Skip to main content

အတိုးဆုံးကဗျာများ (၄၂)

Whisper

လူချင်းနီးစပ်ဖို့ လိုပါတယ်
ဘာဖြစ်လို့လဲ သိလား
ကိုယ် တိုးတိုးလေးပြောပြမယ်
အနားလာကွယ်။

Attention

ယင်ကောင်တစ်ကောင်သေတာ
ဘယ်သူမှ ဂရုမစိုက်ပါဘူး
အေး ငါ့လက်ဖက်ရည်ခွက်ထဲတော့ လာမသေနဲ့ပေါ့ကွာ (တဲ့)
အံ့သြလို့တော့မဟုတ်ဘူး
မူလအတိုင်းပြူးကျယ်ထားပြီးသား စုပေါင်းမျက်စိ။

Benefit of the Doubt


မတည်တဲ့ကတိတွေ
မတောင်းဘဲ အထပ်ထပ် ပေးတဲ့ကမ္ဘာ
စေတနာအကျိုးမပေးနဲ့ ငါ့ကို
သံသယအကျိုးပဲပေး။
Becoming

ဘယ်ကိုမှမရောက်ခဲ့ဘူး
ရေလျှံနေတဲ့ မြစ်သဖွယ်
စီးစရာကမ်းမဲ့
ငါဒီမှာပဲ ကျယ်ပြန့်အောင် အိုင်, ထွန်းခဲ့ရတယ်။

Immune System

ဝါသနာအသစ်တစ်ခုလိုပါ
အစွယ်တွေ ဂျိုတွေ စုချင်လာတယ်
ဒီမှာက သံချပ်ကာကားယောင် ဆောင်လည်းမရ
သင်းခွေချပ်တွေ သေနေတဲ့ကွင်း။

တေဇာ (လရောင်လမ်း)
Image: www.chineseimpression.net

Comments