Skip to main content

Posts

ဇစ်ပိုမီးခြစ်

ဂျွန်က ပြောလိုက်သည်။ “ငါ အိပ်မက်တစ်ခု မက်တယ်။ အဲဒီအကြောင်းကို မင်းကို ပြောပြချင်တယ်။ ငါက ဘီယာဘားတစ်ခုထဲမှာ ဘော်ဒါတွေနဲ့အတူ မတ်တပ်ရပ်နေတယ်။ သောက်ရင်းစားရင်း စကားပြောရင်းပေါ့။ သောကြာနေ့ညဆိုတော့ ဘားကတော့ ထုံးစံအတိုင်း လူပြည့်နေတာပေါ့။ သီချင်းသံလည်း ကျယ်ကျယ်လောင်လောင် ဖွင့်ထားတယ်။ ဘီယာသောက်ထားလို့ ငါက ကောင်းနေပြီ။ ဒါပေမဲ့ ခေါင်းစိုက်အောင် ကောင်းနေတာမျိုးတော့ မဟုတ်ဘူး။ ငါ့စိတ်ထဲမှာတော့ အတော်ကို အထာကျတဲ့နေရာပဲလို့ ခံစားနေရတယ်၊ ကောင်မလေးတွေကလည်း လှတယ်။ တစ်ညလုံး ဒီအတိုင်းဆက်ကဲဖို့ ငါ့အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ပါတယ်။ မင်းသိပါတယ်၊ ရွှေဖြစ်နေတယ်ပေါ့ကွာ” သူက ပြတင်းပေါက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ ပြီးနောက်မှ အသက်ကိုပြင်းပြင်း ရှူရင်း ဆက်ပြောသည်။

သူမ

[၁] တြိဂံပုံအမိုး ကျေးလက်အခန်းငယ်လေး တစ်ခုအတွင်းမှာ ထိုင်နေရင်း တံခါးရွက်နှစ်ခုပါမှန်တံခါးကိုဖြတ်ပြီး အပြင်ကို သူမ လှမ်းကြည့်နေမိတယ်။ စိုထိုင်းထိုင်း နွေတစ်နေ့ပါပဲ။ သူမ ၀တ်စားထားပုံကတော့ သိပ်ခေတ်မဆန်လှဘူး။ ရှေ့အိတ်ကပ်နှစ်ခုပါ စစ်ဖျင်ကြမ်း ရှပ်အင်္ကျီလက်တို၊ အိတ်ကပ်တစ်ခု အတွင်းမှာတော့ ခဲတံတစ်ချောင်း ထိုးသွင်းထားတယ်။ အရောင်အသွေးကင်းမဲ့နေပြီဖြစ်တဲ့ မီးခိုးဖျော့ရောင် အကြမ်းစားဘောင်းဘီက ဆူးပင်တွေကြား ဖြတ်ခဲ့ရတာကြောင့် တချို့နေရာတွေမှာ စုတ်ပြဲနေပြီ။ သူမ အရှက်ကိုရော ပိုးမွှားတွေရန်ကပါ တစ်ပြိုင်တည်း တာဝန်နှစ်ခုယူ ကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ပိုးမွှားတွေဆီက ထုတ်လွှတ်တဲ့ ယူကလစ်ဆီနံ့ အကြွင်းအကျန်တွေ ရှိနေသေးတဲ့ သန်မာပြီး ကြွက်သားပြည့်ဝတဲ့ သူမရဲ့ လက်ဖျံတွေ။ ဒီလက်ဖျံတွေက အပြိုင်းအရိုင်းပေါက်နေတဲ့ ကိုင်းပင်တွေကြားမှာ လမ်းဖြစ်အောင် ဖယ်ရှားရှင်းလင်းသွားနိုင်ကြောင်းကို ပြသနေတယ်။ ပြီးတော့ သူမရဲ့ ကြမ်းရှရှခြေဗလာကလည်း မညီမညာ ပက်ကြားအက်တွေပေါ် လျှောက်သွားနိုင်စွမ်းရှိကြောင်းကို သက်သေထူနေပါတယ်။ ဆင်ခြေလျောဖုန်းဆိုးမြေဆီ သူမ ဝှေ့ကြည့်လိုက်တယ်။ တစ်ဖက်မှာ ပင်လယ်ရေတိုက်စားထားတဲ့ ဆားသောင်ပြင်ကို ဝေ့၀ိုက်ပိ...

