ချောက်တွေနဲ့ ပတ်သက်ပြီး
ကျွန်တော်မုန်းတီးတာ တစ်ခုက
သူတို့ရဲ့ အောက်ခြေပဲ
အဆုံးမဲ့ပဲ ပြုတ်ကျချင်ပါတယ်။
"Liquid Paper"
ဖုံးကွယ်ဖို့ထားတဲ့ ကိရိယာဖြစ်ပေမယ့်
ဖော်ပြတတ်ပါပေတယ်
ပြင်မရတဲ့ ဒီနံရံညစ်ညစ်ပေါ် ငါ
တစ်စုံတစ်ရာ ဖွင့်လှစ်ထားခဲ့ဖို့။
"Contradiction"
သေချာတာတစ်ခုက
သေချာတာတစ်ခုကို
မျက်နှာချင်းမဆိုင်ပါဘူး
သေချာတာတစ်ခုဟာ
ကိုယ့်ကိုယ်ကိုယ် ရင်မဆိုင်ရဲလို့
မှန်, မကြည့်ဘူး။
"II"
တစ်ကိုယ်ရည် ကိန်းဂဏန်းတွေရဲ့
ငါးပုံတစ်ပုံဆို
ရေတွက်ဖို့ လုံလောက်ပြီ
ကမ္ဘာစစ်တွေ
ပြီးတော့ ငါတို့တွေ။
"Exception"
အပေါ်မော့ကြည့်လို့ အုန်းသီးခြောက်တွေ
ပြွတ်သိပ်အောင်သီးနေတာ တွေ့ရင်
ကျွန်တော်ခေါင်းမမာပါဘူး
ကိုယ့်ရပ်တည်ချက်ကို ရွှေ့ပြောင်းရတဲ့အခါမျိုး
ဒီလိုတွေလည်း ရှိတတ်ပါတယ်။
တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ ၂၀၁၃
Image: http://www.layoutsparks.com
ကြိုက်တယ်...လောလောဆယ်တော့ အုန်းသီးတွေ အတော်များနေသလိုပဲ...
ReplyDeleteမရောက်ဖြစ်တာ ကြာလို့ တိုး...တိုး....လေး ဖတ်သွားတယ်..
ReplyDelete