အချစ်စိတ်နဲ့ ကြည့်တော့
သူတို့ ကန်းနေတာလို့ ပြောတုန်းက
သူတို့ နောက်ပြောနေခဲ့ကြတာ မဟုတ်ဘူး။
အသိစိတ်ရှိနေဆဲ ရှင်သန်သူတွေထက်တောင်
အသေကောင်က ပိုပြီး
ဘယ်လိုခါးသီး ခံစားခဲ့ရတယ်ဆိုတာ
အသေအချာ မပြောနိုင်ပေမယ့်လည်း
ဒါက စကားလှရုံ
ခံစားကောင်းရုံလောက်တော့ မဟုတ်ခဲ့ဘူး။
ငါ့အတွက် မင်းက အဲဒီလောက်ထိကို အလင်းမတိုးဘူး
ဒိုးယိုပေါက်မြင်ရတဲ့ မင်းရဲ့
တိုတောင်းလှတဲ့ ခဏတာတွေဟာ
လူတိုင်း လေးမြတ်ကြတဲ့
အရိုင်းဝါဒ အဆောက်အဦက
လှည့်စားဖို့ထားတဲ့ ပြတင်းပေါက်တွေပမာ။
မင်းဘ၀အတွက် လိုအပ်တဲ့ အားထုတ်မှုတွေက
ငါ့ကို မောပန်းစေခဲ့ပေါ့။
ငါ နောက်ပြောနေတာ မဟုတ်ဘူး။
တေဇာ (လရောင်လမ်း)
They Were Not Kidding in the Fourteenth Century by Maureen N. McLane ကို ဆီလျော်သလို။
Image Credit: http://parisisinvisible.blogspot.com
သူတို့ ကန်းနေတာလို့ ပြောတုန်းက
သူတို့ နောက်ပြောနေခဲ့ကြတာ မဟုတ်ဘူး။
အသိစိတ်ရှိနေဆဲ ရှင်သန်သူတွေထက်တောင်
အသေကောင်က ပိုပြီး
ဘယ်လိုခါးသီး ခံစားခဲ့ရတယ်ဆိုတာ
အသေအချာ မပြောနိုင်ပေမယ့်လည်း
ဒါက စကားလှရုံ
ခံစားကောင်းရုံလောက်တော့ မဟုတ်ခဲ့ဘူး။
ငါ့အတွက် မင်းက အဲဒီလောက်ထိကို အလင်းမတိုးဘူး
ဒိုးယိုပေါက်မြင်ရတဲ့ မင်းရဲ့
တိုတောင်းလှတဲ့ ခဏတာတွေဟာ
လူတိုင်း လေးမြတ်ကြတဲ့
အရိုင်းဝါဒ အဆောက်အဦက
လှည့်စားဖို့ထားတဲ့ ပြတင်းပေါက်တွေပမာ။
မင်းဘ၀အတွက် လိုအပ်တဲ့ အားထုတ်မှုတွေက
ငါ့ကို မောပန်းစေခဲ့ပေါ့။
ငါ နောက်ပြောနေတာ မဟုတ်ဘူး။
တေဇာ (လရောင်လမ်း)
They Were Not Kidding in the Fourteenth Century by Maureen N. McLane ကို ဆီလျော်သလို။
Image Credit: http://parisisinvisible.blogspot.com
ဘာသာပြန် ရသ ... :)
ReplyDelete