ရာဇ၀တ်သားများသည် ရာဇ၀တ်သားမဟုတ်သူများထက် ပို၍ ဉာဏ်ရည်နိမ့်လေ့ရှိကြသည်။ မှုခင်းပညာရှင်များ အနေဖြင့် ရာဇ၀တ်သားများသည် ယေဘုယျလူများထက် ပို၍ ဉာဏ်ရည်နိမ့်လေ့ရှိကြောင်း ကာလအတန်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သော်လည်း အကြောင်းရင်းကိုမူ မသိခဲ့ကြပေ။ ယခုအခါ အဆိုပါ ပုစ္ဆာအား အဖြေညှိပေးနိုင်ဟန်ရှိသော `ယူဆချက်´ တစ်ရပ် ပေါ်ထွက်လာပါသည်။
အဆိုပါ ယူဆချက်၏ အထိုင်မှကြည့်လျှင် သတိပြုရမည့် အရေးကြီးသောအချက် နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ယနေ့တွင် လူအချင်းချင်းပြန်လှန်ကျူးလွန်သော ရာဇ၀တ်မှုများဖြစ်သည့် လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဓါးပြမှုနှင့် ခိုးဝှက်မှုများမှာ ရှေးရိုးစဉ်ဆက် ၀န်းကျင်က အဖိုမျိုးစိတ်များအကြား အစဉ်လုပ်ဆောင်လာခဲ့သော နိစ္စဒူဝ အကျင့်စရိုက်များသာ ဖြစ်ပါသည်။ လူသားဆင့်ကဲတိုးတက်မှုသမိုင်း အများစု၏ အလိုအရ ၎င်းတို့မှာ မိမိတို့၏လိုအပ်ချက်များနှင့် မိတ်လိုက်ခွင့်အတွက် ယှဉ်ပြိုင်ရာတွင် အသုံးပြုတတ်သည့် အမျိုးသားများ၏ ပုံမှန်စရိုက်များသာ ဖြစ်ပါသည်။ အပြစ်ပေးခံရခြင်းမရှိဘဲ အလွတ်ရုန်းနိုင်စွမ်းရှိခဲ့လျှင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် တစ်ဦးထံမှတစ်ဦး ခိုးဝှက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ယူဆချက်၏ အထိုင်မှကြည့်လျှင် သတိပြုရမည့် အရေးကြီးသောအချက် နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ယနေ့တွင် လူအချင်းချင်းပြန်လှန်ကျူးလွန်သော ရာဇ၀တ်မှုများဖြစ်သည့် လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ဓါးပြမှုနှင့် ခိုးဝှက်မှုများမှာ ရှေးရိုးစဉ်ဆက် ၀န်းကျင်က အဖိုမျိုးစိတ်များအကြား အစဉ်လုပ်ဆောင်လာခဲ့သော နိစ္စဒူဝ အကျင့်စရိုက်များသာ ဖြစ်ပါသည်။ လူသားဆင့်ကဲတိုးတက်မှုသမိုင်း အများစု၏ အလိုအရ ၎င်းတို့မှာ မိမိတို့၏လိုအပ်ချက်များနှင့် မိတ်လိုက်ခွင့်အတွက် ယှဉ်ပြိုင်ရာတွင် အသုံးပြုတတ်သည့် အမျိုးသားများ၏ ပုံမှန်စရိုက်များသာ ဖြစ်ပါသည်။ အပြစ်ပေးခံရခြင်းမရှိဘဲ အလွတ်ရုန်းနိုင်စွမ်းရှိခဲ့လျှင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် တစ်ဦးထံမှတစ်ဦး ခိုးဝှက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
