Skip to main content

Posts

“အဲဒီတော့ ငါစဉ်းစားတယ်”

ကဗျာဆရာ မောင်ယုပိုင်ရဲ့ ကဗျာလေးတစ်ပုဒ် အရမ်းအရမ်းနှစ်သက်မိလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အဲဒီတော့ ငါစဉ်းစားတယ် ဒီအတိုင်းဆို စဉ်းစားစရာပဲ ဟိုအတိုင်းဆို စဉ်းစားစရာပဲ ဒီလို တစ်သက်လုံး ငါစဉ်းစားနေတုန်း အိမ်ထောင်ကျသူက ကျသွားပြီ၊ ဘွဲ့ဂုဏ်ထူး ရသူက ရသွားပြီ၊ စီးပွားဖြစ်သူဖြစ်၊ ရောဂါရသူရ၊ ကပ်ဆိုက်သူဆိုက်၊ သေသူသေ “ဘ၀ကိုနားလည်သွားပြီ” တဲ့ “ဘာအရေးအကြီးဆုံးလဲ သိသွားပြီ” တဲ့ “ဒီလိုမှပေါ့” တဲ့ အားလည်းအားကျစရာ စဉ်းလည်းစဉ်းစားစရာ ကဲ။ ဘာကြောင့် ဒီလိုဖြစ် ဒီလိုကြောင့် ဘာဖြစ် စဉ်းစားသူငါလည်း စဉ်းစားဆဲပေါ့ ထို့ကြောင့် ငါစဉ်းစားတယ် ငါဘာလို့စဉ်းစားနေတာလဲ ငါဘာတွေစဉ်းစားနေတာလဲ ငါစဉ်းစားတာကို ငါပြန်စဉ်းစားကြည့်တော့ ငါ့စဉ်းစားခန်းက စဉ်းစားစရာဖြစ်လာတယ် စဉ်းစားစရာကောင်းလာတယ် အဲဒီတော့ ငါစဉ်းစားတယ် ………….. ◄ မောင်ယုပိုင် ► ဇန်န၀ါရီ (၂၀၀၉) မြန်မာသစ်မဂ္ဂဇင်း

“အများအကျိုး...၊ ကုလားအကျိုး”

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေ့ရှုနှင်လော့။ ဒီဆောင်ပုဒ်ကို ခုတလော Gtalk Status မှာ တွေ့တွေ့နေရတယ်။ တင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာတော့ ရင်းနှီးမှုမရှိလို့မသိရဘူး။ ဆောင်ပုဒ်နဲ့ပတ်သက်ပြီးလည်း ဘာမှ ပြောစရာတော့မရှိပါဘူး။ ဒါပေမဲ့ တွေးမိတဲ့အချက်တွေတော့ ရှိနေတယ်။ “အများအကျိုး” ဆိုတဲ့ စကားလုံးက အလွန်အမင်း ခမ်းနားကြီးကျယ်နေသလိုပဲ...။ You have to learn to crawl, before you learn to walk ဆိုသလိုပဲ လမ်းမလျှောက်တတ်ခင် တွားသွားအရင်သင်ဖို့တော့ ကြိုးစားသင့်တယ်။ ငါဆေးလိပ်ဖြတ်ပြီးပြီလား၊ အရက်ဖြတ်ပြီးပြီလား၊ ဒါမှမဟုတ် အိမ်အပြန်မေမေ့အတွက် မုန့်ဟင်းခါးဝယ်သွားရင်ကောင်းမလား၊ အဖေခိုင်းထားတဲ့ကိစ္စလေး လုပ်လိုက်ဦးမှပါပဲစသဖြင့်...။ ဟုတ်ပြီ... တစ်ဘက်ကပြန်ပြောပြီ။ မော်စီတုန်းလည်း ဆေးလိပ်သောက်တာပဲ။ ချာချီကြီးလည်း ၀ိုင်ကြိုက်တာပဲ...။ သူတို့ အများအကျိုး အတွက် မလုပ်ခဲ့ဘူးလား...။ အများအကျိုးအတွက်မဟုတ်ခဲ့တောင် သူတို့နိုင်ငံသူတို့လူမျိုးအတွက် အရာထင်အောင်လုပ်နိုင်ခဲ့တယ် ဆိုတာ ငြင်းမရဘူး။ ဒါတွေ မရှောင်သည့်တိုင်အောင် အများအကျိုးဆု...

