လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

စက်ဘီးစီးခြင်း (The Cycling)

စက်ဘီးကို စဦးတီထွင်ခဲ့သူ အနေနဲ့
စက်ဘီးစီးခြင်းကို သင်ယူလို့ရနိုင်တယ်လို့ ယုံကြည်ခဲ့သလို
ကျွန်တော် အချစ်ကို ယုံကြည်တယ်။

ပြီးတော့ စက်ဘီးစီးခြင်းဟာ
တစ်ကြိမ်တစ်ခါတတ်ပြီးခဲ့ရင်
ဘယ်တော့မှ ပြန်မမေ့နိုင်တော့တဲ့ပညာ ဆိုတာကိုရောပေါ့။

ကျွန်တော် တစ်ခါလောက်တော့ စက်ဘီးစီးတတ်ချင်တယ်။

As the first designer of the bike
Who believed, cycling can be learned,
I believe in love.

And the fact,
Cycling is indelible skill that
You will never forget once you've learned as well.

I wish, I can cycle once in my lifetime.


တေဇာ (လရောင်လမ်း)

4 comments:

မိုးယံ said...

တစ်ချို့ကျတော့ စက်ဘီးအစီးသင်ရင်း အကြိမ်ကြိမ်မှောက်တော့ လက်လျော့ခဲ့ကြတာ အခုထိ ကားမောင်းတတ်ရဲ့သားနဲ့ စက်ဘီးမစီးတတ်ကြဘူး အစ်ကိုရေ။

အန်တီချမ်း said...

လှတယ်

ကိုယ်ကတော့ စက်ဘီး ကို လက်တဘက်လွှတ်ပြီးလဲ စီးတတ်တယ်
လက်နှစ်ဘက်လွှတ်ပြီးလဲ စီးတတ်တယ်
ခေါင်းထောင်ပြီးလဲစီးတတ်တယ်
အရှိန်နဲ့ ဘရိတ်အုပ်ပြီးလဲ ဖင်ထောင်တတ်တယ်

တေဇာ (လရောင်လမ်း) said...

ကြွားပါ့အေ၊ ညည်းကလည်း
ထိပ်ပေါက်ဒူးပြဲတော့ မြင်ယောင်ပါသေးတယ် :P

သဲသောင်ပြင်မှာရော စီးဖူးလား၊ အဲဒါ နင်းရခက်တယ် အားကုန်တယ်
ပြီးတော့ တောင်ဆင်းတောင်တက်တွေ၊ အဲဒါကျတော့ ဂီယာလိုတယ်
ပြီးတော့ ဘီးရာမကျန်အောင်ရော စီးဖူးလား၊ အဲဒါက ကျွမ်းကျင်အဆင့်:D

pandora said...

You wish you could cycle once in my lifetime. huh?
Well.. you can recycle again and again.

Post a Comment