခနဲ
လက်ဖျောက်တီးလိုက်ဖို့ပါပဲ
ကောင်းပါပြီ
အဲဒီလိုပဲ လုပ်ကြပါစို့။


The Burnt Fan

တစ်ကိုယ်ကောင်း သိပ်ဆန်ပါတယ်
နွေလယ်ညတွေမှာ
မီးလောင်တစပြင် ဓာတ်ပုံပါ
သတင်းစာနဲ့ ယပ်ခပ်နေမိရသူ။


Bone Dry Living

ကိုယ့်ကိုယ်ကို စာအုပ်တစ်အုပ်လို့ ယူဆတယ်ဆို
ရေစိုခံဖို့ကို ငြင်းဆန်မယ်
ပူးကပ်မသွားချင်ဘူး
ပျက်စီးမသွားချင်ဘူး
ခြောက်သွေ့လွန်းသော ရှင်သန်မှုဟာ
ငါ့ကိုအခု လွယ်လွယ်ဖတ်ဖို့ပါ။


Et cetera

သဒ္ဒါနည်းကျ ချုံ့ပစ်ခွင့်ရှိပါတယ်
တစ်ခုချင်းစီ ညွှန်း(ဖို့)မလိုတော့တဲ့အခါ
ခပ်ဆင်ဆင် အကြောင်းပေါင်းများစွာဟာ
စသည်နှင့် ဆုံးသွားသော ၀ါကျ။


Waning Interjections

မဆဲတော့ဘူး
ငါ သူရဲကောင်းမဆန်တော့ဘူး
အခုလာနေတဲ့ အသံတွေက
မောင်းသူမဲ့လေယာဉ်ပျံတွေဆီက
အာမေဋိတ်ပျောက်ရှခဲ့လေသော ယဉ်ကျေးမှု။

တေဇာ (လရောင်လမ်း)

Comments