Skip to main content

အခင်းဖြစ်ပွားမှု (Phenomenological)

အဲလိုပဲ ဖြစ်သွားတယ်
ကဲ့ရဲ့ဖို့မဟုတ်၊ ချီးမြှောက်ဖို့မဟုတ်
သေချာတာက အဲလိုပဲ တကယ်ဖြစ်သွားတယ်
အဲဒီဖြစ်စဉ်အတိုင်း ကျွန်တော်လိုက်သွားကြည့်မယ်
အနည်းဆုံး မဆုံးသေးတဲ့အထိ။

Phenomenological

It just happens.
Worthy of neither polemics nor compliments.
The fact is that it really happens.
I will follow the phenomenon,
At least, until it ends.

တေဇာ (လရောင်လမ်း)

Comments

  1. မောင်တေဇာ နောက်ဆုံး အကြောင်း က မြန်မာလို နဲ့အီး လို ကွန်ထရာဒစ်နေလားလို့

    ReplyDelete
  2. အင်္ဂလိပ်လိုမှာတော့ ပြဿနာမရှိဘူးထင်တယ် တီချမ်း။ မြန်မာလိုကို `ဘာသာပြန်ဖတ်´ ဖတ်တဲ့အခါကျတော့ နည်းနည်းလေး ပြောရင် ပြောစရာဖြစ်နေတယ်။ အဲဒါက `အနည်းဆုံး မဆုံးမချင်း´ လို့မသုံးဘဲ၊ `အနည်းဆုံး မဆုံးသေးတဲ့အထိ´ လို့ သုံးလိုက်လို့လည်း ဖြစ်မယ်။

    ဥပမာ-
    I read the poem until its end.
    ဒီကဗျာကို မဆုံးမချင်း (Negative) ဖတ်တယ်၊ (ဒါမှမဟုတ်)
    ဒီကဗျာကို ဆုံးတဲ့အထိ/တိုင်အောင် (Positive) ဖတ်တယ်။

    မြန်မာဘာသာကို ဖလှယ်တဲ့အခါမှာ `မဆုံးမချင်း´ လို့ Negative နဲ့ပြန်ပြန်၊ `ဆုံးတဲ့အထိ´လို့ Positive နဲ့ ပြန်ပြန်၊ အဓိပ္ပာယ် တူတူပဲ ဖြစ်နေတယ်။ မဆုံးမချင်းဖတ်ဖတ်၊ ဆုံးတဲ့အထိ/တိုင်အောင်ဖတ်ဖတ် ကဗျာတစ်ပုဒ်လုံးပြီးအောင် ဖတ်လိုက်တာချင်း တူတယ်။

    နောက်ထပ်ဥပမာတစ်ခုပြောရရင်
    He held the power until his death. ကို မြန်မာဘာသာပြန်မယ်ဆိုရင်
    သူဟာ အာဏာကို မသေမချင်း ဆုပ်ကိုင်ခဲ့တယ်။
    (ဒါမှမဟုတ်)
    သူဟာ အာဏာကို သေတဲ့အထိ/တိုင်အောင် ဆုပ်ကိုင်ခဲ့တယ်။
    (ဒါမှမဟုတ် ကျွန်တော် ကဗျာမှာသုံးထားသလို)
    သူဟာ အာဏာကို မသေသေးတဲ့အထိ ဆုပ်ကိုင်ခဲ့တယ်။

    မြန်မာလိုမှာ Positive/Negative ကွဲနေပေမယ့် `အနက်´မှာ အတူတူချည်းပဲ ဖြစ်နေတယ်။

    You don't know what you can achieve until you try.
    ဒီလိုဝါကျမျိုးကျတော့ `မကြိုးစားသေးတဲ့အထိ´ (ဒါမှမဟုတ်) `မကြိုးစားမချင်း´ လို့ Negative နဲ့ မြန်မာလို ဖလှယ်မှပဲ အဆင်ပြေတာကို တွေ့ရတယ်။ အဲဒါက ရှေ့မှာ Negative (don't know) ပါနေလို့ဖြစ်လိမ့်မယ်။

