Skip to main content

Posts

Showing posts from March, 2012

ကာတ်ဗောနိဂတ် သေတယ် (မြင့်သန်း)

When the last living thing has died on account of us, how poetical it would be if Earth could say, in a voice floating up perhaps from the floor of the Grand Canyon, 'It is done.' People did not like it here. _Kurt Vonnegut (1922-2007), Requiem ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၁ ရက်၊ ၂၀၀၇ ခုမှာ ကာတ်ဗောနိဂတ် Kurt Vonnegut သေတယ်။ မဲင်ဟတ်တန်မှာ ကာတ်ဗောနိဂတ်ဆိုတာ နော်မာန်မေးလားတို့လို လူမျိုးက 'A marvelous writer with a style that remained undeniably and imperturbably his own ...I would salute him - our own Mark Twain' လို့ ပြောရတဲ့ စာရေးဆရာမျိုး။ သူ့ဂုဏ်ရည်နဲ့ သူ့ဘာသာရပ်တည်နေနိုင်တဲ့ စာရေးဆရာမျိုး။ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်မကောင်းပေတဲ့ မတတ်နိုင်ဘူး။ အထူးသဖြင့် သေတယ်ဆိုတဲ့ကိစ္စက မနက်တိုင်းအိမ်သာတက်ရတာမျိုးမို့ တားထားလို့ရတာမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ ၀မ်းသာတာတစ်ခု ရှိလိုက်မိတယ်။ ကမ္ဘာကြီးပိုမိုပူနွေးလာတယ်ဆိုပြီး မျောက်ပြဆန်တောင်းနေတဲ့ အလ်ဂေါလို သတ္တ၀ါမျိုးတွေရဲ့ ညည်းချင်းတွေကို ကာတ်တစ်ယောက် နားထောင်နေရတော့မှာ မဟုတ်ဘူး။ အီရတ်မှာ ဆာဒမ်လက်ထက်ကထက် အခြေအနေသိပ်ဆို...

နေရင်းထိုင်ရင်း

ဖန်သားပြင်ပေါ်က စကားလုံးတွေအတိုင်း မျက်လုံးကို ရွေ့လျားနေချိန်မှာပဲ ဖျပ်ခနဲ မီးမှောင်သွားတယ်။ မြန်နှုန်းမြင့်စာဖတ်ခြင်းမှာ မျက်လုံးရွေ့လျားပုံက အရေးကြီးသတဲ့။ စကားလုံးတစ်လုံးချင်းစီမဟုတ်ဘဲ စကားစုတစ်ခုစီကို ခြုံငုံပြီး မျက်လုံးသူငယ်အိမ်တွေကို ခပ်မြန်မြန် ရွေ့လျားနေစေရမယ်တဲ့။ အခုတော့ ကံမကောင်းတဲ့ သူငယ်အိမ်တွေ အရှိန်နဲ့သွားနေတုန်း စုန်းစုန်းမြုပ်သွားတယ်။ အခန်းမီးရော ကြည့်နေတဲ့ ဖန်သားပြင်ရော အမှောင်ကျသွားတယ်။ အမှန်တော့ ကွန်ပြူတာက ခဏဖြစ်ဖြစ် မီးဆက်လင်းနေသင့်တာ၊ ဘတ်ထရီက တော်တော် အခြေအနေဆိုးနေပြီပဲ။ ဟိုတစ်နေ့က အခန်းဖော်ပြောတာကို သတိရမိတယ်။ ဘက်ထရီက တစ်ရာရာခိုင်နှုန်းပြနေတယ်ဆို၊ ဘာလို့ပြတ်ရတာလဲတဲ့။ ဟုတ်တယ်၊ ပြတာတော့ တစ်ရာရာခိုင်နှုန်းပဲ၊ ဒါပေမဲ့ ချက်ချင်း ပိတ်သွားတယ်။ တခြားစနစ်တွေလိုပဲ ကွန်ပြူတာ စနစ်ဟာလည်း စနစ်တကျ လိမ်ညာတတ်တယ်။ မလိမ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အမှန်ကိုမပြောဘူးလို့ ဆိုလို့ရတယ်။ One Minute Remaining စာသားပြပြီး ထမင်းအိုးတစ်အိုးကျက်လောက် စောင့်ခိုင်းထားတာတွေ ကြုံခဲ့ဖူးတာပဲ။ ဒီတော့လည်း ရာနှုန်းပြည့်ဆိုတာကို သိပ်မယုံနဲ့လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားလိုက်တယ်။

ပိုးစာအိမ်

မင်း ဘ၀ဟာ အမျှင်တန်းပြီး တန်းလန်းကျနေတဲ့ ပိုးစာအိမ်ကလေးလို့ နားလည်လာတဲ့အခိုက် ဖျပ်ခနဲပွင့်လိုက်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုပြီ လိပ်ပြာကလေးရဲ့ လွတ်မြောက်ပျံသန်းမှုကို အလိုတူလိုက်ဖို့ လိုပြီ။ ~Steven Schneider ၏ About Love

စီးနင်းမှု (၁)