“မာန”

“မာန” ♥ မာနကြောင့် တို့တွေလွဲကြေးဆို.... ဒိုင်ယာနာလည်း အပျိုစင်ဖြစ်ခဲ့မှာပေါ့... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ဂျူးလိယက်ဆီဆာရဲ့ အင်ပါယာ ခုထက်ပို ထည်ဝါခဲ့လိမ့်မယ်... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ဟစ်တလာရဲ့သစ္စာဧကရီ စာစီစရာဘယ်ရှိခဲ့ပါ့မလဲ... ♥ မာနကြောင့် တို့တွေလွဲကြေးဆို ငါ့မှာလည်း နာကျင်မှုတွေ အဆုံးသတ်တော့မယ်မထင်ဘူး... ♥ ပညာမာန၊ ဥစ္စာမာန၊ ပစ္စည်းမဲ့မာန... ငါလည်း ငါ့မာနနဲ့ငါ... ချိုချိုသာသာ ရှင်သန်တယ်... နင်လည်း နင့်မာနနဲ့နင် ... ညင်ညင်သာသာ စီးဆင်းပေါ့... ♥ မာနကြောင့် တို့တွေလွဲကြေးသာဆိုရင်... ငိုနေကြရုံသာ... မာနရဲ့အပြစ်လား....၊ အဲဒီ “မာနပိုင်ရှင်” ရဲ့ အပြစ်လားဆိုတာ... ဒီနေရာမှာ... ငါမမေးဖြစ်လိုက်တော့ဘူး...။ ◄ တေဇာ ► သြဂုတ် (၂၆) ၂၀၀၉ သူငယ်ချင်းတစ်ယောက်ကို Comment ပေးဖို့ ကြိုးစားရင်း စပ်ဖြစ်သွားတဲ့ကဗျာပါ။

လူနှစ်ယောက်နှင့် စကားကြီး (၁၀) မျိုး

ကိုအာကာ: ကိုတေ burma -Vj ကြည့်ပြီးပလား tazar: nope ကိုအာကာ: rapid နဲ့ လင့်ခ်တွေတော့ ရှိတယ် ဆွဲမလား tazar: ဆွဲကြည့်မယ်လေ.......... ဘာများလဲမသိဘူး ကိုအာကာ: http://rapidshare.com/files/...blah blah blah.../ tazar: tkz ........ 65 years remaining တဲ့ .... စောင့်ရမှာလား ကိုအာကာ: account မရှိဘူးလား tazar: ပရိမီယမ်အခေါင်းလား... မရှိဘူး tazar: link က ဒေါင်းလို့မရဘူး အယ်ရာပြနေတယ် ထားလိုက်ပါတော့ ကျေးဇူးပဲအစ်ကို .... ။ ကိုအာကာ: ဟုတ်ပြီး လေ ကျွန်တော် convert လုပ်ပြီးရင် send လိုက်မယ် tazar: အာ... နေပါ့စေ... အားနာစရာကြီး..... (ဟန်လုပ်) ကိုအာကာ: ဟုတ်ကဲ့ ဒါဆိုလဲ ပြီးတာပါပဲလေ (ရုပ်တည်) tazar: လွယ်မှပို့လိုက်ပါ.... တကူးတကတော့ မလုပ်ပါနဲ့ (လူပေါ်လူဇော်လုပ်) ကိုအာကာ: အဲ့ဒီလောက် ကထိကထ များတဲ့ အလုပ်မျိုးဆို ကြုံရင်တော့ လုပ်ဖြစ်ပါတယ် ဒါပေမယ့် ကြုံခဲပါတယ် (ဆင်ဝှေ့ ရန်ရှောင်) tazar: ကြုံခဲပေမဲ့ ကြုံလာရင်တော့ လုပ်မှာမဟုတ်လားဟင် (ရေစီးဖောင်ဆန်) ကိုအာကာ: သြော် ကိုတေဇာ လိုအပ်ရင်တော့ လုပ်ဖြစ်မှာပါ (အိုးတန် ဆန်ခပ်) tazar: ဟိုဆော့ဝဲ၊ ဟိုသီချင်း၊ ဟိုပရိုဂရမ် အဲဒါတွေလည်း ပေးဦးနော် (ရေကူးညာတင်...) ကိုအာကာ: စိတ်ချ အစီအစဥ...