    ကဗျာက Present Continuous ကိုတော့ will ပြောင်းလိုက်တယ်ဗျာ။ အမြင်မတော်တာရှိရင် နည်းနည်းထောက်ပါ တီချမ်း၊ ကျွန်တော်လည်း သိသလောက်နဲ့ လျှောက်ရေးတယ်။း)

    ReplyDelete
  3. ဟုတ်ကဲ့ ပေါက်ပြီ ကိုကိုတေဇာ ပြောတာကောင်းတယ်

    အမှန်က မဆုံးမချင်း လို့ပြန်ရင် ပိုဘတ်ရတာ ချောမှာ

    မသေသေးတဲ့ အထိ နဲ့ မသေမချင်း ဘတ်ရတာ ကွာသလိုပေါ့ အသုံးကွာတယ် ထင်တာပဲ

    နောက် အက်တစ်ပက်စစ် လေနော် အီး အသုံးမှာက

    ဥပမာ English စစ်တွေ ဆိုရင် i cut my hair လို့ မှ မရေးတာ
    i had my hair cut ဆိုမှ သဒ္ဒါ အရမှန်မယ်လေ အခုနောက်ပိုင်း တော့ တီတို့ ပတ်ဝန်းကျင်မှာ က အမေရိကန် အီး အပျက်တွေ ပဲ သုံးတာများနေတာလဲပါတယ် ခုနောက်ပိုင်းပိုဆိုးတယ် အမေရိကန် ရုပ်ရှင်တွေမှာ အမဲကောင်တွေက စကားပြောရင် he don't she don't တွေ တောင်လာတယ်
    မောင်တေဇာ ကဗျာ တိုတွေမှာ အစကတည်း အီး ကို သဒ္ဒါ မှန်အောင် သုံးတာတွေအတွေ့များတယ် အဖေ့ ဆီက ရတာထင်တယ်

    အခုဟာကတော့ ခုန က ပြောသလို မောင်ရင့် စကားလုံး အသုံးအနှုန်းရွေးချယ်မှုပေါ့ မဆုံးမချင်း လို့ မောင်ရင် သုံးရင် မဆုံးသေးတဲ့ အထိ ထက် ပိုလှမယ် လို့ ကိုယ်ကထင်တယ်

    ဒါက ဘတ်သူဘက်က ခံစားချက် (တခါတခါ စာဘတ်သူက အသိဥာဏ် ရှိတယ် သူစာဘတ်ကျေတယ် လို့ သူ့ကိုယ်သူ ထင်တဲ့ အခါ စာရေးသူ ကို စမ်းတာ တော့မဟုတ်ဘူး စာရေးသူ ကဗျာရေးသူ ရဲ့ လွတ်လပ်ခွင့် ကိုထိပါးတတ်တယ် ကိုယ်လို လူတွေအဖြစ်များတယ် အမှန်ကတော့ မောင်တေဇာ ရေးတာ ကောင်းတယ် ကြည့်တဲ့ ခံစားတဲ့တဲ့ ထောင့်မတူတာပါ)

    မနေနိုင်မထိုင်နိုင် တတ်သလောက် မှတ်သမျှ ပြန်ဆွေးနွေးကြည့်တယ်

    ကြည့်လိုက် ဒီနေရာမှာ တတ်သလောက် မှတ်သလောက် လို့ ပဲ သုံးရင် ရတယ် ကိုယ်က မှတ်သမျှ လို့ကွန့်သုံးတယ်

    ပြန်ဆွေးနွေးကြည့်တယ် လို့ ပညာရှိချင်ယောင်ဆောင် (ဟန်ဆောင်) ပြီး ရေးသေးတယ်

    ReplyDelete
  4. mg tay zar if u agree i would like to post this comments at my blog
    including ur poem of course with ur link stated.

    only if u agree
    i think this is a good conversation and i think it will benefits some people at least, see i am being proud again...

    ReplyDelete
  5. အိုကေ နော် အဲ့တာဆို လုပ်ချလိုက်တော့မယ်

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