[ ၁ ] စစ်သားများ တံခါးလာခေါက်ချိန်က မိုးစင်စင်လင်းနေပြီ။ ညင်သာသော တံခါးခေါက်သံ ဖြစ်သည်။ လစဉ် ပိုက်ဆံလာကောက်လေ့ရှိသည့် မစ္စတာမာဒင်၏ တံခေါက်သံမျိုးနှင့် ခပ်ဆင်ဆင်တူသည်။ `ငါ ရောက်လာပြန်ပြီ။ အချိန်တွေကုန်တာ မမြန်လား´ ဟု သူက ဂျင်မီ့အမေကို ရယ်ရင်းမောရင်း ပြောလိမ့်မည်။ ထို့နောက် သူကောက်စရာရှိသည့် နှစ်သျှီလင်ခွဲကို ယူပြီး သူ့ခါးတွင် အမြဲပတ်ထားသည့် သားရေအိတ်ကလေးထဲ ထည့်မည်။ သူ့ အရိုးပေါ်အရည်တင် ခြေကျင်းဝတ်က ခြေစွပ်ကို နေရာတကျဖြစ်အောင် ပြန်ပြင်ပြီး အိမ်နံပါတ် ၁၄၃ မှ မစ္စဟက်ချယ်ဆန် အိမ်တံခါးကို ခေါက်ရန်အတွက် စက်ဘီးကလေးပေါ် တက်ခွပြီး ထွက်ခွာသွားလိမ့်မည်။ ဒီနားမှာ နှစ်ကျပ်နဲ့ ပြားခြောက်ဆယ်၊ ဟိုနားမှာ ငါးကျပ်၊ အိမ်နံပါတ် ၇၉  အဘွားကြီးဘတ်စတာဆီက ဈာပနအာမခံငွေ ခြောက်ပဲနိ။ သူမက တစ်ယောက်တည်းအေးအေးနေဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်၏။ ကိတ်မုန့်နှင့် အသားညှပ်ပေါင်မုန့်စသည့် အစားအသောက် အသံမကြားလျှင် ခေါင်းထောင်၍ပင် ထကြည့်မည့်သူမဟုတ်။

စီးနင်းမှု (၂)

[ ၉ ] `ရှန်ဒီ ရှန်ဒီ´ ဟု ဂျင်မီက ခွေးကလေးကို ခေါ်လိုက်သည်။ `ဒီကို ပြန်လာခဲ့´ ထိုစဉ်မှာပင် စက်ဘီးသမားလာခဲ့သည့် မေးလ်ဘန့်လမ်းအတိုင်း အနီးသို့ချဉ်းကပ်လာသည့် အင်ဂျင်စက်သံကို သူ ကြားလိုက်ရသည်။ သူက အ၀တ်ထုတ်ကို ရေနုတ်မြောင်းဆီသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် ရှန်ဒီရှိနေရာ လမ်းမဆီသို့ တဟုန်ထိုးပြေးသွားမိသည်။ ရှန်ဒီက မြေကြီးကို တရှုံ့ရှုံ့နမ်းရင်း အမြီးကို နမ့်နေသည်။ ခွေးကလေး၏ လည်ပတ်ကို ဂျင်မီ ဆွဲယူလိုက်စဉ်မှာပင် စစ်ကားတစ်စင်း သူတို့ရှိရာဆီသို့ ရောက်လာသည်။ `ဟိုလူ ဘယ်လမ်းကို သွားလဲ။ စက်ဘီးနင်းသွားတဲ့လူလေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´ စစ်သားက သေနတ်ပြောင်းကို ဂျင်မီ့ဘက်ထိုးချိန်ရင်း မေးလိုက်သည်။ `ငါမေးတာ ဖြေ။ အဲဒီလူ ဘယ်လမ်းကို သွားလဲ´

စီးနင်းမှု (၃)

[ ၁၇ ] `ပန်းခြံထဲမှာတော့ ဘယ်သူမှမရှိဘူး´ ဟု ခြုံနွယ်များကို လက်ဖြင့်ထိုးခွဲပြီး ချောင်းရိုးကို ဖြတ်ကာ ပုန်းအောင်ချောင်းကြည့်နေရာမှ ရောဘတ်က တီးတိုးပြောသည်။ သူက ကွန်မန်ဒိုစိတ်ဝင်နေသည်။ သူ့ရဲဘော်၏ ပုခုံးပေါ်သို့ ခေါင်းတင်ပြီး ဂျင်မီက သူကိုယ်တိုင် တစ်ချက်ကြည့်လှမ်းကြည့်လိုက်သည်။ `သူတို့ ထွက်သွားပြီ။ သူတို့ ဘာမှရှာမတွေ့ဘူး´ `မင်းဘယ်လိုလုပ်သိလဲ´ ဟု ရောဘတ်က မေးသည်။ `မင်းကို ပြောလို့မရဘူး။ ငါ့ဘာသာ သိတာပေါ့´ ဟု ဂျင်မီက ပြန်ဖြေသည်။ `သူတို့ ဘာရှာနေတာလဲဆိုတာ အခု ငါ့ကို ပြောပြလေကွာ။ ငါတို့က သူငယ်ချင်းတွေပဲ၊ မှတ်မိတယ်မဟုတ်လား´ `ငါမင်းကို ပြောသားပဲ ရောဘတ်။ ငါ မပြောပြနိုင်ဘူး´ ဟု ပြောရင်း သူတိတ်ဆိတ်သွားသည်။ ထို့နောက် ချောင်းရိုးကိုဖြတ်ပြီး တစ်ချက်ပြန်ကြည့်ပြန်သည်။ `မနက်ဖြန်ကျရင် ပြောမယ်ကွာ၊ ဟုတ်ပြီလား´ `အေး ပြီးရော´ ဟု ရောဘတ်က ပြောလိုက်သည်။ ရဲဘော်ရဲဘက်သစ္စာရှိမှုနှင့် နားပူအောင်လုပ်နိုင်မှုတို့ကြောင့် နောက်ဆုံးတော့ အကျိုးရှိခဲ့ပြီ။