Skip to main content

အတိုးဆုံးကဗျာများ (၃၈)

မျက်လုံး

တစ်ခုခုကို မြင်နိုင်ဖို့ဆိုတာ
အကွာအဝေးတစ်ခု လိုတယ်
ကျွန်တော့် မျက်လုံးတွေဟာ
ဘာအရောင်ပါလိမ့်။

ဖွံ့ဖြိုးဆဲအတိတ်
ဦးတည်ရာကတော့ တစ်ခုတည်း
ဒါပေမဲ့ လမ်းတလျှောက်
ကျောခိုင်းခဲ့ရတဲ့ အရာတွေ များများလာတယ်။

မဖြစ်မနေ ဖြစ်နေရခြင်း

ရွေးချယ်ပိုင်ခွင့်သာ ရှိမယ်ဆိုရင်
ကျွန်တော်ဘာကိုမှ မရွေးခဲ့ဘူး။

အငြင်း

မဟုတ်ပါဘူး
နေ၀င်တယ်ဆိုတဲ့ ကိစ္စမျိုး
တကယ်မရှိပါဘူး။

ဗဟို
လေထီးမပွင့်တာလောက်
ကသိကအောက်နိုင်တာမရှိဘူး
လုပ်ပါဦး
ကမ္ဘာလုံးကြီး ကျွန်တော့်အပေါ်
ပြုတ်ကျလာပြီ။

တေဇာ (လရောင်လမ်း)

Comments

  1. လမ်းတစ်လျှောက် ကျောခိုင်းရမယ့် အရာတွေ များများလာတယ်

    ReplyDelete
  2. ကဗျာလေးတွေက တိုတိုလေးတွေနဲ့ ထိတယ်ဗျာ ခံစားခွင့်ပေးတဲ့အတွက်
    ကျေးဇူးပါ

    ReplyDelete
  3. ကဗျာကောင်းလေးဖတ်ခွင့်ရလို့ကျေးဇူးပါ
    ခံစားအားပေးလျှက်...
    ကောင်းသောနေ့လေးဖြစ်ပါစေ

    ReplyDelete
  4. ဟုတ်ပါတယ် နေဝင်တယ်ဆိုတဲ့ကိစ္စမျိုးတကယ်မရှိပါဘူး။း)

    ReplyDelete
  5. မသိခြင်းများ

    ဘာတွေလဲ ဘာတွေလဲ ဘာတွေလဲ
    တော်ပြီ
    သေချာတာကတော့ အစားနဲ့အအိပ်ပဲ


    စကားမစပ် ဟင်းသစ်ချက်ထားတယ်နော် မလာတာလဲကြာပြီ

    ReplyDelete

Post a Comment