Skip to main content

Posts

စာရေးရသည့် အကြောင်းရင်း (၂)

ဤသို့ ကွဲပြားသော လှုံ့ဆော်မှုများသည် အချင်းချင်း ၀ိရောဓိ ဖြစ်လိမ့်မည် ဆိုသည်နှင့် လူတစ်ဦးမှတစ်ဦး တစ်ချိန်မှတစ်ချိန် ပြောင်းလဲမှုရှိလိမ့်မည် ဆိုသည်မှာ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ ပုံမှန်အားဖြင့် မိမိ၏ သဘာဝကို ရယူပိုင်ဆိုင်နိုင်သည့် အခြေအနေကို စတင်အရွယ်ရောက်သည့် အချိန်တွင် ရရှိပါသည်။ ကျွန်တော့်အနေဖြင့်မူ အဦးဆုံး လှုံ့ဆော်မှု သုံးရပ်သည် စတုတ္ထအချက်ထက် ပိုမိုအရေးပါပါသည်။ အပူအပင်ကင်းသည့် ကလေးဘ၀တွင် အဆင်တန်ဆာများ သို့မဟုတ် အဖွဲ့အနွဲ့ သက်သက်မျှသာဖြစ်သည့် စာအုပ်များ ကျွန်တော်ရေးချင်ရေးခဲ့နိုင်ပါသည်။ ကျွန်တော်၏ နိုင်ငံရေး ခံယူချက်ကိုလည်း သတိမပြုမိလုနီးနီး ရှိနေခဲ့နိုင်ပါသည်။ လက်ကမ်းစာစောင် ရေးသားခြင်း အလုပ်မျိုးကို ကျွန်တော် စေခိုင်းခံရဖူးပါသည်။ ပထမဦးဆုံးအနေဖြင့် မိမိနှင့် အံဝင်ခွင်ကျမဖြစ်သည့် အလုပ်တွင် ကျွန်တော် ငါးနှစ်တာကြာခဲ့ပြီး (Indian Imperial Police တပ်ဖွဲ့ဝင်အနေဖြင့် ဗမာပြည်တွင်) ဆင်းရဲမွဲတေမှုနှင့် အရှုံး၏အငွေ့အသက်ကို ရှူရှိုက်မိခဲ့ပါသည်။ ဤသည်က အာဏာပိုင်များအပေါ် ကျွန်တော်၏ ပင်ကိုယ်မုန်းတီးမှုကို တိုးပွားလာစေပြီး၊ အလုပ်သမားလူတန်းစား၏ တည်ရှိနေမှုကိုလည်း ပထမဆုံးအနေဖြင့် တင်းပြည့်ကျပ်ပြည့် သတိပြ...

ဆန်တာခလောစ် ဒဏ္ဍာရီ

ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည့် ဆန်တာခလောစ် ပုံရိပ်သည် ယဉ်ကျေးမှုများ၊ စိတ်ကူးယဉ် ယုံတမ်းပုံပြင် အများအပြားဖြင့် စုံစီနဖာ ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဆန်တာခလောစ် လူသားသည် ယနေ့ မြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း အမြဲတမ်း မရှိခဲ့စေကာမူ သူ၏ မူလဇစ်မြစ်မှာ တကယ်တမ်းတော့ အခြေအမြစ် သိပ်မရှိလှပါ။ (၃) ရာစုအတွင်းက ရှိခဲ့သော ကက်သလစ် သူတော်စင်တစ်ဦး၏ လက်ဆောင်ပေးခြင်း အလေ့မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။ ခရစ်ယန် ပရိုတက်စတင့်ဂိုဏ်း ပေါ်ပေါက်လာခြင်းနှင့် ဥရောပ ယဉ်ကျေးမှုများ အမေရိကသို့ ပြောင်းရွှေ့ အခြေချလာခြင်း တို့ကြောင့် အဆိုပါ သာသနာတွင်း ပုံရိပ် (Pious Figure) သည် ယနေ့ကမ္ဘာတွင် အကျော်ကြားဆုံး ရုပ်ပုံဖြစ်သည့် အနီဝတ်စုံဝတ် အဖိုးအိုအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ပဉ္စလက် သယ်ယူပို့ဆောင်ရေး စနစ် (Magical Transportation System) နှင့် သူ၏ တန်ခိုးရှင်များတပ်ဖွဲ့ (Army of Elves) ၏ အမှတ်အသားကိုလည်း ပိုမိုပြီးပြည့်စုံစေခဲ့သည်။

