Skip to main content

Posts

ကဗျည်းကျောက်တိုင် တစ်ခုမပိုင်ဘဲ

ပုတ်သင်ညို ကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာ ကြောင်တွေ၊ ခူကောင်တွေ၊ သစ်ရွက်အခြောက်တွေ၊ ဂေါ်ဘီအဖြူထုပ်တွေ၊ သစ်တော်သီးတွေနဲ့ ခရုတွေကို ပန်းချီရေးဖို့ သင်ယူကြရတယ်။ ဒါပေမဲ့ ပုတ်သင်ညိုရေးဆွဲနည်းကို သင်ကြားဖို့ကိစ္စကျတော့ ဘယ်သူမှ မစဉ်းစားကြဘူး။ အကြောင်းပြချက်က ပုတ်သင်ညိုတစ်ကောင်ရေးဖို့ဆိုတာ အလွန်ခက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့ ယူဆချက်ထဲမှာ ရှိလေရဲ့။ ဒီလိုအယူအဆဟာ အမှန်တရားနဲ့ ဝေးလွန်းလှသပေါ့။ တကယ်က ပုတ်သင်ညိုတစ်ကောင်ရဲ့ပုံကို ရေးဆွဲရတာဟာ အခြားသောသတ္တ၀ါမှန်သမျှကို ရေးရတာထက် လွယ်ကူတယ်။ ပုတ်သင်ညိုကိုရေးတဲ့အခါ ဖယောင်းခဲ ဘယ်အရောင်ကိုသုံးရမလဲဆိုပြီး ပူပင်ကြောင့်ကြစရာ မလိုအပ်ဘူး။ ဘယ်အရောင်ကိုပဲသုံးသုံး အိုကေသွားမှာပဲ။      ဟေ့.... ဒါကဘာစိတ်ကူးလဲ။ ကျုပ်က အ၀ါရောင်ဟာကို မင်းက အပြာရောင်နဲ့ ရေးဆွဲထားပါလားလို့ ပုတ်သင်ညိုတစ်ကောင်ကများ လာပြီး ပြဿနာရှာတယ်ဆိုပါတော့။ ဒီမယ် ကိုယ့်လူ၊ ဒါ ခင်ဗျားရဲ့ မနေ့ကပုံကို ရေးထားတာလို့သာ ပြန်ပြောပစ်လိုက်။ ဒါမျိုး ပြန်ပြောလိုက်လို့ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပုတ်သင်ညိုဟာ မနေ့က သူ့ရဲ့အရောင် ဘယ်လိုရှိခဲ့သလဲဆိုတာကို ကောင်းကောင်းမှတ်မိမှာ မဟုတ်လို...

သတိရခြင်းများမှတ်စု

မွေးဖွားစ အဲဒီတုန်းက တွေးထင်ကိုင်တွယ်ခဲ့သလိုပင် ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ် ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ်။ တစ်ခါစစ်ရှုံး၍ နှစ်သုံးဆယ်သည်းခံတတ်ခဲ့ခြင်းအတတ် မွှေးကြူလိုသော ပန်းခင်းမှာ တဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ ရောင်ကိုင်းစဉ် မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက် ငါ့လက်မှာ တုန်ရီလျက်။ စုဆောင်းမိတဲ့ ၀ါးကျည်တောက်နဲ့အပြည့် ခေတ်၏ ကာလ၏...တဲ့။ သူရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ်။ လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ မဲမဲတစ်အုပ်ပြီးတစ်အုပ် ရွရွလှုပ်လို့ ပူဖောင်းတွေ။ နေ့အတူညအတူ အဖြူသုံးဖို့ဝန်လေး အရေးကြီးတဲ့အချိန်များကို ဇွန်းနဲ့ခပ် ခင်ဗျား သိပ်ပြတ်သားပါတယ်။ ရမက်အလိုကြီးလွန်းလို့ပေါ့ ဒီလူမသေတော့တာ။ အားလုံးအပေါ်မကောင်းနိုင်သေးပါ အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန်... ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ။ ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့။ `ဘယ့်နှယ်လဲ´ သူရဲကောင်းက မေးခွန်းထမ်းလို့။ `တစ်လမ်းသာရှိပါတယ်´ လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့။ တစ်ခါ... အစွန်းတွက်စကားသံ ကားသံနဲ့ ပေါက်တူးသံ အဘိဓမ္မာမျာ...

