Skip to main content

Posts

အချစ်နှင့် ထိတွေ့ခြင်း [၁] (Samsa in Love)

သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာ အဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။ အိပ်ယာပေါ်မှာ ကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ၊ နေရာတိုင်းမှာတွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။ အရင်သုတ်ထားခဲ့တာကတော့ အဖြူ၊ ဒါမှမဟုတ် နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖုံတွေ အညစ်အကြေးတွေ တင်နေခဲ့လို့ အခုတော့ နို့ညစ်ရောင်ပေါက်နေပြီ။ ဖွဲ့နွဲ့ပြောပလောက်စရာ အဆင်တန်ဆာလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယူဆစရာ၊ ငြင်းခုန်စရာ တစ်ခုမှ မရှိဘူး။ တည်ဆောက်ပုံအပိုင်းမှာ မျက်နှာကြက်တစ်ခုရဲ့ တာဝန်ကျေပေမယ့် ဒီထက်ပိုပြီး ဘာမှဆက်မျှော်လင့်လို့ မရတော့တဲ့ ပုံစံမျိုး။ သူ့ဘယ်ဘက်က အခန်းနံရံမှာတော့ ခပ်ရှည်ရှည် ပြတင်းပေါက်တစ်ခုရှိနေတယ်။ ဒါပေမဲ့ လိုက်ကာမရှိဘဲ သစ်သားပြားထူထူတွေကို ကန့်လန့်ဖြတ်ပြီး သံနဲ့ရိုက် ကာထားတယ်။ ကန့်လန့်ဖြတ် သစ်သားပြားတွေရဲ့ ကြားမှာ တစ်လက်မ၀န်းကျင်လောက် ဟနေတယ်၊ တမင်ဟထားတာ ဟုတ်မဟုတ်တော့ မသိရဘူး။ အဲဒီကြားကနေ နံနက်ခင်း ရောင်ခြည်တွေ ဖောက်ဝင်လာပြီး ကြမ်းပြင်ပေါ်မှ...

အတိုးဆုံးကဗျာများ (၄၅)

Impetus အံ့သြမိရတယ် ပထမဆုံးကြယ်သီးလေး ဖြုတ်လိုက်ရုံနဲ့ နောက်ဟာတွေ အလိုလိုပြုတ်သွားတာ အစက အစကို နားမလည်ခဲ့ဘူး။ Drinker ဘယ်ဖန်ခွက်ကို(ကျ)မှ နှုတ်ခမ်းချင်း တေ့စုတ်ရပါလို၏လို့ မရည်ရွယ်ခဲ့သလိုပါ၊ ကြုံသလိုဆိုတာ။ Duo ကိုယ့်ကိုယ်ကိုယ်မှတဲ့အောင် မပေါင်းနိုင်တဲ့ အချိန်မှာ အထီးကျန်ခြင်းဟာလည်း စိတ်တိုစရာ ဖြစ်လာတယ် တကယ်တော့ ငါကငါ့ကို ချစ်လို့စမိတာ။ Voyage ငါ့ကိုယ်ငါ ဘယ်ရောက်လို့ရောက်မှန်းမှ မသိတော့ဘူး ဘေးတစ်ဖက်တစ်ချက် ဇင်ယော်လေးတွေ ယှဉ်ရက်သား ပျံသန်းခဲ့ချိန်ဟာ အတော်ကျန်ခဲ့ပေါ့။ Guilt အပြန်မှာချည်း ဖြတ်လျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို ဆင်ခြေလျောလမ်းကလေးက ဘယ်လိုသဘောထားမလဲ ဒီနေ့လည်း အပြစ်မကင်းခဲ့ပါဘူး။ တေဇာ (လရောင်လမ်း)

အတိုးဆုံးကဗျာများ (၄၄)

