တိမ်ညို
တစ်ဖျပ်အလှပ်မှာ
လိမ့်ကျလာတဲ့ လရောင်လေးနဲ့
တကယ့် ရိုးသားအားပေးတဲ့
လက်ခုပ်သံလေး တစ်ချက်။
ရရှိခဲ့တာက
တစ်ခွင်လုံးပွင့်နေတဲ့
အဆုံးအရှုံးကြီးကြီးများ…
သုခလမ်းအလွဲများ…။
ရပ်လိုက်တော့
ရပ်လိုက်ကြတော့။
မရှိတော့တဲ့ လူတွေရယ်၊ မတွေ့ရတဲ့ လူတွေအတွက်
(ကိုယ့်ကိုယ်ကိုမှ မလွမ်းလောက်တိုင်း)
လွမ်းလွမ်းနေရတာ ကြာတော့
လိပ်စာကတ်မှာ
`မင်းကိုသိပ်ချစ်တယ်´ လို့ရေးပြီး
သေမင်းကို ရည်းစားစာပေးခဲ့။
ဒုက္ခဆီကိုပဲ တည့်တည့်ရောက်မယ့် ခရီး
မုန်တိုင်းတစ်ခု ငါမွေးထားတယ်
ငါ့ကိုယ်ငါ တိုက်ခတ်ဖို့။ ။
(ထူးအိမ်သင် သို့)
စောဝေ
တစ်ဖျပ်အလှပ်မှာ
လိမ့်ကျလာတဲ့ လရောင်လေးနဲ့
တကယ့် ရိုးသားအားပေးတဲ့
လက်ခုပ်သံလေး တစ်ချက်။
ရရှိခဲ့တာက
တစ်ခွင်လုံးပွင့်နေတဲ့
အဆုံးအရှုံးကြီးကြီးများ…
သုခလမ်းအလွဲများ…။
ရပ်လိုက်တော့
ရပ်လိုက်ကြတော့။
မရှိတော့တဲ့ လူတွေရယ်၊ မတွေ့ရတဲ့ လူတွေအတွက်
(ကိုယ့်ကိုယ်ကိုမှ မလွမ်းလောက်တိုင်း)
လွမ်းလွမ်းနေရတာ ကြာတော့
လိပ်စာကတ်မှာ
`မင်းကိုသိပ်ချစ်တယ်´ လို့ရေးပြီး
သေမင်းကို ရည်းစားစာပေးခဲ့။
ဒုက္ခဆီကိုပဲ တည့်တည့်ရောက်မယ့် ခရီး
မုန်တိုင်းတစ်ခု ငါမွေးထားတယ်
ငါ့ကိုယ်ငါ တိုက်ခတ်ဖို့။ ။
(ထူးအိမ်သင် သို့)
စောဝေ
Comments
Post a Comment