Skip to main content

Posts

Showing posts from January, 2013

အတိုးဆုံးကဗျာများ (၄၀)

"Abyss" ချောက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်မုန်းတီးတာ တစ်ခုက သူတို့ရဲ့ အောက်ခြေပဲ အဆုံးမဲ့ပဲ ပြုတ်ကျချင်ပါတယ်။ "Liquid Paper" ဖုံးကွယ်ဖို့ထားတဲ့ ကိရိယာဖြစ်ပေမယ့် ဖော်ပြတတ်ပါပေတယ် ပြင်မရတဲ့ ဒီနံရံညစ်ညစ်ပေါ် ငါ တစ်စုံတစ်ရာ ဖွင့်လှစ်ထားခဲ့ဖို့။ "Contradiction" သေချာတာတစ်ခုက သေချာတာတစ်ခုကို မျက်နှာချင်းမဆိုင်ပါဘူး သေချာတာတစ်ခုဟာ ကိုယ့်ကိုယ်ကိုယ် ရင်မဆိုင်ရဲလို့ မှန်, မကြည့်ဘူး။ "II" တစ်ကိုယ်ရည် ကိန်းဂဏန်းတွေရဲ့ ငါးပုံတစ်ပုံဆို ရေတွက်ဖို့ လုံလောက်ပြီ ကမ္ဘာစစ်တွေ ပြီးတော့ ငါတို့တွေ။ " Exception" အပေါ်မော့ကြည့်လို့ အုန်းသီးခြောက်တွေ ပြွတ်သိပ်အောင်သီးနေတာ တွေ့ရင် ကျွန်တော်ခေါင်းမမာပါဘူး ကိုယ့်ရပ်တည်ချက်ကို ရွှေ့ပြောင်းရတဲ့အခါမျိုး ဒီလိုတွေလည်း ရှိတတ်ပါတယ်။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၃ Image: http://www.layoutsparks.com

တိရစ္ဆာန်ရုံ သေဆုံးခြင်း (၂)

စစ်သားတွေဟာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး ပစ်မှတ်ကို ဂရုတစိုက် ချိန်လိုက်တယ်။ ဗိုလ်လေးက အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ သေနတ်မောင်းတွေကို ဆွဲဖြုတ်လိုက်တော့တယ်။ သေနတ်မောင်းရဲ့ တွန်းအားကြောင့် သူတို့ပုခုံးတွေ နောက်ကိုယိမ်းသွားတယ်။ ဦးခေါင်းထဲက ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားသလို သူတို့ စိတ်တွေဟာ ခဏလောက်ကြာအောင် ဗလာနတ္ထိဖြစ်သွားတယ်။ ပြိုင်တူထွက်လာတဲ့ တဝေါဝေါ သေနတ်သံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံထဲမှာ တော်လဲသံလိုပြိုကျလာခဲ့တယ်။ အဆောက်အဦတစ်ခုကနေတစ်ခု၊ နံရံတစ်ခုကနေ တစ်ခု ပဲ့တင်ထပ်နေတယ်။ သစ်သားတွေကို လှီးဖြတ်ပြီး ရေမျက်နှာပြင်ကို ဖြတ်သန်းသွားသလိုပဲ။ အဝေးက မိုးချိန်းသံလို ကြားရသူတိုင်းရဲ့ နှလုံးသားကို ထိုးချေနေတယ်။ လှောင်အိမ်ထဲက သတ္တ၀ါနှစ်ကောင်ကတော့ အသက်ရှူရပ်သွားတယ်။ ပုရစ်တွေတောင်မှ အော်သံရပ်သွားကြတယ်။ ပဲ့တင်နေတဲ့ သေနတ်သံတွေ အဝေးဆီကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး အတော်ကြာတော့ ဘာသံကိုမျှ မကြားရတော့ဘူး။ မမြင်ရတဲ့ ဘီလူးကြီးတစ်ကောင်က ဧရာမတင်းပုတ်ကြီးနဲ့ ထုနှက်လိုက်သလိုပဲ ကျားနှစ်ကောင်ဟာ လေထဲကို ဖျပ်ခနဲမြောက်သွားတယ်။ ပြီးတော့ ကြမ်းပြင်ကို လေးပင်စွာ ပြန်ပြုတ်ကျလာကြတယ်။ နာကျင်စွာ အကျောဆွဲပြီး ...

