Skip to main content

Posts

Showing posts from June, 2014

အလေ့အကျင့်

မနေ့ည ငါ့အလုပ်ပြီးတော့ ကွဲရှင်းပြတ်စဲထားတဲ့ ငါ့လက်တွေက သွေးခုန်နှုန်းလို အမေ့ခံအရာတွေကို တညီတညွတ်တည်း စိတ်ဝင်စားလာကြ ဖြိုးဖြိုးဖျပ်ဖျပ် ညကောင်းကင် ပြတင်းကနေ ငါကြည့်လိုက်တယ် ပြီး ချက်ချင်းပဲ လမင်းကို ငှက်မွှေးချုပ်ရိုးလိုင်းနဲ့ ပတ်ချာလည်သီမိတယ်။ About Poem ကဗျာဆရာမ Hazel Hall သည် အသက် ၁၂ နှစ်အရွယ်မှစ၍ သွက်ချာပါဒဝေဒနာ ခံစားခဲ့ရသည်။ သူသည် ကဗျာရေးသလို အပ်ချုပ်ဆရာမတစ်ဦးလည်း ဖြစ်သည်။ တေဇာ (လရောင်လမ်း) Habit by Hazel Hall ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

ပျော်ရွှင်ဖွယ်မွေးနေ့

"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့" သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။ "ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။ "ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။ "ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ" နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အ...

အမည်မဲ့စစ်သား

အရေးမပါတဲ့ကိစ္စပါ၊ ကျုပ်တို့ကလေးကို ခရစ်နှစ်သုံးထောင်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီး ပထမဆုံးမွေးတဲ့ နျူးယောက်မြို့ဖွားကလေးငယ်လို့ သူတို့က ပြောတယ်။ ၂၀၀၀ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ ညသန်းခေါင်အပြီး ဆယ်စက္ကန့်အကြာမှာပေါ့။ လူအများထောက်ပြကြသလိုပဲ၊ တကယ်တော့ သုံးဆယ်ရာစုထဲကို တာစထွက်ဖို့ဆိုတာက ၂၀၀၁ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှ စ,ရမှာပါ။ နက္ခတ်ဗေဒအရပြောရင်လည်း ကျုပ်တို့ကလေးကို မွေးတော့ နှစ်သစ်တောင် ခြောက်နာရီသားဖြစ်နေပြီလေ၊ ဘာလို့ဆို ဒါက အင်္ဂလန်၊ ဂရင်းနစ်က တော်ဝင်စောင့်ကြည့်ရေးဌာနမှာ အချိန် စ,ခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း ခရစ်တော်ရဲ့မွေးနေ့တောင်မှ ခန့်မှန်းခြေကိုပဲ သတ်မှတ်ထားကြတာဆိုတော့ ဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သိပ်ခေါင်းရှုပ်ခံနေစရာတော့ မရှိဘူး။ ဒီလိုကိန်းဂဏန်းအချက်အလက်တွေက သိပ်ကိုေ၀၀ါးလွန်းတယ်။ ပြီးတော့ ဘယ်ကလေးက ဘယ်နမိနစ်မှာ မွေးတယ်လို့ ဘယ်သူက ပြောနိုင်တာမှတ်လို့။ ခေါင်း စ,ထွက်လာတဲ့ အချိန်လား။ တစ်ကိုယ်လုံး အမေ့အပြင်ရောက်မှလား။ အချင်းဖြတ်ပြီးတဲ့ အချိန်လား။ မြို့မှာ ၂၀၀၀ ခုနှစ်ရဲ့ ပထမဆုံးမွေးဖွားတဲ့ကလေးကို တန်ဖိုးကြီးတဲ့ ဆုတွေအမြားအပြားပေးဖို့ ရှိလေတော့၊ အချင်းဖြတ်တဲ့အချိန်ထိတော့ တွက်လို့မဖြစ်ဘ...

မျက်စပစ်ခြင်း နောက်ဝယ်

[ ၁ ] ဇာတ်လမ်းအစကတော့ ဘာပြဿ     နာ  မှ မရှိခဲ့တာပါ။ ဇာတ်လမ်းဆိုတာ ဘာကိုမှဆိုလိုချင်တာမဟုတ်ဘူးရှင့်၊ ကျွန်မအာရုံလာတဲ့အတိုင်း ပြောလိုက်မိတာ။ ဒီမှာ ကျွန်မပြောမယ်၊ အသက်လေးဆယ့်နှစ်နှစ်၊ ကလေးသုံးယောက်၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင့်တာဝန်တွေယူထားရသူဆို ရှင်ရော စိတ်လှုပ်ရှားစရာကို ရှာဖွေမျှော်လင့်မိမှာပဲလား။ ရုတ်တရက် ကားဘရိတ်ကို အပြင်းနင်းချပြီး သွေးကျောအားလုံးထဲက ယီးးး…ဟလို့ ပေါက်ကွဲထွက်လာတဲ့ ပေါက်တက်ကရ စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲနဲ့လေ။ အခုနောက်ပိုင်းမှာ ယောက်ျားတွေကို ကျွန်မ သတိထားကြည့်နေခဲ့မိတာ အမှန်ပဲ။ အထူးသဖြင့်တော့ သူတို့ရဲ့ လက်မောင်းသားတွေပေါ့။ ဘာလို့လဲလို့တော့ ကျွန်မကို မမေးနဲ့၊ ယောက်ျားတွေရဲ့လက်မောင်းတွေကို ကျွန်မ ကြွေသွားတာ ရုတ်တရက်ကြီးဆိုသလို ဖြစ်လာတာ။ မိန်းကလေးတွေမှာ မရှိတဲ့ တံတောင်ဆစ်အောက်ပိုင်းက အမြောင်းမြောင်းထနေတဲ့ ကြွက်သားစိုင်တွေနဲ့ မွှေးညင်းပါးပါးလေးရှိနေတဲ့ လက်ဖျံတွေ။ ပြီးတော့ လေးထောင့်ကျပြီး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတွေရဲ့ လက်ဖ၀ါးတွေ။ အို.. ဒါတွေကို ကျွန်မ နေရာတကာမှာ မြင်နေရတယ်ရှင်။ စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ သောက်တလွဲ စူပါ...