ဆင့်ကဲဖြစ်စဉ် အပြေးသန်လာခြင်း

ဒီဇင်ဘာ (၂၄) ၂၀၀၉ ကွမ်တမ်ရူပဗေဒပညာရှင် စတီဖှင်ဟော့ကင်း (Stephen Hawking) က လူသားတို့သည် ဆင့်ကဲဖြစ်စဉ်၏ ပြောင်းလဲမှုအဆင့် အသစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လူသားတို့က ဉာဏ်ရည်မြင့် စက်ပစ္စည်းများ (Intelligent Machines) ကို ဖန်တီးခြင်းအားဖြင့် ရှေ့ဆက်သွားမည့် အရာပင် ဖြစ်သည်ဟု သူကဆိုသည်။ “ဆင့်ကဲဖြစ်စဉ်” (Evolution) သည် ယခုအပတ်ထုတ် Subscriber အင်တာဗျူး ခေါင်းစဉ်များထဲတွင် တစ်ခုအဖြစ် ပါဝင်သည်။ ဆင့်ကဲဖြစ်စဉ်သည် သဘာဝအားဖြင့် ကြုံရာကျပန်း ဗီဇပြောင်းလဲမှု (Mutation) များမှ နှစ်သန်းပေါင်းများစွာကြာ “သဘာဝရွေးချယ်မှု” (Natural Selection) ဖြစ်စဉ်ကို ကျော်လွန်ကာ  ဖြေးဖြေးမှန်မှန် ဖြတ်သန်းရှေ့ဆက်လေ့ရှိခဲ့သည်။ ယခုသော် ဆင့်ကဲဖြစ်စဉ်မှာ အရှိန်မြင့်လာခဲ့ပြီဖြစ်၏။ ဟော့ကင်းက အဓိကအပြောင်းအလဲကြီးများသည် နှစ် (၅၀) တစ်ကြိမ်ခန့် ဖြစ်ပေါ်မည်ဟု ခန့်မှန်းသည်။ မူလက အဆိုပါပြောင်းလဲမှုများသည် ဗီဇဆိုင်ရာ ချို့ယွင်းအားနည်းချက်ကို ပြုပြင်ခြင်းတွင်ပင် ကန့်သတ်ထားခဲ့ပေလိမ့်မည်။ Cystic Fibrosis နှင့် Muscular Dystrophy တို့ကဲ့သို့ ဗီဇတစ်မျိုးတည်းဖြင့်သာ ထိန်းကွပ်ထားခြင်းဖြစ်သောကြောင့် အတော...

ငကြောက်

ကျွန်တော်က ကြောက်တတ်ပါသည်။ အလွန့်အလွန်ကို ကြောက်တတ်ပါသည်။ ငယ်ငယ်က စာမရမှာ၊ ဆရာမအရိုက်ခံရမှာ ကြောက်ခဲ့ပါသည်။ သို့သော် ကြောက်ကြောက်နှင့်ပင် စာမကျက်ဘဲ နေနိုင်သမျှ နေခဲ့ပါသည်။ ကြောက်ကြောက်နှင့်ပင် အရိုက်ခံခဲ့ရပါသည်။ မိဘများ အဆူအပူခံရမှာ ကြောက်ပါသည်။ ဆိုးသည်ဟု မိဘများက သတ်မှတ်မည်ကို ကြောက်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ လိမ္မာချင်ယောင်ဆောင်ပါသည်။  “ငါ့သားလေးက လိမ္မာတယ်” ဟူသော မေမေ့စကားကို သာယာခဲ့ပါသည်။ သူငယ်တန်းအသေး (မူကြို) တွင် “သုံးလူ့ရှင်ပင်” ကို အာဂုံဆောင်နိုင်ခဲ့ပါသည်။ (ဤ ၀ါကျကိုပင် ကိုယ်ရည်သွေးသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာမည်ကို “ကြောက်” သဖြင့် ဖျက်ပစ်လိုက်ပြန်ထည့်လိုက်  ဝေခွဲမရဖြစ်နေပါသည်။ နောက်ဆုံး အခြားသူများ၏ အထင်ကို ကြောက်သည်ထက် မိမိကိုယ်ကိုယ် ထင်သောအထင်ကို ကြောက်သည်က ပိုသဖြင့် ထည့်လိုက်ပါသည်) လူပျိုပေါက်အရွယ်ရောက်တော့ မိဘက ဆိုးသည်ဟုသတ်မှတ်ခံရမှာ ကြောက်သည်ထက် ရွယ်တူအပေါင်းအသင်းများက “ငကြောက်” ဟု အထင်ခံရမှာ ပိုမိုကြောက်လာသည်။ အဆိုပါ နှိုင်းရသဘောတရားကြောင့် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးရစ်ရန်ဖြစ် စသည်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ခဲ့ပါသည်။ ငကြောက်အဖြစ်မှ လွတ်ကင်...