လူသားများကျူးလွန်မိသော် ရာဇ၀တ်မှုဟု သတ်မှတ်လေ့ရှိသည့် သတ်ဖြတ်မှု၊ မုဒိန်းမှု၊ တိုက်ခိုက်မှုနှင့် ခိုးဝှက်မှုများသည် အခြားသော မျိုးစိတ်များအကြားတွင် အတော်လေး သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အပြုအမူများသာဖြစ်သည်ဟူသော အချက်မှ အထက်ပါ ကောက်ချက်ကို ဖေါ်ညွှန်းထားခြင်းဖြစ်ပါသည်။ မှုခင်းပညာရှင် Lee Ellis က ကွဲပြားသည့် မျိုးစိတ်များအကြားရှိ အဆိုပါ `ရာဇ၀တ်မှုမြောက်သော အပြုအမူများ´ အတွက် နမူနာသာဓကများကို ၁၉၉၈ ခုနှစ်တွင် ဓါတ်ပုံများဖြင့် ပြုစုမှတ်တမ်းတင်ခဲ့သည်။ ပရိုင်းမိတ်ပညာရှင် Frans de Waal နှင့် အပေါင်းပါများကလည်း ချင်ပန်ဇီများ၊ ချင်ပန်ဇီမျောက်ငယ်များနှင့် ကာပူချင်မျောက်များအကြား ရက်စက်သော သတ်ဖြတ်မှုများ၊ ရန်လိုတိုက်ခိုက်မှုများနှင့် အခြားသော အချင်းချင်းကျူးလွန်သည့် အကြမ်းဖက်မှုများအား မှတ်တမ်းတင်ခဲ့ပါသည်။
ဒုတိယအချက်မှာ ယနေ့လူ့အဖွဲ့အစည်းတွင် ရာဇ၀တ်မှုမြောက်သော အပြုအမူများကို ထိန်းချုပ်၊ စစ်ဆေး၊ အပြစ်ပေးနေသော အဖွဲ့အစည်းများနှင့် နည်းပညာများဖြစ်ပါသည်။ CCTV ကင်မရာများ၊ DNA လက်ဗွေစစ်ဆေးခြင်း၊ ရဲ၊ တရားရုံးနှင့် အကျဉ်းထောင်၊ ယင်းတို့အားလုံးမှာ ဆင့်ကဲတိုးတက်မှုအရ အသစ်အဆန်းများသာ ဖြစ်သည်။ ရှေးရိုးစဉ်ဆက် ၀န်းကျင်တွင် ပုံစံကျ တတိယအုပ်စု စည်းကမ်းထိန်းချုပ်မှု စံနှုန်းများ အလွန်နည်းပါးပြီး ဒုတိယအုပ်စု ထိန်းချုပ်မှုအဖြစ်၊ ကျူးလွန်ခံရသူနှင့် ၎င်း၏ဆွေမျိုးပေါက်ဖေါ်များမှ လက်စားချေရန် ချောင်းမြောင်းကင်းထောက်ခြင်း သို့မဟုတ် ပုံစံမကျ တတိယအုပ်စု ထိန်းချုပ်မှုအဖြစ် အုပ်စုမှဖယ်ကျဉ်ခြင်း (Ostracism) တို့သာ ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါ ယူဆချက်၏ အမြင်အရ ဉာဏ်ရည်နိမ့်သော အမျိုးသားများသည် မိမိတို့၏ လိုအပ်ချက်အား ဖြည့်တင်းရန်နှင့် မိတ်ဖက်ရှာဖွေရန် ယှဉ်ပြိုင်ခြင်းတို့တွင် အကျွမ်းဝင်ပြီးသား ဆင့်ကဲတိုးတက်မှုဆိုင်ရာ နည်းလမ်းများကို အရဲစွန့် အသုံးပြုရန် ပိုမိုနီးစပ်သည်ဟူသော ကောက်ချက်မှာ ရှေ့နောက်ညီညွတ်လျှက် ရှိပါသည်။ ဥပမာအားဖြင့် ဉာဏ်ရည်နိမ့်သူသည် မိမိလိုအပ်ချက်အား ဖြည့်တင်းရာတွင် အချိန်ပြည့်အလုပ်ခွင်ခြင်းထက်စာလျှင် ခိုးဝှက်ခြင်းအားဖြင့်လည်းကောင်း၊ မိတ်ဖက်ရှာဖွေရာတွင် ကြင်ဖေါ်ရှာသော Website များကိုအသုံးပြုခြင်းထက် မုဒိန်းကျင့်ခြင်းအားဖြင့်လည်းကောင်း သဘာဝနည်းလမ်းများအား အသုံးပြုရန် ပိုမိုအလေးသာတတ်သည့် သဘောဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ဥပဒေထိန်းချုပ်မှုအရ ပြဌာန်းထားသော ပုံစံများကြောင့်ဖြစ်ပေါ်လာရသည့် ရာဇ၀တ်မှုမြောက် အပြုအမူများ၏ နောက်ဆက်တွဲ အကျိုးအပြစ်များကို ပြည့်ပြည့်၀၀ နားမလည်ခြင်းကြောင့် ဖြစ်ပေသည်။
