Skip to main content

မိုးသည်းထန်စွာရွာသွန်းပြီး နောက်တစ်နေ့

အစကတော့ တိမ်လိုလွင့်မျှောမယ်
ရေးဆွဲခဲ့တဲ့ ကင်းဗတ်စပေါ်
အခုတော့ ရေအိုင်ကြီးအကွက်လိုက် စွန်းနေတယ်

အနမ်းတွေမှာ အနာဂတ်မရှိဘူး
ကတိက ပြင်မရတော့အောင်
ပျက်သွားတယ်

ညကပြောမိတဲ့ စကားတွေမှားတယ်
နောက်ဆို ချရေးမိတဲ့စာသားတွေကို
ဂရုစိုက်ရတော့မယ်
မှတ်ဉာဏ်အချို့ အရက်နာနဲ့ပါသွားလို့တော့
ဝမ်းသာတယ်

သူ, မနိုးခင် မှန်မှာ
ဗေဒါရောင်နှုတ်ခမ်းနီနဲ့ ရေးမိခဲ့တဲ့ကဗျာ
တစ်ယောက်တည်း ထွက်မလာခင်မှာပဲ
ပြန်ဖျက်လိုက်တယ်
တံခါးပိတ်သံ သဲ့သဲ့

ကျေးဇူးတင်ပါတယ်၊
ဒီနှစ်ပစ်ခဲ့သမျှ မိုးကြိုးတွေ
ငါနဲ့ တက်တက်စင်အောင် လွဲနေသေးတယ်။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ၊ ၂၀၁၂

Comments

  1. ဟုတ်တယ် ... ညက ပြောမိတဲ့ စကားတွေ မှားတယ်

    ReplyDelete

Post a Comment