မနေ့က (၂)

စနေနေ့ကျတော့ ကျွန်တော်နဲ့ အီရီကာတို့ ရှီဘူယာမှာတွေ့ပြီး နယူးယောက်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ ၀ူဒီအလန်ရုပ်ရှင်ကားကို ကြည့်ကြတယ်။ သူ ၀ူဒီအလန်ရုပ်ရှင်တွေကို ကြိုက်တယ်ဆိုတာ ကျွန်တော် တစ်နည်းနည်းနဲ့ အနံ့ရလိုက်သလိုပဲ။ ပြီးတော့ ကီတရုအနေနဲ့ သူ့ကို အခုလို ရုပ်ရှင်ကြည့်ဖို့ တစ်ခါမှမခေါ်ဖူးဘူးဆိုတာ ကျွန်တော်အသေအချာပြောရဲတယ်။ ကံကောင်းချင်တော့ ရုပ်ရှင်ကားကလည်း ကောင်းတယ်၊ ရုံထဲကထွက်လာတော့ ကျွန်တော်တို့နှစ်ယောက်လုံး ရွှင်မြူးနေကြတယ်။ နေ၀င်ရီတယောလမ်းတွေအတိုင်း ကျွန်တော်တို့ ခဏလောက် ခြေဦးတည့်ရာလျှောက်လာခဲ့ကြတယ်။ ပြီးတော့မှ ဆာကူရာဂိုဝါကာက အီတလီရပ်ကွက်လေးတစ်ခုကိုသွားပြီး ပစ်ဇာနဲ့ ကီယန်းတီးဝိုင်နီ သောက်ကြတယ်။ ဆိုင်လေးက စားပျော်သောက်ပျော်ရှိပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်။ အလင်းရောင်မှိန်မှိန်ပဲရှိပြီး စားပွဲတွေပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းထားတယ်။ (အဲဒီအချိန်းတုန်းက အီတလီစားသောက်ဆိုင်အတော်များများဟာ စားပွဲတွေပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး စားပွဲခင်းကို ပိုးသားရောင်စုံအကွက်ဆင်တွေ သုံးတတ်ကြတယ်) ကျွန်တော်တို့ကတော့ ရောက်တတ်ရာရာ အကုန်လျှောက်ပြောကြတယ်၊ ပထမဆုံးချိန်းတွေ့တဲ့ ကောလိပ်ဒုတိယနှစ်ကျောင်းသားနှစ်ဦး ပြေ...

မနေ့က (၁)

ဘီတဲလ်စ်တွေရဲ့ "မနေ့က" ဆိုတဲ့ သီချင်းတေးသွားမှာ ဂျပန်စာသားတွေသွတ်သွင်းခဲ့တဲ့သူ (ပြီးတော့လည်း ဘယ်သူနဲ့မှမတူတဲ့ ခန်ဆိုင်းလေသံနဲ့) ဟာ ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ ကီတရုဆိုတဲ့ကောင်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ရေချိုးကန်ထဲမှာ ၀င်စိမ်နေတဲ့အချိန်တိုင်း သူက သူ့ကိုယ်ပိုင်ဟန်ဖြစ်သွားတဲ့ အဲဒီသီချင်းစာသားကို အော်ကြီးဟစ်ကျယ် ဆိုလေ့ရှိခဲ့တယ်။ "မနေ့ကဆိုတာ... မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ..." ကျွန်တော်မှတ်မိသလောက် သီချင်းအစက အဲဒီလိုပါ။ ဒါပေမဲ့ မကြားခဲ့ရတာလည်း အတော်ကြာပြီဆိုတော့ ဒီစာသားအတိုင်း အတိအကျလားဆိုတာ ကျွန်တော်မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကီတရုရဲ့ သီချင်းစာသားဟာ အစကနေအဆုံးထိ တစ်လုံးမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ မူရင်းစာသားတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ ပေါက်တတ်ကရတွေပဲ။ ဘီတဲလ်စ်တွေရဲ့ ရင်းနှီးပြီးသား ချစ်စရာအဆွေးသံစဉ်လေးဟာ အာပေါင်အာရင်းသန်တဲ့ ခန်ဆိုင်းလေသံ (အဆွေးဓာတ်နဲ့ လုံးလုံးဆန့်ကျင်ဘက်လို့ပဲ ပြောပါတော့) နဲ့ မိတ်ဖက်ဖြစ်သွားရတယ်။ ဒီတော့လည်း သီချင်းရဲ့အစပ်အဟပ်က ဆန်းနေတယ်၊ စနစ်တကျထုဆစ်ပုံဖေါ်မှုအပေါ် ပြတ်ပြတ်သားသား ငြင်းချက်ထုတ်လိုက်သလိုပဲ။...