Skip to main content

လက်တွေ့ဝါဒ (Pragmatism) အကြောင်း ပိစိကွေး


Edward de Bono ဆိုတဲ့လူကြီးဟာသူပေါ့

Pragmatism: n (u) : a way of dealing with problems in a sensible,
practical way instead of following a set of ideas:

Longman Dictionary of Comtemporary English အဘိဓာန်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ လက်တွေ့ဝါဒဆိုတာ အယူအဆတွေ နိယာမတွေကို
ဘေးချိတ်ထားပြီး လက်တွေ့ကျပြီး ကိုယ်တွေ့သိရတဲ့ အတွေ့အကြုံအခြေခံနည်းလမ်းနဲ့သာ ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်ပါတယ်။
ကိုယ်ကျင့်တရားစံနှုန်းတွေနဲ့တော့ ညိစွန်းကောင်း ညိစွန်းနေနိုင်တယ်ပေါ့။

တစ်ချို့သောလူတွေကတော့ လက်တွေ့ဝါဒဟာ နိယာမ (Principle) တွေကို မျက်ကွယ်ပြုပြီး လုပ်ဆောင်တဲ့နည်းလမ်းဖြစ်တယ်လို့ မြင်တဲ့အတွက် ၎င်းဝါဒကို
ရှုတ်ချဝေဖန်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ဝါဒဆိုတာ နိယာမမဲ့ (Unprinciple) လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လက်တွေ့ကျသောနည်းလမ်းဖြင့် နိယာမများကို အသုံးချခြင်းလို့သာ ဆိုလိုခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်တစ်ခု ပြီးမြောက်ဖို့ သင်လုပ်ဆောင်နိုင်သောအလုပ်ကို လုပ်ဆောင်ရာမှာ နိယာမတွေရဲ့
လက်တွေ့ဆန်နိုင်စွမ်း (Practicality) ကို အလေးမူထားခြင်းဟာ လက်တွေ့ဝါဒဖြစ်ပါတယ်။ နိယာမတွေဟာ အပြုအမူတွေကို ထိန်းကွပ်ဖို့
လူ့အဖွဲ့အစည်းကို အကူအညီပေးနေတာဖြစ်လို့ နိယာမမဲ့အပြုအမူတွေဟာ အန္တရာယ်များပြီး လက်ခံနိုင်စရာလည်း မရှိပါဘူး။

လက်တွေ့ဝါဒရဲ့ အဓိကရည်ရွယ်ချက်က အဆုံးသတ်ရလဒ်ဟာ လုပ်နည်းလုပ်ဟန်နဲ့ ညီညွတ်မျှတလာစေဖို့ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတစ်ယောက်ကို
ဝယ်လက်တစ်ယောက်ဟန်ဆောင်ပြီး ဖျားယောင်းဖမ်းဆီးတာကို အများလက်ခံနိုင်ကြပါတယ်။ (ဒါလည်း ကိုယ်ကျင့်တရားစံနှုန်းကြည့်ရင် ညိစွန်းနေကြောင်း သတိပြုမိစေချင်ပါတယ်)ဘာကြောင့်လက်ခံနိုင်သလဲဆိုတော့ ဒီလုပ်နည်းလုပ်ဟန်ရဲ့ အဆုံးသတ်ရလဒ်ဟာ အဖိုးတန်နေလို့ပေါ့။ ဒီလိုမျိုး
လုပ်နည်းလုပ်ဟန်အမျိုးအစားတွေကိုတော့ တံခါးဖွင့်ပေးထားပါတယ်။ ဒါပေမဲ့လည်း အဆုံးသတ်ရလဒ်နဲ့ လုပ်နည်းလုပ်ဟန် ညီညွတ်မျှတမှုမရှိတဲ့
ဖြစ်ရပ်မျိုးမှာတော့ လက်တွေ့ဝါဒဟာ အလုံးစုံ ပရမ်းပတာအခြေအနေဆီ ဦးတည်သွားနိုင်ပါတယ်။ ဥပမာ မိမိလိုအပ်ချက်အတွက်ဆိုပြီး
ခိုးယူခြင်းလုပ်ရပ်နဲ့ ဖြေရှင်းမိလိုက်ခြင်းမျိုးကိစ္စရပ်တွေမှာပေါ့။