စာရေးရသည့် အကြောင်းရင်း (၁)

ငါးနှစ်သား ခြောက်နှစ်သား အတော်ငယ်သည့် အရွယ်ကလေးမှစ၍ ကြီးလာလျှင် စာရေးဆရာ တစ်ယောက်သာ ဖြစ်သင့်သည်ဟု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိခဲ့ပါသည်။ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြားတွင်မူ ထိုအကြံအစည်ကို စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသို့ ကြိုးစားနေရင်းနှင့် တစ်ပြိုင်တည်းမှာပင် ကျွန်တော်သည် မိမိဗီဇ အစစ်အမှန်ကို မကျေမနပ် ဒေါသထွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် အနှေးနှင့်အမြန် စာအုပ်များရေးသားခြင်း အလုပ်တွင် ဇောက်ချရသင့်သည် ဖြစ်ကြောင်းလည်း သိနေခဲ့ပါသည်။ ကျွန်တော်က သားသမီးသုံးယောက်အနက် အလတ်ဖြစ်ပါသည်။ သို့သော် အကြီးနှင့်ရောအငယ်နှင့်ပါ ငါးနှစ်ခန့် ခြားပြီး၊ အသက်ရှစ်နှစ် မတိုင်ခင်အထိ အဖေနှင့် ခဏတစ်ဖြုတ်သာ တွေ့ခဲ့ရပါသည်။ ဤသို့သော အကြောင်းရင်းများကြောင့် ကျွန်တော်သည် တစ်နည်းတစ်ဖုံ အထီးကျန်ဖြစ်နေပြီး မကြာခင်တွင်ပင် အခြားသူများ အမြင်တွင် ထောင့်မကျိုးသည့် မျက်နှာရိပ်ကဲနှင့် ဟန်ပန်မူယာတို့ ဖွံ့ဖြိုးလာခဲ့ပြီး ဤသည်က ကျွန်တော့် ကျောင်းသားဘ၀တစ်လျှောက်လုံး ကျွန်တော့်ကို မထင်မရှားဖြစ်အောင် လုပ်ဆောင်ခဲ့လေသည်။ ကျွန်တော့်တွင် အထီးကျန်ကလေးများ၏ အလေ့အကျင့်ဖြစ်သည့် ပုံပြင်ဖွဲ့ခြင်း၊ စိတ်ကူးယဉ်လူသားများနှင့် စကာြးေ...

ဖြစ်ပြီးသား ပစ္စက္ခများ (သို့မဟုတ်) ဒီဂျာဗှူး (Déjà vu)

