Skip to main content

အတိုးဆုံးကဗျာများ (၃၅)

ကျည်ဆန်တွေလျှောက်ဖို့ လမ်း

ကျည်ဆန်ကို တီထွင်ပြီးနောက်မှာ
သေနတ်တွေကိုပါ မဖြစ်မနေ
အသုံးပြုလာကြရတယ်
စကားလုံးတွေ ရှိမှတော့
ကဗျာကို ငါတို့ လိုအပ်ပြီပေါ့။

အတုန့်

ရထားမရပ်ခင် ခုန်ဆင်းရင်
အလိုက်သင့်လေး ဆက်ပြေးရတယ်
အချိန်မတိုင်ခင် သတ်သေဖို့
ဘယ်မလဲ စင်္ကြန်
ကြံကြံဖန်ဖန် ကျွန်တော် လောနေတယ်။

အမှိုက်မပစ်တဲ့ သစ်ပင်

သူ့ကို ကျွန်တော် ဘယ်တော့မှ
စွန့်ပစ်နိုင်မယ် မထင်တော့ဘူး
စွန့်ပစ်တယ်ဆိုတာ ပိုင်ဆိုင်ဖူးမှ
ဆိုတဲ့အချက်ကို 
နားလည်ပြီးတဲ့နောက်...။

အရည်ပျော်မှတ်

ရေခဲမုန့်ကို နားဖာကလော်နဲ့
ခပ်စားမလို့လား
အလျင်အမြန် အရည်ပျော်တတ်တယ်
အခုအချိန်မှာမှ ဘ၀ကို
အားရပါးရ လျက်မပစ်ရဲဘူးဆိုရင်...။

အလွမ်းဓါတ်ခံ
နိဗ္ဗာန်ကိုသာ အရှင်လတ်လတ်ကြီး
ရောက်သွားကြည့်
အ၀ီစိအကြောင်း ပျော်ရွှင်စွာ စမြုံ့ပြန်ဦးမှာ
ကျွန်တော် သေသွားပြီးရင်လည်း
ခင်ဗျားတို့ကို သတိရနေမှာ။

တေဇာ (လရောင်လမ်း)

Comments

  1. အားရပါးရ လျက်ပစ်မယ်ဗျာ။ ဘဝကို

    ReplyDelete

Post a Comment