ကိုယ်ပိုင်ဆုံးဖြတ်ချက်က နည်းနည်း
ပါနေတဲ့ သောက်ကျင့်တွေနဲ့ပဲ ရွေးချယ်တတ်ကြတယ်
တကယ်တော့ လူတွေလုပ်လုပ်နေပုံက
စိတ်ပညာရှင်တွေ ပြောပြောနေသလို
ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ
ဝူခုန်းအဖြစ် ရုတ်တရက် ဖန်ဆင်းခံလိုက်ရတဲ့
တကယ်တော့ လူတွေလုပ်လုပ်နေပုံက
စိတ်ပညာရှင်တွေ ပြောပြောနေသလို
ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ
ဝူခုန်းအဖြစ် ရုတ်တရက် ဖန်ဆင်းခံလိုက်ရတဲ့
ကစားစရာ ရောင်စုံဂျုံခဲ။
အိုဗာတွေမဟုတ်ဘူး
ဝမ်းသာလွန်းရင် မျက်ရည်ကျတတ်တာကို ယုံသွားတယ်
အိုဗာတွေမဟုတ်ဘူး
ဝမ်းသာလွန်းရင် မျက်ရည်ကျတတ်တာကို ယုံသွားတယ်
ချောင်းထဲက ဆယ်မွန်ငါးပေါက်စနကလေးတွေ
သေတ္တာတွေစီးပြီး တောင်တရုတ်ပင်လယ်ထဲက
ပြန်ပြန်လာတုန်းက တစ်ခါ၊
ကိုယ်သောက်မြင်ကပ်တဲ့ ကောင်မလေး
ပုရစ်ကြော်တွေကို စားစရာထင်ပြီး ၀ယ်ဝယ်စားတုန်းကတစ်ခါ။
သောက်ရေးမပါတာ
တီချာပဲ စဉ်းစားကြည့်စမ်းပါ
ညာဘက်က ကောင်က ဘယ်နဲ့ရေးတော့
စာရေးတိုင်း တံတောင်ချင်းတိုက်မိတယ်
တီချာလည်း လက်ရေးလှတာ ကြိုက်ပါတယ်
ဒီတော့ သမိုင်းထဲကလို ပထ၀ီဝင်ထဲကလို
ကျွန်တော်တို့ စာရေးစားပွဲကို နယ်စည်းခြားရတယ်
ကျော်လာရင် ဆော်မယ်၊
ဒီကောင်ကိုကလည်း ခေါင်းမာလွန်းပါတယ်
တစ်တန်းလုံး ဒီလိုပဲညာနဲ့ ရေးနေကြတာ
သူ့ကျမှ ချွန်ပြီး ဘယ်နဲ့ရေးချင်တာ။
ကြည့်ပြောဦး
ကျွီကျွီကျွီမြည်တဲ့ ဖိနပ်ကလေး
လူကြီးတွေက လမ်းလျှောက်တတ်စေချင်လို့ ၀ယ်ပေးတယ်
မင်းသားက ငုတ်တုတ်ထိုင်ပြီး လက်နဲ့ချည်းနှိပ်နှိပ်နေတယ်
ငါ့ကို ပရိုဂရမ်လာမချနဲ့
အိုဖေကြီးရယ်
သားလေးက ဂီတပါရမီရှင်လေးလားမှ မသိတာ
ထပ်ပြောမယ်၊ ငါ့ကို ဘယ်လိုပရိုဂရမ်မှ လာမချနဲ့။
အဲဒီရာဘာပင်က ထွက်ကျလာတဲ့ အစေးတွေက
ကင်းခြေများဘယ်နှစ်ကောင် ဖြစ်သွားလဲ
နှံကောင်ဘယ်နှစ်ကောင် ဖြစ်သွားလဲ
မြွေစိမ်းမီးကျောက်ဘယ်နှစ်ကောင် ဖြစ်သွားလဲ

ထိတ်လန့်ခြောက်ခြားနေတာလည်း ဖျော်ဖြေမှုပုံစံတစ်မျိုးပဲ
ကျောင်းသုံးစာအုပ်တွေ လွယ်အိတ်ထဲကနှိုက်တိုင်း ငါ သတိကြီးကြီးလာတယ်။
ကျွန်မတို့ ကိုယ့်အားကိုယ်ကိုးရမယ်
ကျွန်မတို့ ကလေးတွေ ကိုယ့်ပုခက်ကိုယ်လွှဲပြီး
အိပ်တတ်အောင် လေ့ကျင့်ပေးရမယ်

ကျွန်မတို့ လေးကျင့်ပေးရမယ်။
ထိကရုန်းပင်ပေါ် ရထားတွဲကောင်ဖြတ်လျှောက်လိုက်သလို
ဖြစ်စဉ်က နှစ်ဦးနှစ်ဖက် နှိုးရခက်တာမျိုး
ဒါလည်း ဖြစ်တတ်ပါတယ်။
တေဇာ (လရောင်လမ်း)
Comments
Post a Comment