ကဗျာကို ဘာသာပြန်တဲ့ကိစ္စ [မြင့်သန်း]

ကဗျာကို ဘာသာပြန်ဖို့ ကဗျာနောက်က ကဗျာ The Poem behind the poem ကို သိဖို့လိုလိမ့်မယ် (အမှာ။ အလျင်က မဂ္ဂဇင်းတချို့မှာ ကဗျာကိုဘာသာပြန်တဲ့ကိစ္စဆိုပြီး ရေးခဲ့ဖူးပါတယ်။ အကြောင်းအရာက မျိုးတူစုတစ်ခုတည်းအောက်မှာဖြစ်နေလို့ ဒီနာမည်ပဲ ထပ်ပေးလိုက်ရပါတယ်။) ကဗျာကိုဘာသာပြန်တဲ့အလုပ်ကို စနစ်တကျ ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ပညာရှင်တွေရှိပါတယ်။ ဒီပညာရှင်တွေရဲ့ အယူအဆကို အထိုက်အလျောက်ထည့်ပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလို စဉ်းစားကြည့်ဖို့လိုရတာက ကဗျာကိုဘာသာပြန်တာပဲ ဘာခက်တာမှတ်လို့၊ အဘိဓာန်တစ်အုပ်နဲ့ အပျင်းပြေဘာသာပြန်လို့ဖြစ်တယ်လို့ ထင်ထားတဲ့လူတွေ ယုံမှတ်မှားသလောက် မလွယ်ဘူးဆိုတာကလေး ပေါ်လွင်စေချင်လို့ပါ။ ရန်ကုန်ရောက်တုန်းက လူငယ်ကဗျာရေးသမားတစ်ယောက်က ပြောပြတယ်။ အင်္ဂလိပ်စာသင်သူတစ်ယောက်က အင်္ဂလိပ်ကဗျာတွေကို စာလုံးတစ်လုံးချင်းအနက်ဖော်, ပြန်စီ၊ Paraphrase လုပ်ပြီး အနက်ဖော်ရတယ်လို့ ရေးဖူးသတဲ့။ ဘယ်သူရေးတယ်ဆိုတာကတော့ သူလည်း မမှတ်မိတော့လို့ အသေအချာ မသိလိုက်ရဘူး။ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်အောင် သင်တဲ့နေရာမှာ Paraphrase ဟာ သိဖို့လိုအပ်ပါတယ်။ ဒါပေတဲ့ ကဗျာလို အရေးအသားတစ်ရပ်နဲ့တည်ဆောက်ထားတဲ့ စာပေပစ္စည်းတစ်မျိုးမျိုးမှာ ကနဦး/အ...

သဲခုံတာ၊ ဘ၀၊ သေခြင်းတရားနှင့် တဲင်နစ်ဆင် [မြင့်သန်း]

အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးချင်နေတာကတော့ ကြာပြီ။ ချရေးလိုက်တော့ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတယ်။ ရေးပြီးတော့ သူ့သား ဟဲလယ်(မ)ကို ပြတယ်။ အဲဒီကဗျာကို သူ့ကဗျာပေါင်းချုပ်တွေ ထုတ်ဝေတိုင်း နောက်ဆုံးကဗျာအဖြစ် ဖော်ပြပေးဖို့လည်း မှာထားခဲ့တယ်။ ဟဲလယ်(မ)ကတော့ ဒီကဗျာဟာ သူ့အဖေရဲ့ ကဗျာဆရာအဖြစ် ဖြစ်ရှိနေခဲ့ရခြင်းအကြောင်းပဲလို့ ဆိုတယ်။

ဆယ့်လေးရာစုတုန်းက သူတို့ နောက်ပြောခဲ့ကြတာမဟုတ်ဘူး

အချစ်စိတ်နဲ့ ကြည့်တော့ သူတို့ ကန်းနေတာလို့ ပြောတုန်းက သူတို့ နောက်ပြောနေခဲ့ကြတာ မဟုတ်ဘူး။ အသိစိတ်ရှိနေဆဲ ရှင်သန်သူတွေထက်တောင် အသေကောင်က ပိုပြီး ဘယ်လိုခါးသီး ခံစားခဲ့ရတယ်ဆိုတာ အသေအချာ မပြောနိုင်ပေမယ့်လည်း ဒါက စကားလှရုံ ခံစားကောင်းရုံလောက်တော့ မဟုတ်ခဲ့ဘူး။ ငါ့အတွက် မင်းက အဲဒီလောက်ထိကို အလင်းမတိုးဘူး ဒိုးယိုပေါက်မြင်ရတဲ့ မင်းရဲ့ တိုတောင်းလှတဲ့ ခဏတာတွေဟာ လူတိုင်း လေးမြတ်ကြတဲ့ အရိုင်းဝါဒ အဆောက်အဦက လှည့်စားဖို့ထားတဲ့ ပြတင်းပေါက်တွေပမာ။ မင်းဘ၀အတွက် လိုအပ်တဲ့ အားထုတ်မှုတွေက ငါ့ကို မောပန်းစေခဲ့ပေါ့။ ငါ နောက်ပြောနေတာ မဟုတ်ဘူး။ တေဇာ (လရောင်လမ်း) They Were Not Kidding in the Fourteenth Century by Maureen N. McLane ကို ဆီလျော်သလို။ Image Credit: http://parisisinvisible.blogspot.com

