ဒီဇင်ဘာ (၂၄) ၂၀၀၉
ကွမ်တမ်ရူပဗေဒပညာရှင် စတီဖှင်ဟော့ကင်း (Stephen Hawking) က လူသားတို့သည် ဆင့်ကဲဖြစ်စဉ်၏ ပြောင်းလဲမှုအဆင့် အသစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လူသားတို့က ဉာဏ်ရည်မြင့် စက်ပစ္စည်းများ (Intelligent Machines) ကို ဖန်တီးခြင်းအားဖြင့် ရှေ့ဆက်သွားမည့် အရာပင် ဖြစ်သည်ဟု သူကဆိုသည်။ “ဆင့်ကဲဖြစ်စဉ်” (Evolution) သည် ယခုအပတ်ထုတ် Subscriber အင်တာဗျူး ခေါင်းစဉ်များထဲတွင် တစ်ခုအဖြစ် ပါဝင်သည်။
ဆင့်ကဲဖြစ်စဉ်သည် သဘာဝအားဖြင့် ကြုံရာကျပန်း ဗီဇပြောင်းလဲမှု (Mutation) များမှ နှစ်သန်းပေါင်းများစွာကြာ “သဘာဝရွေးချယ်မှု” (Natural Selection) ဖြစ်စဉ်ကို ကျော်လွန်ကာ ဖြေးဖြေးမှန်မှန် ဖြတ်သန်းရှေ့ဆက်လေ့ရှိခဲ့သည်။ ယခုသော် ဆင့်ကဲဖြစ်စဉ်မှာ အရှိန်မြင့်လာခဲ့ပြီဖြစ်၏။ ဟော့ကင်းက အဓိကအပြောင်းအလဲကြီးများသည် နှစ် (၅၀) တစ်ကြိမ်ခန့် ဖြစ်ပေါ်မည်ဟု ခန့်မှန်းသည်။
မူလက အဆိုပါပြောင်းလဲမှုများသည် ဗီဇဆိုင်ရာ ချို့ယွင်းအားနည်းချက်ကို ပြုပြင်ခြင်းတွင်ပင် ကန့်သတ်ထားခဲ့ပေလိမ့်မည်။ Cystic Fibrosis နှင့် Muscular Dystrophy တို့ကဲ့သို့ ဗီဇတစ်မျိုးတည်းဖြင့်သာ ထိန်းကွပ်ထားခြင်းဖြစ်သောကြောင့် အတော်လေး လွယ်ကူစွာ ခွဲခြားသတ်မှတ်နိုင်ပြီး မှန်ကန်မှုရှိသည်။ ဉာဏ်ရည်ဉာဏ်သွေးကဲ့သို့ အခြားသော အရည်အသွေးများတွင်မူ ဗီဇပမာဏ အများအပြားနှင့် ထိန်းကွပ်ထားခြင်း ဖြစ်နိုင်ပေသည်။ ၎င်းတို့ကို ရှာဖွေရန်နှင့် ၎င်းတို့အကြား ဆက်သွယ်ချက်များကို စိစစ်အဖြေရှာရန်မှာ များစွာခက်ခဲနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ လာမည့်ရာစုနှစ်အတွင်းတွင် လူတို့သည် ဒေါသကဲ့သို့ ဗီဇစိတ် (Instinct) များနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့အား မည်သို့ပြုပြင်ပြောင်းလဲရမည်ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု ဟော့ကင်းက အခိုင်အမာ ပြောကြားသည်။
သို့သော် ယနေ့အချိန်ထိတော့ အဆိုပါကိစ္စကို အိပ်မက်သာ မက်နိုင်ပါသေးသည်။
Source: Unknown Country: Evolution

Comments
Post a Comment