Pristineness အဲဒီလို သူတစ်ကိုယ်တည်း ရိုးဖြောင့်လှပနေပုံဟာ ငါ့အဓိပ္ပာယ်တွေနဲ့ ကောက်ပစ်ရက်စရာ မရှိခဲ့ ရှိပါစေကွဲ့ပဲပေါ့လေ။ Hibernation Mode ၀က်ဝံပေါက်စနလေး တစ်ကောင်လို ဆောင်းခိုတယ် လူမသိသူမသိ အရေခွံထူရသည့်နေ့များ ငါ့မှာ မအားလပ်ခဲ့ပါဘူး။ Defense Mechanism   နောက်ဆုံးပဲလေ ကျွန်တော့် ရဲတိုက်ကလေး နင်းခြေဖျက်ဆီး ခံရပြီးကတည်းက အဲဒီသဲပုံမှာ သွားမဆော့ဖြစ်တော့ဘူး။ Curiosity မုန်တိုင်းဆဲစ အကြွင်းအကျန်အစအနတွေကြား မွှေနှောက်ရှာဖွေနေတဲ့ ကလေးလေးလို ရင်ဖိုတယ် ဒီလိုမသိသားဆိုးရွားစွာ ကမ္ဘာပျက်ကြီးမှာ ငါပျော်တယ်။ Identity II နံချပ်ကူမှ မကိုင်ရရင် လိပ်နင်ဂျာလည်း မလုပ်တော့ဘူး ငါ့သီးခြားဝိသေသလေးတော့ ပေးကြပါ။ တေဇာ (လရောင်လမ်း)

ဇစ်ပိုမီးခြစ်

ဂျွန်က ပြောလိုက်သည်။ “ငါ အိပ်မက်တစ်ခု မက်တယ်။ အဲဒီအကြောင်းကို မင်းကို ပြောပြချင်တယ်။ ငါက ဘီယာဘားတစ်ခုထဲမှာ ဘော်ဒါတွေနဲ့အတူ မတ်တပ်ရပ်နေတယ်။ သောက်ရင်းစားရင်း စကားပြောရင်းပေါ့။ သောကြာနေ့ညဆိုတော့ ဘားကတော့ ထုံးစံအတိုင်း လူပြည့်နေတာပေါ့။ သီချင်းသံလည်း ကျယ်ကျယ်လောင်လောင် ဖွင့်ထားတယ်။ ဘီယာသောက်ထားလို့ ငါက ကောင်းနေပြီ။ ဒါပေမဲ့ ခေါင်းစိုက်အောင် ကောင်းနေတာမျိုးတော့ မဟုတ်ဘူး။ ငါ့စိတ်ထဲမှာတော့ အတော်ကို အထာကျတဲ့နေရာပဲလို့ ခံစားနေရတယ်၊ ကောင်မလေးတွေကလည်း လှတယ်။ တစ်ညလုံး ဒီအတိုင်းဆက်ကဲဖို့ ငါ့အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ပါတယ်။ မင်းသိပါတယ်၊ ရွှေဖြစ်နေတယ်ပေါ့ကွာ” သူက ပြတင်းပေါက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ ပြီးနောက်မှ အသက်ကိုပြင်းပြင်း ရှူရင်း ဆက်ပြောသည်။

သူမ

[၁] တြိဂံပုံအမိုး ကျေးလက်အခန်းငယ်လေး တစ်ခုအတွင်းမှာ ထိုင်နေရင်း တံခါးရွက်နှစ်ခုပါမှန်တံခါးကိုဖြတ်ပြီး အပြင်ကို သူမ လှမ်းကြည့်နေမိတယ်။ စိုထိုင်းထိုင်း နွေတစ်နေ့ပါပဲ။ သူမ ၀တ်စားထားပုံကတော့ သိပ်ခေတ်မဆန်လှဘူး။ ရှေ့အိတ်ကပ်နှစ်ခုပါ စစ်ဖျင်ကြမ်း ရှပ်အင်္ကျီလက်တို၊ အိတ်ကပ်တစ်ခု အတွင်းမှာတော့ ခဲတံတစ်ချောင်း ထိုးသွင်းထားတယ်။ အရောင်အသွေးကင်းမဲ့နေပြီဖြစ်တဲ့ မီးခိုးဖျော့ရောင် အကြမ်းစားဘောင်းဘီက ဆူးပင်တွေကြား ဖြတ်ခဲ့ရတာကြောင့် တချို့နေရာတွေမှာ စုတ်ပြဲနေပြီ။ သူမ အရှက်ကိုရော ပိုးမွှားတွေရန်ကပါ တစ်ပြိုင်တည်း တာဝန်နှစ်ခုယူ ကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ပိုးမွှားတွေဆီက ထုတ်လွှတ်တဲ့ ယူကလစ်ဆီနံ့ အကြွင်းအကျန်တွေ ရှိနေသေးတဲ့ သန်မာပြီး ကြွက်သားပြည့်ဝတဲ့ သူမရဲ့ လက်ဖျံတွေ။ ဒီလက်ဖျံတွေက အပြိုင်းအရိုင်းပေါက်နေတဲ့ ကိုင်းပင်တွေကြားမှာ လမ်းဖြစ်အောင် ဖယ်ရှားရှင်းလင်းသွားနိုင်ကြောင်းကို ပြသနေတယ်။ ပြီးတော့ သူမရဲ့ ကြမ်းရှရှခြေဗလာကလည်း မညီမညာ ပက်ကြားအက်တွေပေါ် လျှောက်သွားနိုင်စွမ်းရှိကြောင်းကို သက်သေထူနေပါတယ်။ ဆင်ခြေလျောဖုန်းဆိုးမြေဆီ သူမ ဝှေ့ကြည့်လိုက်တယ်။ တစ်ဖက်မှာ ပင်လယ်ရေတိုက်စားထားတဲ့ ဆားသောင်ပြင်ကို ဝေ့၀ိုက်ပိ...

