Skip to main content

ပန်းတွေလည်း စည်းကမ်းရှိစွာ ပွင့်ရရှာ

ပန်းတွေကို
ဘယ်လိုတော့ မပွင့်သင့်ဘူး
ဘယ်လိုတော့ ပွင့်ရမယ်လို့
ခင်ဗျား ငြင်းရဲလား

ဗှင်ဂိုးသူ့ပန်းသူ
ဘာအရောင် ခြယ်ခြယ်ပေါ့
သူ့အပူစစ်စစ်ပဲ

ပလတ်စတစ်ပန်းပွင့်ပေါ်
လိပ်ပြာနားတယ်ဆိုရင်တောင်
သူ့ရဲ့ လှည့်ဖျားနိုင်မှုကို
ကျွန်တော်ဆို ချီးကျူးမယ်

တချို့သော ပန်းများဟာ ၀တ်ရည်မရှိလို့
လိပ်ပြာတွေကို ပညာပေးဖို့လိုမယ် ဆိုပဲ

ရုက္ခဗေဒပါရဂူက
ပွင့်နည်းမမှန်လို့ ဝေဖန်နေပုံများ
ပန်းပွင့်တွေခမျာလည်း ခြေလှမ်းမှားလိုမှား

ကဗျာဆိုတာလည်း ဒီလိုပဲလို့
ကျွန်တော်မပိတ်တော့ဘူး၊ ဖြစ်တယ်မဟုတ်လား။

တေဇာ (လရောင်လမ်း)
Theme: Criticism Prose

Comments

  1. ဖြစ်တယ် အစ်ကို ဖြစ်ပါတယ်.. ဘာအရောင် ခြယ်ခြယ်ပေါ့. သူ့အပူစစ်စစ်ပဲ။

    ReplyDelete
  2. ဖြစ်တယ် ဖြစ်တယ် ထိုင်းလိုပြောရင် ( လင့်ဆွန်သွား ) အီးလိုဆို သစ်အစ်မိုင်ကေ့ ပေါ့ ဟဟားး)

    ReplyDelete
  3. လွတ်လပ်စွာ ပွင့်ဝေခွင့်ပေးလိုက်ပါ
    လွတ်လပ်စွာ ဆေးရောင်ခြယ်ပါစေတော့

    ReplyDelete

Post a Comment