စံပယ်ကို မျှားခြင်း

[ ၁ ] ကုတင်နံပါတ် (၆) ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမျိုးသမီးငယ်ကို စံပယ်လို့ ခေါ်ပါတယ်။ ကျွန်မနာမည်ကလည်း စံပယ်ပါပဲ၊ ဒါပေမဲ့ နာမည်ဆိုတာတွေက အပေါ်ယံလောက်ပဲလေ၊ ရေမျက်နှာပြင်ပေါ်မှာ တပွက်ပွက်ထနေတဲ့ ရေမြုပ်တွေမျှပဲ။ ကျွန်မတို့နှစ်ယောက်မှာ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူ ကျွန်မကိုသဘောကျတာ၊ ဒါကြောင့်ပဲ တာဝန်ချိန်မဟုတ်တဲ့ အချိန်တွေမှာ သူ့အနား ကျွန်မ ထိုင်နေမိတတ်တာပေါ့။ ဒီနေ့ကတော့ ဒုက္ခရောက်တဲ့ နေ့တစ်နေ့ပါပဲ။ အဆောင်မှာ လူနာတွေနဲ့ အများကြီးနဲ့ ရှုတ်ယှက်ခတ်နေလို့ ကျွန်မလည်း အလုပ်တွေမပြီးနိုင် ဖြစ်နေတယ်။ အိပ်ယာခင်းတွေသိမ်း၊ ပုံစံတွေ ဖြည့်၊ အ၀တ်အစားလဲ စသည်ဖြင့်ပေါ့။ နောက်ဆုံး နေ့လယ်နှောင်းပိုင်းလောက်ရောက်တော့မှ ကော်ဖီဖျော်ဖို့ အချိန်လေးနည်းနည်းရပါတယ်။ ကော်ဖီကို စပယ့်ကုတင်ဘေးနားက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံလေးဆီ ကျွန်မ ယူသွားလိုက်တယ်။ အခုလို ခဏတဖြုတ်ထိုင်ခွင့်ရတာကို ကျေးဇူးတင်နေမိတယ်၊ သူ့အနားမှာ အဖော်လုပ်ပေးရတာကိုလည်း ၀မ်းသာနေမိပါတယ်။

စာခြောက်ရုပ်

ဒီလိုနဲ့ ကျွန်မတို့လည်း အဲဒီစာခြောက်ရုပ်ကို အလုပ်ခန့်လိုက်တယ်။ သူ့နာမည်က ယင်စင်းတဲ့။ ကျွန်မ အစ်မက အဲဒီကြော်ငြာကို သတင်းစာထဲမှာ စမြင်တော့ "သူက တကယ်ကြီးတဲ့လား" လို့မေးတယ်။ ကျွန်မလည်း လူချင်းတွေ့ဖို့ ဖုန်းဆက်ကြည့်တယ်။ နေ့လယ်ခင်းလောက်မှာ ကျွန်မတို့တွေ့ဖြစ်ကြတယ်၊ ညနေခင်းကျတော့ ဖုန်းထပ်ဆက်ပြီး ရှင့်ကိုအလုပ်ခန့်လိုက်ပြီလို့ တစ်ခါတည်း ပြောလိုက်တော့တယ်။ အဲဒီနေ့က တနင်္ဂနွေနေ့။ သူ့ကို မြေကွက်လပ်ဆီ လိုက်ပြပြီးတော့ ကျွန်မတို့လည်း မီးဖိုချောင်ရဲ့ ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ကြတယ်။ အဲဒီမှာ သူခြောက်ရမယ့် ငှက်မည်းမည်းတွေရစ်ဝဲနေတယ်လေ။ အဲဒီအကောင်တွေ အကုန်ခြောက်ထုတ်ပေးပါမယ်လို့ သူက တာဝန်ယူလိုက်တယ်၊ ဒါပေမဲ့ သူ့လက်တွေက တုန်လှုပ်နေပါတယ်။ "ရှင် ကြောက်များနေသလား" လို့ ကျွန်မက မေးလိုက်တယ်။ "ကတုန်ကရင်" ဖြစ်နေတာပါလို့ သူကပြောတယ်၊ အမူးလွန်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒီလို တုန်လှုပ်နေတာကလည်း အလုပ်တော့ဖြစ်သားပဲ။ "ခင်ဗျားကိုပိုပြီး အသက်ဝင်လာစေတာပေါ့" လို့ သူကပြောတယ်။ အာရုဏ်မကျင်းမီ မနက်တိုင်း ကျွန်မက ကြောင်ကလေးကို အပြင်ထွက်ဖို့ တံခါးဖွင့်ပေးတတ်တယ်။ အဲဒီတော့ ယင်စင်...