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း  (The Halo Effect in Overdrive) လူတို့သည် တခြားလူများအပေါ် ရှုမြင်ရာတွင် “အားလုံးကောင်း၊ အားလုံးဆိုး” ဟူ၍ လုံးလုံးလျားလျားသာ ရှုမြင်တတ်ကြောင်း ကာလအတန်ကြာ ကတည်းက သိရှိခဲ့ရသည်။ ၎င်းကို “ဟာလိုအကျိုးဆက်” ဟု ခေါ်ဆိုနိုင်ပါ လိမ့်မည်။ ဟာလိုအကျိုးဆက်တွင် ၀ိသေသလက္ခဏာရပ် တစ်ခုခု (အပြုသဘော၊ အပျက်သဘော) သည် ကျန်သည့်အရာများ အားလုံးကို ကျော်လွန်ဖုံးကွယ် ပစ်လိုက်ပြီး မိမိလိုလားရာ ဦးတည်ချက်တွင်သာ ကျွန်တော်တို့၏ အာရုံသိမှုကို ဘက်လိုက်ပစ်လိုက် တတ်ပေသည်။ ဥပမာများသည် နားဝင်မချိုလှ သော်လည်း ၎င်းကိုပင် “မိစ္ဆာဂျို” သို့မဟုတ် “ထွန်ခြစ်သက်ရောက်မှု” (Pitchfork Effect) ဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။ ပါဝင်ကူညီပေးသူများကို ဆက်စပ်မှုမရှိသည့် အမြင်အမျိုးမျိုးမှနေ၍ အဆင့်သတ်မှတ်ပေးရန် မေးမြန်းထားချက်များအရ (Rating ပေးခြင်းကိုဆိုလိုသည်) ထိုအကျိုးဆက်ကို စာရင်းဇယားကျကျ သိရှိရပါသည်။ ဤကဲ့သို့ ကွဲပြားသောအမြင်များမှ အဆင့်သတ်မှတ်ပေးမှုများ စာရင်းတွင် မြင့်မားသော ဆက်နွယ်မှု (Correlation) သို့မဟုတ် တူညီမှု အတော်များများရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် နှစ်ဆယ်ရာစုက သွန်းဒိုက် (Thorndike) ခင်းကျင်း...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...

♥ ဤမျှသာ………

“မြန်မာစာရေးသားရာဝယ်...” မြန်မာစာရေးသားရာတွင် ၀ါကျတစ်ခု၏အဆုံး၌ “သည်” နှင့်ဆုံးခြင်းဟာ သင့်တော်သလား၊ “တယ်” နှင့်ဆုံးတာ ပိုကောင်းသလား ဆိုသောကိစ္စကို ကျွန်တော် ဝေခွဲမရ။ အကြမ်းဖြင့်အားဖြင့် “တယ်”ကို ပေါ့ပေါ့ပါးပါး၊ စကားပြောဟန် အရေးအသားများတွင် အသုံးများပြီး “သည်” ကို ခန့်ခန့်ထည်ထည်၊ စာသံပေသံရေးသားဟန် များတွင် သုံးသင့်သည်ဟု ဆိုရမည်လားမသိ။ ငယ်စဉ်က ကျောင်းသုံးသဒ္ဒါသင်ခန်းစာတွင်များတွင်လည်း “သည်နှင့်တယ် အသုံးပြုရာဝယ်…”၊ “တယ်နှင့်သည် အသုံးပြုနည်းအလီလီ…”၊ “တယ်, သည် အရည်ကျိုသောက်နည်း” စသည်ဖြင့် မသင်ခဲ့ရသည်မှာလည်း အားလုံးအသိပင်…။ ဒီတော့ စာစရေးရန် ကြိုးစားသောအခါ ထို တယ်/သည် ပြဿနာသည် ပထမဆုံးဆိုက်ဆိုက်မြိုက်မြိုက် ကြုံတွေ့ရသည့် ပြဿနာဟု ဆိုရလျှင် မှားမယ်မထင်။ ဆရာသမားများကလည်း စာအရေးအသားတစ်ခုမှာ ပါရှိတဲ့ ၀ါကျတွေမှာ တယ်နှင့် ဆုံးမည်ဆိုလျှင် တယ်ချည်းသက်သက်၊ သည်နှင့်ဆုံးမယ်ဆိုလျှင် သည်ချည်းသက်သက်သာ ရေးသားမှ စာချောနိုင်ပြီး တယ်နှင့်သည်တို့ကို သုံးချင်သလိုသုံးထားလျှင်….၊ ရောကြော်ဖြစ်နေရင် မသင့်တော်ကြောင်း လမ်းညွှန်ခဲ့ပေရာ အဆိုပါ သည်နှင့်တယ်ပြဿနာသည် တော်ရုံပြဿနာတစ်ရပ် မဟုတ်တော့ချေ။ ဖောက်ထွက်စဉ်းစား၊ ဇောက်ထိုးတေ...