Skip to main content

Posts

ပျားရည်မုန့် (၂)

အသက် ၃၀ ပြည့်ပြီး မကြာခင်မှာပဲ ဆာယိုခိုမှာ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအချိန်မှာ သူမက ဘွဲ့လွန်အတွက် ကြိုးစားရင်း ကျူတာပြန်လုပ်နေပြီ၊ ဒါပေမဲ့ သမီးလေးကို မွေးဖို့ ခွင့်ယူလိုက်တယ်။ သုံးယောက်သား ကလေးအတွက် နာမည်အမျိုးမျိုးစဉ်းစားကြပြီး၊ အဆုံးမှာတော့ ဂျန်ပိုင်းပေးတဲ့ နာမည်တွေထဲက ဆာလာဆိုတဲ့ နာမည်လေးကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "ဒီနာမည်လေးကို အသံထွက်ခေါ်ရတာ ကြိုက်တယ်" လို့ ဆာယိုခိုက သူ့ကိုပြောတယ်။ ကလေးကို အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပြီး၊ အဲဒီညမှာတော့ ဂျန်ပိုင်းနဲ့ တာကာသျှူကီတို့နှစ်ယောက်သား၊ ဆာယိုခိုမပါဘဲ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်မှာ အတူဆုံမိကြတယ်။ ဂျန်ပိုင်းက အောင်ပွဲခံဖို့အတွက် ဆင်ဂယ်မော့တစ်လုံးယူလာတယ်။ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး တစ်လုံးလုံးကို နှစ်ယောက်သား အပြောင်ရှင်းလိုက်ကြတယ်။ "အချိန်တွေကုန်တာ ဘာလို့ ဒီလောက်တောင် မြန်လွန်းတာလဲ" လို့ တာကာသျှူကီ ရုတ်တရက် မေးလိုက်တယ်။ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး သူ့ဆီမှာ မြင်ရတာ ရှားရှားပါးပါးပဲ။ "တက္ကသိုလ်စတက်တယ်၊ မင်းနဲ့တွေ့တယ်၊ နောက်တော့ ဆာယိုခိုနဲ့တွေ့တယ်၊ ဒါတွေအားလုံး မနေ့တစ်နေ့ကလိုပဲ။ နောက်တစ်ကြိမ်...

ပျားရည်မုန့် (၁)

"ဒီလိုနဲ့ မာဆာခီချီမှာ လက်နဲ့အပြည့် ပျားရည်တွေရလာတယ်၊ သူ့ဘာသာ စားနိုင်တာထက်ကို အများကြီးပိုတယ်။ အဲလိုနဲ့ သူလည်း ပျားရည်တွေကို ပုံးတစ်ခုထဲထည့်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ မြို့အထိရောက်အောင်သွားပြီး ပျားရည်တွေကို ရောင်းဖို့ပေါ့။ မီဆာခီချီဟာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပျားရည်ဝက်ဝံကြီး ဖြစ်တယ်" "၀က်ဝံတွေမှာ ပုံးရှိလို့လား" ဆာလာက မေးလိုက်တယ်။ "မာဆာခီချီမှာတော့ တစ်ပုံးရှိနေတယ်။ လမ်းဘေးနားမှာ ကျနေတာကိုတွေ့တော့ တစ်ခုခုဆိုရင် အသုံးဝင်နိုင်တယ်ဆိုပြီး သူက ကောက်ယူလာခဲ့တာ" "အခုတော့ တကယ် အသုံးဝင်သွားတာပေါ့" "ဒါပေါ့။ တကယ်အသုံးဝင်တာပေါ့။ ဒီလိုနဲ့ မီဆာခီချီလည်း မြို့ကိုတက်သွားပြီး လူတွေသွားလာနေတဲ့ ရင်ပြင်မှာ နေရာတစ်ခုယူလိုက်တယ်။ ပြီးတော့ သူက ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။ အရသာထူးတဲ့ပျားရည်။ သဘာဝစစ်စစ်။ တစ်ခွက်မှ ယန်း ၂၀၀၊ တဲ့" "၀က်ဝံတွေက ပိုက်ဆံရေတတ်လို့လား" "ရေတတ်ပါ့။ ၀က်ဝံလေးဘ၀တုန်းက မာဆာခီချီက လူတွေနဲ့အတူနေခဲ့တာ၊ စကားဘယ်လိုပြောရမယ်၊ ပိုက်ဆံဘယ်လိုရေရမယ်ဆိုတာ သင်ခဲ့ရတာပေါ့။ မာဆာခီချီက တော်တော်လေး ထူးခြားတဲ့ ၀က်ဝံပဲ။ ဒီတော့ သူ့လောက်မ...

