တုတ်မကျိုးလိုခြင်း
တောကြီးမြွေဟောက်လိုအကောင်နဲ့
ရင်ဆိုင်တိုးခဲ့ရရင်တောင်
လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပါ
ဖြစ်နိုင်မယ်ဆိုရင်လေ...။
ပစ်မှတ်
စပါးအုံးက ယုန်ငယ်ကိုညှို့တယ်
ယုန်ငယ်က မခို့တယို့ပြုံးတယ်
ခင်ဗျားဟာ ဆာလောင်နေရှာတဲ့ မြွေတစ်ကောင်ပဲတဲ့
ဟုတ်တယ်
သူ့ကိုမှမရရင် သေရတော့မယ့်ပုံနဲ့။
အလျှော်အစား
ကျွန်တော်နဲ့ မတူတဲ့လူတွေရဲ့
အမုန်းကို ကြောက်လို့တော့
ကျွန်တော်နဲ့ တူတဲ့လူတွေရဲ့
အချစ်ကို လက်မလွှတ်နိုင်ပါဘူး။
ဓမ္မဓိဋ္ဌာန်မေးခွန်း
ဘယ်ကိုရောက်ရောက် ဆိုမှတော့
သွားချင်တဲ့လမ်းက သွားပေါ့ (တဲ့) [*]
ဒါဆို ကျွန်တော် ဘယ်လမ်းကသွားချင်သလဲဆိုတာ
ပြောပြပါလား။
မှန်ဘောင်
အလှမွေးငါးလေးတွေရဲ့ မြင်ကွင်းဟာ ယိုင်နေတယ်
လူတွေဟာ ဆွေစောင်းစောင်း။
မရက်စက်ကြပါနဲ့
ကျွန်တော် ဒီမျက်လုံးအိမ်ထဲက
လွတ်မြောက်ချင်လှပြီ။
တောကြီးမြွေဟောက်လိုအကောင်နဲ့
ရင်ဆိုင်တိုးခဲ့ရရင်တောင်
လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပါ
ဖြစ်နိုင်မယ်ဆိုရင်လေ...။
ပစ်မှတ်
စပါးအုံးက ယုန်ငယ်ကိုညှို့တယ်
ယုန်ငယ်က မခို့တယို့ပြုံးတယ်
ခင်ဗျားဟာ ဆာလောင်နေရှာတဲ့ မြွေတစ်ကောင်ပဲတဲ့
ဟုတ်တယ်
သူ့ကိုမှမရရင် သေရတော့မယ့်ပုံနဲ့။
အလျှော်အစား
ကျွန်တော်နဲ့ မတူတဲ့လူတွေရဲ့
အမုန်းကို ကြောက်လို့တော့
ကျွန်တော်နဲ့ တူတဲ့လူတွေရဲ့
အချစ်ကို လက်မလွှတ်နိုင်ပါဘူး။
ဓမ္မဓိဋ္ဌာန်မေးခွန်း
ဘယ်ကိုရောက်ရောက် ဆိုမှတော့
သွားချင်တဲ့လမ်းက သွားပေါ့ (တဲ့) [*]
ဒါဆို ကျွန်တော် ဘယ်လမ်းကသွားချင်သလဲဆိုတာ
ပြောပြပါလား။
မှန်ဘောင်
အလှမွေးငါးလေးတွေရဲ့ မြင်ကွင်းဟာ ယိုင်နေတယ်
လူတွေဟာ ဆွေစောင်းစောင်း။
မရက်စက်ကြပါနဲ့
ကျွန်တော် ဒီမျက်လုံးအိမ်ထဲက
လွတ်မြောက်ချင်လှပြီ။
တေဇာ (လရောင်လမ်း)
[*] Lewis Carroll's quote.
ကဗျာတွေ က တိုပေမယ့် အတွေးတွေကို ရှည်စေတယ်။
ReplyDeleteအလျှော်အစား ကဗျာတိုလေးကြိုက်တယ် ။
ReplyDeleteတိုတိုနဲ့ ထိထိ မိမိဆိုတာ
ReplyDeleteဒီလိုကဗျာတွေပေါ့
ကဗျာတိုကလေးတွေခံစားသွားတယ်...။
ReplyDelete