လက်တွေ့ဝါဒဟာ လုပ်ရပ်တစ်ခုဟာ မည်သည့်နေရာဆီသို့ ဦးတည်သွားသလဲဆိုတာနဲ့ ဆက်စပ်ပတ်သက်တာပါ။ အဲဒီလုပ်ရပ်တစ်ခုရဲ့ သက်ရောက်မှု အကျိုးဆက်တွေနဲ့ပေါ့။ ဒါပေမဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေထွက်နေသရွေ့ မည်သည့်အပြုအမူကိုမဆို လက်ခံနိုင်တယ်လို့ ယတိပြတ်ပြောနေတာတော့ မဟုတ်ပါဘူး။ လက်တွေ့ဝါဒဟာ `ကျွန်တော်လုပ်နေတာမှန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သေချာတဲ့အတွက် ဒီလုပ်ရပ်ကြောင့် ဘယ်လိုအကျိုးဆက်တွေဖြစ်လာပါစေ ဂရုမစိုက်ဘူး´ လို့ ကြွေးကြော်နေတဲ့ (မကြာခဏ ဒီမူဝါဒမှာခြေခံလေ့ရှိတဲ့ ဘ၀မြင့်မှုနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပဲ ဖြစ်ပါတယ်။

လက်တွေ့ဝါဒဟာ အခြေအနေတစ်ခု၊ အဲဒီအခြေအနေထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ၊ ပြီးတော့ လက်တွေ့ကျမှုတွေဆီသို့ အာရုံခြောက်ပါး (ဒီနေရာမှာ
အာရုံခြောက်ပါးထဲ ဆဌမအာရုံ (Instinct) ကိုပါ ကျွန်တော်ထည့်တွက်ပါတယ်)ဖြင့် ခံစားခြင်း (Being Sensitive) ကို ဆိုလိုပါတယ်။ လက်တွေ့ဝါဒဆိုတာ
ဖြစ်နိုင်ခြေအနုပညာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဆိုတာလက်တွေ့ဝါဒီတွေပါပဲ။

အလားတူ `ဖြတ်လမ်းနည်း´ (Expendiency) ဆိုတဲ့ ဝေါဟာရဟာလည်း လူတွေရဲ့အမြင်မှာ အဆိုးပုံရိပ်သန်းနေပါတယ်။ နိုင်ငံရေးသမားများအနေနဲ့
မဲဆန္ဒရှင်များများရဖို့ရာ နိယာမမဲ့ဖြစ်ချင်ဖြစ်နေမဲ့အရာတွေကို မလွှဲမရှောင်သာ လုပ်ရတတ်လေ့ရှိပါတယ်။ မဲတွေပိုက်ဆံနဲ့ လိုက်ဝယ်တာကတော့
စိတ်မချမ်းသာစရာ လက်တွေ့ကျခြင်းဖြစ်ပြီး တစ်ချို့သော ဖြတ်လမ်းနည်း အမျိုးအစားတွေဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ်
သွေးတွေမရပ်မနားထွက်နေတာကို တိတ်ဖို့ ညစ်ပတ်တဲ့လက်ကိုင်ပ၀ါကိုသုံးတာဟာဘယ်မှာ ပိုးမွှားကင်းစင်နိုင်မှာလဲ။ ဒါပေမဲ့လည်း လက်ထဲမှာ တခြားသုံးစရာ
ဘာမျှမရှိတဲ့အခါ အချိန်မရှိမှုက အန္တရာယ်ကို ဂုတ်ခွစီးရတာပါပဲ။ ပိုးမွှားကူးစက်ခံရတဲ့ကိစ္စကို နောက်မှ ကုစားလို့ရတယ်လေ...။

De Bono's Six Actions Shoes မှ Brown Brogues ကို တေဇာ အလောသုံးဆယ် ဘာသာပြန်ဆိုပါသည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”