တလောက အဖေနှင့်အတူ ကိစ္စတစ်ခုရှိသဖြင့် ဒေလီမြို့တွင်းသို့ သွားခဲ့ပါသည်။ လုပ်စရာရှိတာ လုပ်ရင်းနှင့် ထမင်းစားချိန်သို့ ရောက်လာသည်။ အိမ်တွင် နားပူနားဆာ သိပ်မလုပ်တတ်သည့် ဗိုက်က အပြင်ရောက်တော့ အချိန်အတိအကျ အချက်ပေးသည်။ သို့နှင့်ပင် ထမင်းဆိုင်ရှိရာသို့ သားအဖနှစ်ယောက် ရောက်သွားသည်။ ဆိုင်တွင် အင်္ဂလိပ်လိုတစ်လုံးမျှ နားမလည်သည့် ဗိုက်ပူပူ ကုလားကြီး တစ်ယောက်ကို Menu ထဲ လက်ညှိုးထောက်ကာ မှာရသည်။ မှာပြီးသော် အဖေထိုင်နေသော ထိုင်ခုံတွင် ကျွန်တော် ၀င်ထိုင်လိုက်မိသည်။ ဤတွင် အဖေကပြောသည်။ “မင်း ထမင်းကြော် မှာနေတဲ့ကုလားကို ငါကြည့်နေတာ၊ တစ်နေရာရာမှာတွေ့ဖူးသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ တွေ့ဖူးတာမဟုတ်ဘူး။ မင်းခုနလို မှာနေတဲ့ပုံစံတွေကိုရော၊ တစ်ချိန်ချိန်မှာ ဒီလိုအချိန် ဒီလိုနေရာမှာ ထမင်းစားရမယ့်အဖြစ်ကိုရော... သိနေသလိုပဲ” ဟု ဆိုပါသည်။ ထိုအခါတွင် ကျွန်တော်လည်း ထိုသို့သောခံစားချက်မျိုး ကြုံဖူးကြောင်း သတိရမိသည်။ လုံးဝ အသစ်ချတ်ကျွပ် ဖြစ်ရပ်၊ နေရာ၊ လူ၊ အတွေ့အကြုံ တစ်ခုခုကို ယခင်က ဖြစ်ဖူးသယောင်၊ သို့မဟုတ် ကြိုသိနေသယောင် ခံစားချက်မျိုး ဖြစ်ပါသည်။ ဘိုးတော်ဝိဇ္ဇာတွေလို အကြားအမြင်ရခြင်းမျိုး မဟုတ်ပါ။ ဦးနှောက်တွင် “ကြိုသိနေယောင်...

မော်ဒန်အလေ့အထကောင်းများ

ပြုံးခြင်းထက်စာလျှင် မျက်မှောင်ကုပ်ခြင်းသည် မျက်နှာရှိ ကြွက်သားများကို ပိုမိုအသုံးပြု ရပါသည်။ သို့သော် ပျော်ပျော်နေခြင်းထက် လဒမှိုင်မှိုင်ပြီး သူများပျော်လို့ မပျော်နိုင် ဖြစ်နေခြင်းက မိတ်ဆွေအတွက် ပိုကောင်းသည်ဟု ဆိုပါလျှင်...။ အပြုအမူဆိုင်ရာ ကျန်းမာရေး လေ့လာမှုအသစ် တစ်ခုအရ အထိမခံကြွေပန်းကန် သဘောထား ရှိသည့် လူစားများသည် အလိမ်ခံရခြင်း၊ တစ်ပတ်ရိုက်ခံရခြင်းများ နည်းပါးပြီး ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိသည်ဟု ဆို၏။ ဤအံ့အားသင့်စရာ ကျွမ်းထိုးမှောက်ခုံ ရလဒ်ကို ၂၀၀၉ ခုနှစ် နိုဝင်လာလထုတ် သြစတြေးလျ ကျန်းမာရေး စာစောင်တစ်ခုတွင် စိတ်ပညာကျွမ်းကျင်သူ ပါမောက္ခ Joseph Forgas က ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း ဖြစ်ပါသည်။ သူ၏တွေ့ရှိချက်အရ ၀မ်းနည်းခြင်း၊ စိတ်ထိခိုက်ခံစားလွယ်ခြင်းစသည့် အနုတ်လက္ခာဆောင်မှု အရှိအဆုံး စိတ်ခံစားချက်များသည်ပင် ပျော်ရွှင်ခြင်းနှင့်တကွ တခြားသော အပေါင်းလက္ခဆောင် ခံစားမှုများထက် ပိုမိုတန်ဖိုးရှိကြောင်း သက်သေပြနိုင်သည်ဟု ဆိုသည်။ ဤတွေ့ရှိချက်သာ မှန်ကန်သည် ဆိုပါလျှင် မြန်မာပြည်မှ ဒေါသအိုး စစ်ဗိုလ်ချုပ်များကို မိမိတို့အစား ဆုံးဖြတ်ချက်ချ (Decision Making) ခိုင်းခြင်းသည် အလွန်သင့်ေ...