တံတားပေါ် တစ်ချက်ချက်ဖြတ်နေတဲ့
ရထားသံနဲ့အတူ
အရာရာ ဖြိုးဖြိုးဖျပ်ဖျပ်
အထူးသဖြင့်
ယခင်ကျောက်မီးသွေးနဲ့ သွားခဲ့တဲ့
ဒီဇယ်စား ရထားရှည်ရှည် ခုတ်မောင်းရာအရပ်၊
မရဏစားကျက်ဆီ ခရီးနှင်နေတဲ့ မြင်းရဲ့
နားတွေ၊ နှာသီးဝနဲ့ သွားတွေ
ပုရစ်နဲ့ ငှက်တွေကို ငါ ဆက်နားထောင်တယ်
ပြီးတော့ စကားလုံးတွေ အောက်ပြုတ်ကျသွားတယ်။
ရထားကို ငါက မိုးကြိုးမုန်တိုင်းနဲ့ မှားတယ်
မိုးမခပင်ကို ငါက အိမ်ယာနဲ့ မှားတယ်
စဉ်းစားကြည့်တော့လည်း
အခုလိုအချိန်တစ်ယောက်တည်းရှိနေတာဟာ
ကြွားဝါစရာတော့မဟုတ်ဘူး။
မြက်ခြောက်ကွင်းထဲ ငါ လှည့်လည်ခဲ့
ပြီး ငါ့ဆံပင်တွေထဲ ခုန်ချခဲ့တဲ့ မွှားနှစ်ကောင်
ငါ့ဦးရေပြားကို ဖောက်ထွင်းပြီး
ဗာဂျီးနီးယားဝိုင်ချိုလို
ငါ့သွေးကို သောက်မြိုခဲ့
ပြီး ရသေ့လ၀န်းအောက်က ကမ္ဘာပေါ်
ဟောဒီဘုရင့်နိုင်ငံတော်မှာ ငါ့ကို ချန်ထားရစ်ခဲ့ပေါ့။
တေဇာ (လရောင်လမ်း)
One Day by Joseph Millar ကို ဆီလျော်သလို။
ကဗျာအကြောင်း
ဒီကဗျာကို ကျေးလက်ဒေသမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ရထားတစ်စင်းအနီးမှာ၊ မြင်းစားကျက်မြေနံဘေးမှာပေါ့။ "အရာတစ်ခုကို အခြားတစ်ခုနဲ့ မှားကြည့်တတ်ဖို့" ဆိုတဲ့အတွေး၊ ဥပမာလင်္ကာကို ဖီဆန်တဲ့သဘောမျိုးကို ချရေးကြည့်တာပါ။ မကြာသေးခင်ကတော့ ဒီစည်းချက်တွေလည်း အစီအရီထွက်ပေါ်လာခဲ့ပါတယ်။ စိတ်ရွှင်လန်းစရာ၊ ပြီးတော့ ဒီထက် အီးယောင်ဝါးပိုလုပ်တတ်ဖို့ အားပေးတဲ့ ကာရံတွေပဲပေါ့။
~ဂျိုးဇက်မေလ်ာ

Comments
Post a Comment