အတိုးဆုံးကဗျာများ (၆၀)

ပျောက်ဆုံးခဲ့တဲ့ လွတ်လပ်မှုကို အကောင်းအတိုင်း ပြန်ရနိုင်တယ် ငါတို့ အဲဒီမှာ ထိုင်ပြီး စက်ဘီးအလှစီးနေတဲ့ ကောင်လေးတွေကို ငေးမယ် ‪#‎BeginAgain‬ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတယ် ဘာလို့ အခုလို ဘောပင်ကို သူ့လက်ချောင်းတွေကြားထဲ လှည့်ပတ်ကစားနေမိတာလဲ ‪#‎Maneuver‬ ဘာသာစကားနဲ့ တည်ဆောက်ပြလို့မရတဲ့ အဓိပ္ပာယ်တွေ ရှိတယ် တိတ်ဆိတ်မှုဟာ ဘာကိုမှကိုယ်စားမပြုဘူး အရေပြားမွှေးညင်းပေါက်တွေထဲ သွယ်ဝိုက်ခြင်းမပါဘဲ စိမ့်ဝင်တယ် #Stimulus သူ့ရဲ့ဖြစ်တည်မှုဟာ အလင်းရဲ့အလျင်နှုန်းနဲ့ ကွယ်ပျောက်သွားတယ် အဝေးမှာ တစ်စုံတစ်ယောက်ဟာ မျက်ဝန်းတွေကို ဖြေးဖြေးချင်း မှိတ်ချနေပါလိမ့်မယ် ‪#‎Sentient‬ မှန်ပြတင်းကို သစ်ပင်ရိုးတံ တတောက်တောက်ရိုက်တယ် အနိဌာရုံဟာ ညစဉ်ညတိုင်း ချောင်းကြည့်မယ့် ကလေးငယ်ကို လိုက်လံရှာဖွေတယ် #Trigger တေဇာ (လရောင်လမ်း) Image: newallpaper.net

ခီဟာရာဇာ (Scheherazade) (၃)

"အတန်းတွေ ဒီလောက်ပျက်နေတော့ ကျောင်းမှာရော ပြဿနာမဖြစ်ဘူးလား" လို့ ဟာဘရာက မေးတယ်။ "ကျွန်မ မိဘတွေက ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒီတော့ သူတို့အလုပ်နဲ့သူတို့ ကျွန်မကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူတို့နဲ့ ကျွန်မ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ အုပ်ချုပ်မှုကိုလည်း ကလန်ကဆန်လုပ်ခဲ့တာမျိုးမရှိဘူး။ ဒီတော့လည်း လွှတ်ထားတာက အကောင်းဆုံးပဲလို့ သူတို့တွက်ပါလိမ့်မယ်။ ကျောင်းကိုပြဖို့အတွက် စာရွက်စာတမ်းအတုလုပ်တာက လွယ်လွယ်လေးပဲ။ ကျန်းမာရေးပြဿနာတစ်ခုရှိနေလို့ တစ်ခါတလေ ဆေးရုံမှာ နေ့တစ်ဝက်လောက် သွားနေရတယ်လို့ အတန်းပိုင်ဆရာမကို ရှင်းပြလိုက်တယ်။ ကျောင်းမတက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တစ်သက်လုံး ခေါင်းခြောက်လာရတဲ့ ဆရာတွေအနေနဲ့လည်း တစ်ခါတလေကျမှ ကျွန်မ နေ့တစ်ဝက်လောက်နောက်ကျတဲ့ ကိစ္စကို သိပ်စိတ်ဝင်စားကြဘူး" ရှေ့ဆက်မပြောခင် ခီဟာရာဇာက ကုတင်ဘေးက နာရီဆီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တယ်။ "ကော်ဇောကအောက်က သော့တံကိုယူပြီးတော့ အိမ်ထဲကို ကျွန်မ တတိယအကြိမ်အဖြစ် ၀င်ခဲ့ပြန်တယ်။ အရင်တုန်းကလိုပဲ တိတ်ဆိတ်နေတယ်၊ တိတ်တာမှ အရင်တုန်းကထက်တောင် ပိုသလိုပဲ။ ရေခဲသေတ္တာက မီးစိမ်းသွားတော့ ကျွန်မဖျပ်ခနဲ လန့်သွားတယ်၊ ဧရာ...

