ကလေးဘ၀က လဟာ
ကိုယ့်နောက်ကိုပဲ လိုက်တာလို့ ထင်ခဲ့တယ်
အမေ့ကို မေးကြည့်ဖူးတယ်
လကြီးက ဟိုဘက်ကိုသွားတဲ့ လူတွေနောက်မလိုက်ဘူး
သားတို့နောက်ပဲ လိုက်တာနော်လို့၊
အမေက ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။
အခုတော့ လဟာ
ကိုယ့်နောက်ကို လိုက်တယ် ထင်ရရုံပဲလို့
တစ်ယောက်တည်း သိလိုက်ရတယ်
ခေါင်းညိတ်ထောက်ခံတဲ့ အပြုံးတစ်ခု
ရှာမတွေ့ခဲ့ဘူး
နောက်မှာ လမင်းကြီးကျန်ခဲ့သူအဖို့
တစ်ခုခုမြင်ရဖို့ သိပ်ကိုမှောင်နေပြီ။
ပိတ်မိနေတဲ့ လရိပ်မှာ
အခုငါ ဘာဖြစ်နေမှန်း မသိရသလို
ငယ်ငယ်ကငါ သိပ်ပျော်ဖူးခဲ့မှာပဲ၊
လရောင်ကို အပိုင်စီးထားတဲ့
ယုံမှားမှု ခိုင်ခိုင်မာမာနဲ့။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ၊ ၂၀၁၂
ကိုယ့်နောက်ကိုပဲ လိုက်တာလို့ ထင်ခဲ့တယ်
အမေ့ကို မေးကြည့်ဖူးတယ်
လကြီးက ဟိုဘက်ကိုသွားတဲ့ လူတွေနောက်မလိုက်ဘူး
သားတို့နောက်ပဲ လိုက်တာနော်လို့၊
အမေက ပြုံးပြီး ခေါင်းညိတ်ပြခဲ့တယ်။
အခုတော့ လဟာ
ကိုယ့်နောက်ကို လိုက်တယ် ထင်ရရုံပဲလို့
တစ်ယောက်တည်း သိလိုက်ရတယ်
ခေါင်းညိတ်ထောက်ခံတဲ့ အပြုံးတစ်ခု
ရှာမတွေ့ခဲ့ဘူး
နောက်မှာ လမင်းကြီးကျန်ခဲ့သူအဖို့
တစ်ခုခုမြင်ရဖို့ သိပ်ကိုမှောင်နေပြီ။
ပိတ်မိနေတဲ့ လရိပ်မှာ
အခုငါ ဘာဖြစ်နေမှန်း မသိရသလို
ငယ်ငယ်ကငါ သိပ်ပျော်ဖူးခဲ့မှာပဲ၊
လရောင်ကို အပိုင်စီးထားတဲ့
ယုံမှားမှု ခိုင်ခိုင်မာမာနဲ့။
တေဇာ (လရောင်လမ်း)
စက်တင်ဘာ၊ ၂၀၁၂
Comments
Post a Comment