Skip to main content

ကြွေ

ဖြစ်နိုင်ခြေနဲ့ ပစ္စက္ခဟာ
အတူတကွ ငြိမ်သက်


အချိန်မရွေးကျကွဲသွားနိုင်တဲ့
ကျွတ်ဆတ်ဆတ် ကြွေထည်ကလေး
အစွန်းမှာရပ်
ကော်ဖီပူပူတွေကို လုံခြုံအောင်
အကြားအလပ်မရှိ သူပွေ့ဖက်ထားပုံက
ငြိမ်သက်လို့။

တေဇာ (လရောင်လမ်း)
ဂျူလိုင်၊ ၂၀၁၁

Comments

  1. ငြိမ်သက်နေပေမဲ့ အပူတွေ လုံခြုံအောင် ပွေ့ဖက်ထားရတာလား..

    ReplyDelete
  2. သည်းခံစိတ်တော်တော်ရှိတဲ့
    ကြွေထည်ခွက်လေး...။
    အဲ့သည်လို လူတွေ မြင်ဖို့
    သူ့မှာ အောင့်အည်းနေရရှာတာ...။

    ReplyDelete
  3. လှလိုက်တဲ့ကဗျာ...တစ်ခါမှကို မတွေးခဲ့ဖူးတာ...

    ReplyDelete

Post a Comment