Skip to main content

ကွေ့ကောက်သော လမ်း

လမ်းတွေက ကွေ့ကောက်တော့
လှမ်းမျှော်ကြည့်လိုက်ရင် တစ်ခါတခါ
ဦးတည်ရာပန်းတိုင်ဆီက ဘေးချော်နေပြီလို့
 မြင်ရတယ်။

ဒီအတွက် ပန်းတိုင်ဆီကို ဦးတည်ပြီး
ကောက်ကွေ့လိုက်ပြန်ရင်လည်း
လမ်းပေါ်က ဘေးချော်သွားတော့မှာ။

တခြားစီဖြစ်နေတဲ့ ရွာငယ်လေးတွေ
အများကြီးဘေးနားက ဖြတ်စီးပေးချင်လို့
ကောက်ကွေ့ရတာပါတဲ့၊
မြစ်ကတော့ ဆင်ခြေပေးပါတယ်။

သူ့အနေနဲ့ကတော့ ဘယ်တော့မှ
လမ်းချော်စရာ မရှိဘူးကိုး။

ကျွန်တော်ကတော့ ၀န်ခံချင်တယ်၊

ကိုယ်ဟာ မင်းဆီရောက်ဖို့ ရည်ရွယ်ကာ
ကွေ့ကောက်ခဲ့ရပါတယ်။

တေဇာ (လရောင်လမ်း)
သြဂုတ်၊ ၂၀၁၂
Image: http://darknee.deviantart.com

Comments