တနင်္လာနေ့မှာ

မုန်တိုင်းရဲ့ မြည်သံ ရေဘုံဘိုင်ခေါင်းက ကျလာပေါ့ အလို!...။ မြူတွေရစ်သမ်းတဲ့ စကြ၀ဠာတရားထဲ ခါးသီးစွာ ဆုံမိလျက်သား ၀မ်းမြောက်စကားဆိုစို့။ ဒီနေ့အတွက် ပထမဆုံးသောက်ရသော လက်ဖက်ရည်ခွက်၌ ကုန်ခန်းသွားသော ခွန်အားတွေ ယောက်ျားကောင်တွေ ပြန်တွေ့ရတယ် တံခါးကို ပျင်းရိပျင်းတွဲ့ ဖွင့်ထားတယ်။ ပြီး၊ သူဟာ တောင့်တင်းကျန်းမာတယ်လို့ ချောင်းတဟွတ်ဟွတ်နဲ့ ပြောတယ်။ သူဟာ သမားရိုးကျပန်းချီဆရာမဟုတ်ဘူးလို့ သမားရိုးကျ ညည်းညူတယ်။ ဒါ့အပြင် သူဟာ တနင်္လာနေ့ မဟုတ်ဘူးလို့လည်း အဲဒီ တနင်္လာနေ့ကဆိုတယ်။ သူ့မုသားဟာ ခိုင်ခံ့တယ်ဆိုတာ သူ အာမခံပါတယ်တဲ့။ တကယ်လို့ တယ်လီဖုန်းလာရင် မြွေဟာ ကိုယ်စွမ်းတာ ကိုယ်အန်ချခဲ့ရသလို `ငါရှိနေမယ် လာခဲ့လေ´။ ပြီး၊ ဖုန်းပြန်ချလိုက်တယ်။ စဉ်းစားကြည့်တော့လည်း ဒါမဟုတ်သေးဘူးလေ။ အောင်ချိမ့် တစ်ခုသောစနေနေ့မှာ တေဇာဟာ ဘိုင်ကျနေသောကြောင့် (ထုံးစံအတိုင်း) စိတ်ညစ်ညစ်ရှိတာနဲ့ ကဗျာလေးတစ်ပုဒ်ကို မရိုးမရွ ခိုးချပြီး တင်လိုက်ပါတယ်။ ဆရာအောင်ချိမ့်ရဲ့ကဗျာကို ခိုးချခြင်းမှန်သော်လည်း သူ့လက်ရာခြေရာ သေးသေးလေးလည်း ပါလိုသောကြောင့် ဘယ်သူမျှမရှင်းခိုင်းပါပဲနဲ့ ရှင်းကြည့်ပါတယ်ဗျာ။ သည်းခံကြပါ ဟဲဟဲ။ ပထမဆုံးစာပိုဒ်မှာပဲ မရှင်းမရှင်းဖြစ်ရပါတ...

