သူလာပြီ
အဖြူရောင်မြူခိုးတွေထဲ အေးစက်တဲ့ လေနဲ့ပွေ့ဖက်
နှလုံးသားတွေ အေးခဲတော့မယ်
ဆံပင်တွေကြား .. ပုခုံးသားပေါ်
လက်အစုံပေါ်ကို ကျဆင်း
သူတစ်ခါလာပြန်ပြီ ... နှင်းတဲ့။
နှင်းရယ်၊ ချစ်သူရယ် အမည်တူခဲ့တယ်
နှင်းတွေ ခဏကလေး ကျပြီး ခဏကလေး ပျောက်ကွယ်
ချစ်သူ ခဏကလေး ချစ်ပြီး ခဏကလေး ပျောက်ကွယ်။
တစ်ချိန်ကလို သူလာပြီလေ
ကောင်းကင်ပေါ်မှာ အုံ့ဆိုင်းပြီး
တစ်ခဏကျသော ဒီနှင်းတွေဟာ
ချစ်သူအမည်နှင့်..။
ဝေမြတ်အောင်
၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာမဂဇင်းမှ။
အဖြူရောင်မြူခိုးတွေထဲ အေးစက်တဲ့ လေနဲ့ပွေ့ဖက်
နှလုံးသားတွေ အေးခဲတော့မယ်
ဆံပင်တွေကြား .. ပုခုံးသားပေါ်
လက်အစုံပေါ်ကို ကျဆင်း
သူတစ်ခါလာပြန်ပြီ ... နှင်းတဲ့။
နှင်းရယ်၊ ချစ်သူရယ် အမည်တူခဲ့တယ်
နှင်းတွေ ခဏကလေး ကျပြီး ခဏကလေး ပျောက်ကွယ်
ချစ်သူ ခဏကလေး ချစ်ပြီး ခဏကလေး ပျောက်ကွယ်။
တစ်ချိန်ကလို သူလာပြီလေ
ကောင်းကင်ပေါ်မှာ အုံ့ဆိုင်းပြီး
တစ်ခဏကျသော ဒီနှင်းတွေဟာ
ချစ်သူအမည်နှင့်..။
ဝေမြတ်အောင်
၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာမဂဇင်းမှ။
Comments
Post a Comment