ဉာဏ်ရည်နိမ့်အမျိုးသားများသည် ဆင့်ကဲတိုးတက်မှုဆိုင်ရာ အသစ်အဆန်းအရာများ (ရဲ၊ တရားရုံး၊ ဥပဒေ စသည်) အား မှန်ကန်စွာနားလည်ခြင်း မရှိတတ်ကြ။ အဆိုပါ ဆင့်ကဲတိုးတက်မှုဆိုင်ရာ အသစ်အဆန်းများထဲမှ အချို့မှာ လိုအပ်ချက်ဖြည့်တင်းရေးနှင့် ရယူစုဆောင်းရေးတို့အတွက် အခြားသော ရွေးချယ်စရာပုံစံများ ဖြစ်ပါသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရာဇ၀တ်မှုဟု တံဆိပ်ကပ်ထားသည့် နည်းလမ်းများကို သုံးမည့်အစား ဘောင်အတွင်းမှ မိမိ၏ လိုအပ်ချက်ကို ဖြည့်တင်းခြင်းဟူသော ပိုမိုလိမ္မာပါးနပ်သည့်နည်းလမ်းကို ရွေးချယ်ရန် ပျက်ကွက်တတ်ခြင်းကို ဆိုလိုပါသည်။ ၎င်းတို့ အမှန်တကယ် သဘောပေါက်လေ့မရှိသော အခြားသော ဆင့်ကဲတိုးတက်မှုဆိုင်ရာ အသစ်အဆန်းများမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ရာဇ၀တ်သားများကို ထောက်လှမ်းရာတွင် အသုံးပြုသော နည်းလမ်းများ (DNA, CCTV စသည်) ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ ယူဆချက်မှာ ဉာဏ်ရည်နှင့် ရာဇ၀တ်မှုကျူးလွန်ခြင်းအကြား အနုတ်သဘော ဆက်နွယ်မှုအတွက် ဖြစ်တန်ရာ ဖြေရှင်းချက်တစ်ခုကို တင်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။
တစ်ချိန်တည်းတွင် အဆိုပါယူဆချက်က ဉာဏ်ရည်နှင့် ရာဇ၀တ်မှုကျူးလွန်ခြင်းတို့နှင့် ဆက်ဆိုင်သည့် အယူအဆအသစ်တစ်ရပ်ကိုလည်း လမ်းစဖေါ်ပေးလိုက်ခြင်း ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သကဲ့သို့ ပုံစံကျ တတိယအုပ်စု ထိန်းချုပ်ရေးစံနှုန်းများ (ရဲ၊ တရားရုံး၊ ထောင်၊ DNA စသည်) သည် ဆင့်ကဲတိုးတက်မှုဆိုင်ရာ အသစ်အဆန်းများဖြစ်သလို၊ ဒုတိယအုပ်စု ထိန်းချုပ်ရေးနှင့် ပုံစံမကျ တတိယအုပ်စု ထိန်းချုပ်ရေးများ (လက်စားချေခြင်း၊ အုပ်စုမှဝိုင်းကျဉ်ခြင်းစသည်) သည် ဆင့်ကဲတိုးတက်မှုအရ ရင်းနှီးကျွမ်းဝင်ပြီးသားအရာများ ဖြစ်သည်။ ထို့ကြောင့် ပုံစံကျ တတိယအုပ်စု ထိန်းချုပ်ရေးစံများ အားနည်း၊ သို့မဟုတ် ပျောက်ဆုံးသွားသည့် အခြေအနေတွင်၊ တစ်ဖန် ရာဇ၀တ်မှုမြောက် အပြုအမူများအား မင်းမဲ့ဝါဒနှင့် အစိုးမရှိသောအခြေအနေတို့ကဲ့သို့ ဒုတိယအုပ်စု ထိန်းချုပ်ရေးပုံစံများဖြင့်သာ အဓိက ကွပ်ကဲထိန်းချုပ်သည့် အခြေအနေတွင် ရာဇ၀တ်သားနှင့် ရာဇ၀တ်သားမဟုတ်သူများအကြား ဉာဏ်ရည်ကွာခြားချက်သည် ကွယ်ပျောက်သွားလိမ့်မည်ဟု ယူဆနိုင်ပေသည်။ စင်စစ် ရှေးရိုးအစဉ်အလာ ၀န်းကျင်နှင့်နီးစပ်သော၊ သဘာဝဆန်ဆန်အရိုင်းအခြေအနေကို ကိုယ်စားပြုသည့် မည်သည့် ထိန်းကျောင်းမှုပုံစံတွင်မဆို ရာဇ၀တ်နှင့် ဉာဏ်ရည်အဆက်အစပ်သည် ကွယ်ပျောက်နေနိုင်ပါသည်။ ပြုံးချင်စရာ အချက်တစ်ရပ်မှာ အဆိုပါယူဆချက်အရ ရဲများသာ မရှိလျှင် ဉာဏ်ရည်နိမ့်သူများသည် ရာဇ၀တ်မှုကျူးလွန်ခြင်း လျှော့နည်းလာမည်ဖြစ်ပြီး ဉာဏ်ရည်မြင့်သူများက ရာဇ၀တ်မှုများ ပိုမိုကျူးလွန်လာကြလိမ့်မည်ဟု ဖေါ်ညွှန်းနေခြင်းပင် ဖြစ်ပါသည်။
တေဇာ (လရောင်လမ်း)
Comments
Post a Comment