တိရစ္ဆာန်ရုံ သေဆုံးခြင်း (၁)

သူက အသံကို ဖြေးဖြေးမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောနေတယ်။ ဇာတိပ္ဖိုလ် က ကျွန်တော့်ကို ကျားတွေ၊ ကျားသစ်တွေ၊ ၀ံပုလွေတွေနဲ့ ၀က်ဝံတွေအကြောင်း ပြောပြနေတာ၊ ၁၉၄၅ ခုနှစ် သြဂုတ်လရဲ့ ပူပြင်းခြောက်ခြားဖွယ် နေ့လယ်ခင်းတစ်ခုမှာ စစ်သားတွေက ပစ်သတ်လိုက်တဲ့ တိရစ္ဆာန်တွေ အကြောင်းပေါ့။ သူပြောပုံက အစီအစဉ်တကျနဲ့ ရှင်းလင်းလွန်းလို့ ကျွန်တော့်စိတ်ထဲမှာ ရုပ်ရှင်မှတ်တမ်းတစ်ခုကို ကြည့်နေရတယ်လို့တောင် ထင်လာမိတယ်။ သူပြောတဲ့အထဲမှာ ၀ိုးတ၀ါးတစ်ခုမှ မပါဘူး။ ဒါနဲ့တောင် ဒီအဖြစ်အပျက်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့တာတော့လည်း မဟုတ်ပြန်ဘူး။ အဲဒီအဖြစ်အပျက် ဖြစ်နေတုန်းက သူက မန်ချူးရီးယားကနေ မိခင်ဂျပန်ပြည်ကို ပြန်လာတဲ့၊ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ခရီးသည်တင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ ရပ်နေခဲ့တာ။ အဲဒီအချိန်က သူကိုယ်တိုင် မျက်မြင်ဒိဌ တွေ့နေရတဲ့မြင်ကွင်းက အမေရိကန်ရေငုတ်သင်္ဘောတစ်စင်းရဲ့ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အများနည်းတူပဲ သူနဲ့ အခြားကလေးငယ်တွေဟာ တန်ဆာခန်းရဲ့ မခံမရပ်နိုင်တဲ့ ရေနွေးငွေ့အပူရှိန်ကို ရှောင်ရှားရင်း သင်္ဘောကုန်းပတ်က သံဇကာကွက်တွေကို မှီလို့ ညင်သာတဲ့ လေညင်းကို ခံစားနေချိန်ပေါ့။ လေညင်...