ခီဟာရာဇာ (Scheherazade) (၂)

"လူမရှိအိမ်တွေထဲကို ခိုးဝင်မိတုန်းက ကျွန်မဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်" တစ်နေ့တော့ အိပ်ယာပေါ်မှာ သူတို့လဲလျောင်းနေရင်း သူမက ပြောလိုက်တယ်။ သူမပုံပြင်ပြောတဲ့အခါမှာ ဖြစ်တတ်သလို၊ ဟာဘရာ့အဖို့ပြော ပြန်ပြောစရာ စကားလုံးရှာမရဘူး။ "ရှင်ရော တစ်ယောက်ယောက်ရဲ့အိမ်ထဲကို ခိုးဝင်ခဲ့ဖူးလား" လို့ သူမက မေးတယ်။ "၀င်ဖူးတယ် မထင်ပါဘူး" လို့ သူက ခြောက်ကပ်ကပ်အသံနဲ့ ပြန်ဖြေတယ်။ "အဲ့ဒါက တစ်ခါလုပ်ဖူးတယ်ဆိုရင် အခါခါထပ်လုပ်ချင်လာရော" "ဒါပေမဲ့ ဒါ တရားမ၀င်ဘူးလေ" "ဘယ်ကလာ.. အန္တရာယ်ရှိတာတော့မှန်တယ်၊ ဒါပေမဲ့ အဲ့ဒါက သိပ်အရသာရှိတဲ့ အလုပ်ရှင့်" ဟာဘရာက ခပ်ဆိတ်ဆိတ်ပဲ သူမ ဆက်ပြောတာကိုစောင့်နေလိုက်တယ်။ “ဘယ်သူမှမရှိချိန်မှာ သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲမှာ ရှိနေရတာနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ ဘယ်လောက်တိတ်ဆိတ်နေသလဲ ဆိုတာပဲ။ အသံလုံးဝမရှိဘူး။ ကမ္ဘာပေါ်မှာ အဆိတ်ငြိမ်ဆုံးနေရာတစ်ခုနဲ့ တူနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲဒီလိုပဲ ခံစားရတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ရင်း ကျွန်မ ငြိမ်ငြိမ်သက်သက်လေး နေနေတဲ့အချိန်မှာ ကျွန်မရဲ့ စုပ်ကပ်ငါးဘ၀က ကျွန်မဆီပြန်ရောက်လာတယ်။ ကျွန်မအရင်ဘ၀...

