ဒါကတော့ သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်သွားတဲ့ အကြောင်းပဲ။ သောက်ဖော်သောက်ဖက်တွေဟာ အနှေးနဲ့အမြန် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်သွားတတ်တာချည်းပဲ။ ပုံမှန်အဆက်အသွယ်လုပ်ပြီး မြို့ထဲက အရက်ဘားအများအပြားကို သူတို့ ရောက်ဖြစ်ကြတယ်၊ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ သောက်ဖို့စားဖို့ကိစ္စသက်သက်ပဲ အမြဲတမ်းဖြစ်ခဲ့တယ်၊ တစ်ခါမှ ထမင်းလက်ဆုံ အတူတူမစားဖူးဘူး။ သူတို့ပေါင်းသင်းမိတဲ့ ကာလတစ်လျှောက်လုံး၊ အရက်ဘားတွေမှာရောင်းတဲ့ မုန့်တွေကိုပဲ တာကာသျှူကီ စားနေတာ ကာဖုကု မြင်ခဲ့ဖူးတယ်။ ဒီလူ ပုံမှန်ထမင်းဟင်းရော စားရဲ့လားမသိဘူးလို့ ကာဖုကုတွေးမိတဲ့အထိပဲ။ တစ်ခါတလေ ဘီယာသောက်တာကလွဲလို့ တာကာသျှူကီက ၀ီစကီကိုပဲ စွဲစွဲမြဲမြဲသောက်လေ့ရှိတယ်၊ သူ့စိတ်ကြိုက် မော့လ်ဝီစကီတံဆိပ်အမျိုးမျိုးပဲ။ သူတို့စကားဝိုင်းက အကြောင်းအရာတွေတော့ စုံတယ်၊ ဒါပေမဲ့ ကာဖုကုမိန်းမ သေတဲ့အကြောင်းဆီပဲ နောက်ဆုံးမှာ မပျက်မကွက်ပြန်ရောက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် သူတို့လင်မယားအတူတကွရှိနေတုန်းက ဇာတ်လမ်းတွေကို ကာဖုက ပြန်ဖောက်သည်ချတဲ့ အချိန်တွေဆို တာကာသျှူကီက စိတ်ဝင်တစား နားထောင်နေတတ်တယ်၊ အဲဒီဇာတ်လမ်းတွေကို တိတ်တဆိတ် ခိုးယူသိမ်းဆည်းေ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။