လွတ်လပ်စွာ ကွဲလွဲခွင့်

ခင်ဗျားပြောသမျှ တစ်လုံးတစ်ပါဒကိုမျှ ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အဲဒီလိုပြောပိုင်ခွင့်ကိုတော့ ကျွန်တော် သေတဲ့အထိ ခုခံတိုက်ပွဲဝင်သွားမှာပါ။ အထက်ပါစကားကို ဘယ်သူပြောခဲ့တာလဲဆိုရင် အားလုံးက ဗော်တဲယားဆိုတဲ့လူကြီးပေါ့လို့ ဆိုကြမှာပေါ့။ ဒါပေမဲ့ အမှန်တကယ်က အဲဒီအနှစ်ချုပ်စကားလေးဟာ ဗော်တဲယားရဲ့ နှုတ်ထွက်စကားမဟုတ်ပါဘူး။ ဘ၀တစ်လျှောက်လုပ်ဆောင်ချက်တွေနဲ့သာ သူ့ရဲ့ယုံကြည်မှုကို သက်သေပြခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ အထုပ္ပတ္တိကိုရေးတဲ့လူတွေက အထက်ပါစကားကို သူ့ကိုယ်စား ပြောခဲ့တာပါ။ လွတ်လပ်မှုရဲ့ မီးရှူးတန်ဆောင် ဗော်တဲယားဆိုပြီး ဂုဏ်တင်ပေးခဲ့ကြတယ်။ အမ်း... ဖတ်ကြည့်တော့မှ ဒီဗော်တဲယားဆိုတဲ့လူကြီးအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းသားဗျ...။ အဆုံးထိဖတ်ပြီးမှ ပြန်ပြီး ဖောက်သည်ချပါ့မယ်...။ ခုတော့ ပို့စ်အသစ်မတင်ဖြစ်တာကြာပြီဆိုတော့ သိတဲ့အတိုင်း မနေနိုင်မထိုင်နိုင် လျှောက်တင်လိုက်တာပါ။

အ၀ါရောင် သတ္တုစများ

`ငါတော့ မယုံပါဘူးကွာ´ စာအုပ်ထူကြီးကို လှန်လှောဖတ်နေသူက ခပ်ညည်းညည်းပြောလိုက်၏။ ဓာတ်တုပစ္စည်း ရှာဖွေရေးကိရိယာကြီး၏ဒိုင်ခွက်ကို ငုံ့ကြည့်နေသူနှစ်ဦးအနက် တစ်ဦးက… `ဟေ့ကောင် မင်းယုံတာမယုံတာဟာ ငါတို့အခုလာရတဲ့ကိစ္စနဲ့ ဘာမှမပတ်သက်ဘူး။ အားအားရှိတိုင်း အဲဒီစာအုပ်ကြီးကိုဖတ်ပြီး ထင်မြင်ချက်တွေ လျှောက်ပေးမနေစမ်းနဲ့´ ဟု ပြန်ပြောလိုက်၏။ ထိုသို့ လှည့်ပြောနေခိုက်မှာပင် ဒိုင်ခွက်ကိုကြည့်နေသူ ကျန်တစ်ယောက်က သူ့အဖော်ကို လက်တို့ပြီး… `ဟာ… ဒီကောင့်ကို အရေးလုပ်ပြီး ပြောမနေစမ်းပါနဲ့၊ ဟော..ဟော..ကြည့်… ဒီမှာကြည့် မြေကြီးအသန့်ကို တွေ့နေပြီ´ `အနက်တိုင်းမီတာကို ဖတ်စမ်း၊ ဖတ်စမ်း´ `ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာ´ ဟိုးခပ်လှမ်းလှမ်းတွင် တူးဖော်ရေးယန္တယားကို မောင်းနှင်နေသူက လက်ထဲမှ အချက်ပြ အမှတ်အသားကို ထောင်ပြ၏။ ကိရိယာဖတ်သူနှစ်ယောက်အနက်မှ တစ်ယောက် လှမ်းပြောလိုက်သည်။ `ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာဟေ့´ ယန္တယားမောင်းသူက ခေါင်းကို တစ်ချက်ညိတ်ပြပြီး ယန္တယားမောင်းတံခလုပ်ကို ဆွဲလိုက်၏။ ယန္တယားထိပ်တွင် တပ်ဆင်ထားသော သံမဏိဂေါ်ပြားကြီးသည် တအိအိ စိုက်ဆင်းလာသည်။ နောက် မြေကြီးထဲ နစ်ဝင်သွား၏။ `ဝေါ´ ...