ခီဟာရာဇာ (Scheherazade) (၁)

သူတို့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း သူမက ဟာဘရာ့ကို စိတ်ဝင်စားဖွယ် အဆန်းတကြယ်ပုံပြင်တစ်ပုဒ် ပြောပြလေ့ရှိတယ်။ တစ်ထောင့်တစ်ညပုံပြင်များထဲက ဘုရင်မ ခီဟာရာဇာလိုပဲ။ ဒါပေမဲ့ ဟာဘရာကတော့ အဲဒီထဲက ဘုရင်ကြီးလို နောက်တစ်နေ့မနက်မှာ သူမခေါင်းကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ (ဘာလိုပဲဖြစ်ဖြစ် သူမကလည်း မိုးလင်းတဲ့အထိ သူနဲ့အတူ နေလေ့မရှိပါဘူး) သူမ ဟာဘရာ့ကို ဒီပုံပြင်တွေ ပြောပြနေတယ်ဆိုတာကလည်း ပြောချင်လို့ပြောတာလို့ပဲ ဆိုရမယ်။ အကြောင်းကတော့ ချစ်တင်းနှောပြီးခါစ အခုလို စိမ်ပြေနပြေ ရင်းနှီးနွေးထွေးလှတဲ့ အခိုက်အတန့်မျိုးမှာ အခုလို အိပ်ယာထဲ ခွေခေါက်ပြီး ယောက်ျားတစ်ယောက်ကို စကားပြောရတာ သူမနှစ်သက်လို့ဖြစ်လိမ့်မယ်လို့ သူ ယူဆတယ်။ ပြီးတော့ နေတိုင်း အိမ်ထဲမှာပဲ အမြဲတမ်း ကြပ်ကြပ်ညှပ်ညှပ်နေရတဲ့ ဟာဘရာ့ကို သူမ နှစ်သိမ့်ပေးချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့်ပဲ ဟာဘရာက အမျိုးသမီးကို ခီဟာရာဇာလို့ ကင်ပွန်းတပ်ခဲ့တာ။ သူ့ရှေ့မှာတော့ ဒီနာမည်ကို မသုံးပါဘူး၊ ဒါပေမဲ့ သူ တစ်ကိုယ်တည်းကျိတ်ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူမကို အဲဒီလိုပဲ ညွှန်းပြီး ရေးသားလေ့ရှိတယ်။ "ဒီနေ့ ခီဟာရာဇာ လာတယ်" ဘောပင်နဲ့ သူက အမှတ်အ...

အတိုးဆုံးကဗျာများ (၅၉)

စိတ်ကူးထဲမှာ မျောက်တစ်ကောင်ရောက်နေပြီး ငါလုပ်သမျှအကုန် လိုက်လုပ်တယ် ငါက မျက်မမြင်လုပ်လိုက်တော့ သူက မျက်မှန်အမည်းနဲ့ ‪#‎Mimicry‬ မိုးခိုဖို့တစ်နေရာ ပြိုင်တူရှာတွေ့တဲ့အခါ တစ်ယောက်က မမြင်ချင်ယောင်ဆောင်ရတယ် သက်သာချောင်ချိသော တိုက်ဆိုင်မှုက ဇာတ်လမ်းရဲ့အမှန်ယောင်ကို လျော့ပါးသွားစေတယ် ‪#‎Verisimilitude‬ ငါ့စာအုပ်ကို ပင်လယ်ထဲလွှင့်ပစ်တယ် အသစ်တစ်အုပ်ကို ဘုံဘိုင်မှာရေစွတ်ပြီး သူ့ အံဆွဲထဲ ပြန်ထည့်ခဲ့တယ် ‪#‎Specter‬ ပုခုံးကိုဖက်ရင်း စကားပြောရင်း ဖြေးဖြေးချင်း ကုတင်ပေါ်မျှားခေါ်ရတယ် ပျောက်ဆုံးယာယီမှတ်ဉာဏ်များ အိပ်လျက်သားလမ်းလျှောက်သူကို ရုတ်တရက်မနှိုးပါနဲ့ ‪#‎SleepWalking‬ လန့်နိုးနိုးချင်း တိတ်ဆိတ်နေတာ အသံတွေပဲ ပြန်အိပ်လို့ပျော်သွားကြောင်း သေချာပီဆိုမှ ကိုယ့်လေချွန်သံကိုယ် ရပ်တယ် ‪#‎Lullaby‬ တေဇာ (လရောင်လမ်း) Image: www.wallpaper.com