သပြေနုချိန်

မျက်လှည့်ပြပွဲတွေ ထိုင်ကြည့်ရသလိုမျိုးအရာရာ   ခန်းစည်းတွေ နောက်ကွယ်မှာ ပြဇာတ်တွေတိုက်နေဆဲ မပြောင်းလဲပါ..။ ~လင်းလင်း ခုတလော ကျွန်တော်ပဲ အမေ့ကို ဈေးလိုက်ပို့ရတယ်၊ အစ်ကိုက မအားလို့။ ဈေးကို အိမ်ကနေ လမ်းလျှောက်သွားဖို့ဆို နည်းနည်းလှမ်းတော့ စက်ဘီးနဲ့လိုက်ပို့ရတယ်။ မကြာသေးခင်ကမှ အိမ်ပြောင်းထားလို့ ဈေးကိုသွားတဲ့လမ်းက အသစ်ဖြစ်သွားတယ်။ သွားရမယ့် ဈေးကတော့ အရင်သွားနေကျ ဈေးဟောင်းပါပဲ။ Destination တစ်ခုတည်းပေမယ့် ကိုယ်က ထွက်ခွာရာအရပ် ပြောင်းသွားတော့ လမ်းလည်း အသစ်ဖြစ်သွားတယ်။ အရင်နေရာကို ရောက်ဖို့ပဲ လမ်းသစ်က သွားနေကြရတာ။ အိမ်နားမှာက မူလတန်းကျောင်းလေး တစ်ခုရှိတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်တော်တက်ဖူးသားပဲ။ အခု နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ရတော့လည်း အရင်လိုပါပဲ။ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိဘူး။ တစ်ခုပဲ၊ ကျွန်တော်က သိတဲ့ ဒါမှမဟုတ် ကျွန်တော့်ကို သိတဲ့ ဆရာမ တစ်ယောက်နဲ့မှ လမ်းပေါ်မှာ မဆုံမိသေးဘူး။ အရင်လိုပဲဆိုပေမယ့် လူတွေကတော့ ပြောင်းလဲသွားကြပြီ ထင်ပါရဲ့။ အဲဒါကို အသစ်လို့ ခေါ်နိုင်မလားဆိုတာတော့ ကျွန်တော် မသေချာဘူး။ ကျောင်းရဲ့နောက်ဖက်မှာတော့ လယ်ကွင်းကျယ်ကြီး ရှိနေသေးတယ်။ ပြီး...

ရေဘဲ

ခပ်ကျဉ်းကျဉ်း ကွန်ကရစ်လှေကားရဲ့ အောက်ခြေအထိ ရောက်တော့ ဟိုးအရှေ့ဆီကို အဆုံးမရှိလို့ ထင်ရလောက်အောင် ဖြန့်ခင်းထားတဲ့ ကော်ရစ်ဒါတစ်ခုကို ကျွန်တော်မြင်လိုက်ရတယ်။ မျက်နှာကြက်က အရမ်းမြင့်ပြီး ရှည်လျားလှတဲ့ ကော်ရစ်ဒါတစ်ခု။ ကော်ရစ်ဒါဆိုတာထက် လမ်းမြောင်က ခြောက်ကပ်နေတဲ့ မိလ္လာမြောင်းတစ်ခုနဲ့တောင် ပိုတူနေတယ်။ အဆင်တန်ဆာဆိုလို့ တစ်ခုမှမရှိတော့ ဒါမျိုးမှ တကယ့်ကော်ရစ်ဒါစစ်စစ်လို့တောင် ကြွေးကြော်ရလောက်တယ်။ မီးရောင်ကလည်း ခရမ်းချဉ်သီးလောက်ပဲလင်းတယ်။ ဒီကော်ရစ်ဒါထဲမှာ အလင်းရောင်ကိုယ်တိုင်တောင် လမ်းမှားတွေထဲ ခဏခဏ၀င်မိပြီး နောက်ဆုံးကျမှ လိုရာအရပ်ရောက်ခဲ့ရပုံပဲ။ ဖုန်မှုန့်မဲမဲထူထူတွေကို ဖြတ်ပြီး ကျွန်တော်လျှောက်လာလိုက်တယ်။ မျက်နှာကြက်တစ်လျှောက် အကွာအဝေး မညီမညာတပ်ထားတဲ့ မီးချောင်းတွေမှာ အဲဒီဖုန်မှုန့်တွေက ကပ်နေတယ်။ မီးချောင်းတွေကလည်း သုံးချောင်းမှာ တစ်ချောင်းလောက်က ကျွမ်းနေပြီ။ ကျွန်တော့်လက်ကိုတောင် ကျွန်တော်ပြန်မမြင်ရသလောက်ပဲ။ တိတ်ဆိတ်နေတဲ့ နေရာပါ။ မှိန်ပြပြလမ်းမြောင်လေးတစ်လျှောက်မှာ ရှိနေတဲ့ တစ်ခုတည်းသော အသံကတော့ ကျွန်တော့်တင်းနစ်ရှူးဖိနပ်က ကွန်ကရစ်ကြမ်းပြင်နဲ့ထိလို့ ထွက်လာတဲ့ တဖျပ်ဖျပ်အသံပဲ။