အရေးပေါ်သတိပေးချက်

ဤစာမှာ အားလုံးအတွက် `အရေးပေါ်သတိပေးချက်´ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဂရုတစိုက်ဖတ်ရှုပေးပါ။ အခုလောက်ဆိုရင် စာဖတ်သူများလည်း `ဟောကိန်းထုတ်စက်´ ဆိုတဲ့ စက်အကြောင်း သိပြီး ဖြစ်ချင်ဖြစ်မှာပေါ့။ ယခု ဤစာကို ဖတ်ရှုနေချိန်မှာ ထိုစက်အား ကမ္ဘာတစ်ဝှမ်း သန်းဖြင့်ချီ၍ ရောင်းချပြီး ဖြစ်လောက်ပါတယ်။  မသိသေးဘူးဆိုရင် ကျွန်တော် ရှင်းပြပါ့မယ်။ သူ့ ပုံစံအသွင်အပြင်ကတော့ ကားတံခါးဖွင့်တဲ့ အဝေးထိန်းခလုတ်နဲ့ ဆင်ပါတယ်။ သူ့မှာပါတာက ခပ်ကြီးကြီး အစိမ်းရောင်မီးလုံးတစ်လုံးနဲ့ နှိပ်စရာ ခလုပ်တစ်ခုပါပဲ။ ခလုတ်ကို နှိပ်လိုက်ရင် မီးစိမ်းလင်းသွားပါမယ်။ ဒါပဲလားဆိုတော့ အဲဒီလောက်ထိလည်း မရိုးစင်းပြန်ပါဘူး။ အဲဒီမီးစိမ်းက ခလုတ်ကိုမနှိပ်ခင် တစ်စက္ကန့်အလိုမှာ အရင်လင်းတာပါတဲ့…။

တစ်စိမ်းတစ်ရံစာ

ညက အိပ်မက်ထဲမှာ ဆယ်မာဟေးယက် သေးဆုံးသွား၏။ ထို ဆယ်မာဟေးယက်က ဟောလီးဝုဒ်မင်းသမီး ဆယ်မာဟေးယက်မဟုတ်။ သူ့ဘက်က ချစ်စနိုးခေါ်သော သူမနာမည်သာ ဖြစ်သည်။ ပထမ သူမကို ကလောဒီယာရှီဖာလို့ ပေးရမလား။ မီး(စ်)ဒင်မင်းဒက်(စ်)လို့ ပေးရမလား သူစဉ်းစားသေပေမယ့်၊ နောက်တော့ သူမနာမည်ကို ဆယ်မာဟေးယက်ဟု သူအမည်ပေးလိုက်သည်။ ပြီးတော့ သူမကို ချစ်စနိုး ဆယ်မာဟု ခေါ်သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးဟု သူ့ကို ပြောဖူးပါသည်။ သူမနှင့်သူ စတွေ့တာလည်း မြို့လယ်ခေါင်က နိုက်ကလပ် တစ်ခုမှာဖြစ်သည်။ မှတ်မှတ်ရရ နယူးရီးယားနိုက်က သူမကို စတွေ့ခဲ့ခြင်းဖြစ်သည်။ နယူးရီးယားနိုက်မှာ ဘီယာမူးမူးနှင့် သူမနှင့် တွဲကခဲ့သည်။ သူနှင့်မှမဟုတ် ထိုညက သူမက ယောက်ျား အတော်များများနှင့် တွဲကခဲ့ပါသည်။ အဖြူအနက်ကွက် ဂါဝန်ကို ၀တ်ဆင်ထားသော သူမအား ယောက်ျားတစ်ယောက်လက်ကနေ နောက်တစ်ယောက်က ဆွဲခေါ်သွားသည်မှာ၊ ဘောလုံးတစ်လုံးကို တစ်ယောက်ပြီးတစ်ယောက် ၀ိုင်းကန်နေသည်နှင့်ပင် တူနေခဲ့သည်။ ထိုညက အယောင်ယောင်အမှားမှား၊ သူမကို သူက ဆယ်မာဟေးယက်ဟု ခေါ်ခဲ့သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးပါဟုသာဆိုသည်။ သည်လိုနှင့်ပဲ နယူးရီးယားညဦးပိုင်းမှာပင်၊ သူလည်း ဆယ်မာဟေးယက်နှင့် လမ်းခွဲခဲ...