ကဗျာကို ဘာသာပြန်တဲ့ကိစ္စ [မြင့်သန်း]

ကဗျာကို ဘာသာပြန်ဖို့ ကဗျာနောက်က ကဗျာ The Poem behind the poem ကို သိဖို့လိုလိမ့်မယ် (အမှာ။ အလျင်က မဂ္ဂဇင်းတချို့မှာ ကဗျာကိုဘာသာပြန်တဲ့ကိစ္စဆိုပြီး ရေးခဲ့ဖူးပါတယ်။ အကြောင်းအရာက မျိုးတူစုတစ်ခုတည်းအောက်မှာဖြစ်နေလို့ ဒီနာမည်ပဲ ထပ်ပေးလိုက်ရပါတယ်။) ကဗျာကိုဘာသာပြန်တဲ့အလုပ်ကို စနစ်တကျ ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ပညာရှင်တွေရှိပါတယ်။ ဒီပညာရှင်တွေရဲ့ အယူအဆကို အထိုက်အလျောက်ထည့်ပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလို စဉ်းစားကြည့်ဖို့လိုရတာက ကဗျာကိုဘာသာပြန်တာပဲ ဘာခက်တာမှတ်လို့၊ အဘိဓာန်တစ်အုပ်နဲ့ အပျင်းပြေဘာသာပြန်လို့ဖြစ်တယ်လို့ ထင်ထားတဲ့လူတွေ ယုံမှတ်မှားသလောက် မလွယ်ဘူးဆိုတာကလေး ပေါ်လွင်စေချင်လို့ပါ။ ရန်ကုန်ရောက်တုန်းက လူငယ်ကဗျာရေးသမားတစ်ယောက်က ပြောပြတယ်။ အင်္ဂလိပ်စာသင်သူတစ်ယောက်က အင်္ဂလိပ်ကဗျာတွေကို စာလုံးတစ်လုံးချင်းအနက်ဖော်, ပြန်စီ၊ Paraphrase လုပ်ပြီး အနက်ဖော်ရတယ်လို့ ရေးဖူးသတဲ့။ ဘယ်သူရေးတယ်ဆိုတာကတော့ သူလည်း မမှတ်မိတော့လို့ အသေအချာ မသိလိုက်ရဘူး။ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်အောင် သင်တဲ့နေရာမှာ Paraphrase ဟာ သိဖို့လိုအပ်ပါတယ်။ ဒါပေတဲ့ ကဗျာလို အရေးအသားတစ်ရပ်နဲ့တည်ဆောက်ထားတဲ့ စာပေပစ္စည်းတစ်မျိုးမျိုးမှာ ကနဦး/အ...

သဲခုံတာ၊ ဘ၀၊ သေခြင်းတရားနှင့် တဲင်နစ်ဆင် [မြင့်သန်း]

အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးချင်နေတာကတော့ ကြာပြီ။ ချရေးလိုက်တော့ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတယ်။ ရေးပြီးတော့ သူ့သား ဟဲလယ်(မ)ကို ပြတယ်။ အဲဒီကဗျာကို သူ့ကဗျာပေါင်းချုပ်တွေ ထုတ်ဝေတိုင်း နောက်ဆုံးကဗျာအဖြစ် ဖော်ပြပေးဖို့လည်း မှာထားခဲ့တယ်။ ဟဲလယ်(မ)ကတော့ ဒီကဗျာဟာ သူ့အဖေရဲ့ ကဗျာဆရာအဖြစ် ဖြစ်ရှိနေခဲ့ရခြင်းအကြောင်းပဲလို့ ဆိုတယ်။